By Aye Sandar, Shweproperty.com
Updated at 28 January 2021
ဝင်ငွေနည်းပါး ပြည်သူများ နေထိုင်နိုင်မည့် ပြည်သူ့အငှားအိမ်ရာစီမံကိန်းကို အချိန်တိုအတွင်း အကောင်အထည်ဖော်လုပ်ဆောင်ရာတွင် လုံလောက်သော မြေနေရာရရှိရေး၊ အင်ဂျင်နီယာပိုင်းဆိုင်ရာ နည်းပညာအခက်အခဲများဖြေရှင်းနိုင်ရေး၊ ကာကွယ်ရေးအခြေခံ အဆောက်အအုံဖြစ်မြောက်ရေး စသည်ဖြင့် လုပ်ငန်းပိုင်းဆိုင်ရာလိုအပ်ချက်များကို ဖြေရှင်းပေးနိုင်ရန် တိုင်းဒေသကြီးဝန်ကြီးများနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများအနေဖြင့် ကြိုးပမ်းအားထုတ်ဖော်ဆောင်လျက်ရှိကြောင်း သိရသည်။ တည်ဆောက်ရေးလုပ်ငန်းများအား မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ် (MCEF)၊ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်း (MLCA)နှင့် မြန်မာ့မြို့ပြနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး လုပ်ငန်းရှင်များအသင်း (MDA) တို့မှ လုပ်သားအင်အား ၁ သောင်း ၈ ထောင်ကျော်ဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် အဆောက်အဦးလုပ်ငန်းများ၏ ၂၅ ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။ ဆက်လက်ပြီး ကိုဗစ်ကာလအတွင်း စီးပွားရေးအခြေအနေပြန်လည်ကုစားရန် ရည်ရွယ်ကာ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရန်နှင့် ဝင်ငွေနည်းပါးပြည်သူများ အဆင်ပြေစေရန်ပါ ပြည်သူ့အငှားအိမ်ရာစီမံကိန်းများကို အဓိကမြို့ကြီးများတွင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ နေပြည်တော်တွင် အိမ်ရာအခန်းပေါင်း ၇၀၄ ခန်း၊ ရန်ကုန်တိုင်း ဒဂုံမြို့သစ်တောင်ပိုင်းတွင် အခန်းပေါင်း ၆၂၈၈ ခန်း၊ မန္တလေးမြို့၊ ပုသိမ်မြို့နယ်တွင် အိမ်ရာအခန်းပေါင်း ၃၀၀၈ ခန်းကို ဆောက်လုပ်သွားဖို့လည်း ရှိသည်ဟု ဆိုပါသည်။ အဆိုပါ အငှားအိမ်ရာစီမံကိန်းဆွေးနွေးပွဲသို့ နေပြည်တော်မှ ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေး စီမံကိန်း ဦးစီးကော်မတီဉက္ကဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးဟန်ဇော်၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း၊ အမြဲတမ်း အတွင်းဝန် ဦးရွှေလေး၊ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်၊ မန္တလေးတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ အသင်းချုပ် ၃ ခုတို့မှ ဉက္ကဌတို့က video conference စနစ်ဖြင့် ချိတ်ဆက်တက်ရောက်ခဲ့ကြသည်ဟု ဆိုသည်။ ဆက်လက်ပြီး ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ပေးရန် MCEF, MLCA, MDA အသင်းများမှ အစွမ်းကုန်ကြိုးစား ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ပြီး၊ မြေပြင်လုပ်ငန်းတိုးတက်မှုများ၊ လုပ်ငန်းအခက်အခဲများကို ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးရန်ပါ ဆွေးနွေးခဲ့သည်ဟု သိရသည်။ ပြည်သူ့အငှားအိမ်ရာစီမံကိန်းအတွက် လိုအပ်သော ဘဏ္ဍာငွေများအနက် (၂၀၁၉- ၂၀၂၀) ပိုလျှံ ရန်ပုံငွေကျပ် ဘီလီယံ ၁၃၀ ရရှိထားပြီး ကျန်ငွေများကိုတော့ MCEF, MLCA, MDA တို့မှ စိုက်ထုတ်၍ အဆောက်အဦးများနှင့် အခြေခံအဆောက်အအုံသစ်များ တည်ဆောက်ရေးလုပ်ငန်းများကို အချိန်မှီပြီးစီးနိုင်ရန် အစိုးရအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာလုပ်ငန်းရှင်တို့ ပူးပေါင်းလုပ်ဆောင်ရန် အရေးကြီးသည်ဟု ပြောကြားသွားပါသည်။ နောက်ဆုံးရ သတင်းများ မြို့ကြီး ၃ မြို့နယ်တွင် အငှားအိမ်ရာ အခန်းပေါင်း ၁သောင်းကျော် အကောင်အထည်ဖော် ဆောင်ရွက်ရန်ရှိ အိမ်ခြံမြေဆိုင်ရာ SERVICE COUNTER ပါဝင်သည့် မန်းလေးစည်ပင်သာယာ အဆောက်အအုံသစ် မကြာမီ ဖွင့်လှစ်မည် လူနေအိမ်ရာများ၊ ရုံးခန်းများနှင့် စက်မှုဇုန်များပါဝင်မည့် AMATA SMART AND ECO CITY စီမံကိန်းဆောင်ရွက်နေ ပြီးခဲ့သည့် နိုဝင်ဘာလဆန်းက တည်ဆောက်ပြီးစီးထားသော နိုင်ငံ့ဝန်ထမ်းအိမ်ရာ မကြာခင်တွင် စတင်ဖွင့်လှစ်မည် Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ