By SFJ Strategy First, Shweproperty.com
Updated at 1 November 2017
ရွှေပြည်သာတန်ဖိုးနည်းအိမ်ရာ မဲပေါက်သူတွေ ငွေသွင်းကြဖို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် စက်မှုလမ်းနဲ့ပိတောက်လမ်းထောင်ရှိ ယင်းအိမ်ရာစီမံကိန်းအတွင်း တိုက်ခန်းပေါင်း ၁၉၁ ခန်းပါဝင်ပြီး ယင်းတန်ဖိုးနည်းအိမ်ရာမဲပေါက် ထားသူတွေအနေနဲ့ အခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့နောက်ဆုံးထားပြီး တိုက်ခန်းဖိုငွေသွင်းဖို့ အသိပေးလိုက်တာလည်းဖြစ်ပါတယ်။
တိုက်ခန်းမဲပေါက်သူတွေကို ပြီးခဲ့တဲ့နှစ် မတ်လကုန်ပိုင်းကတည်း လင်ငင်းငွေပေးသွင်းပြီး တိုက်ခမ်းလက် ရောက်ယူဖို့တိုက်တွန်းထားပေမယ့် ယနေ့အထိလာရောက်ပေးသွင်းခြင်းမရှိတာကြောင့် တိုက်ခန်းဖိုငွေသွင်းဖို့ ထပ်မံအသိပေးလိုက်တာလည်းဖြစ်ပါတယ်။
သတ်မှတ်ရက်အတွင်း တိုက်ခန်းတန်ဖိုးလာရောက်ပေးသွင်းခြင်းမရှိသူတွေကို တိုက်ခန်းဝယ်ယူခွင့်ရရှိသူစာရင်း မှပယ်ဖျက်သွားမှာဖြစ်တယ်လို့သိရပါတယ်။အစိုးရဝန်ထမ်းအငြိမ်းစားများနဲ့ ဝင်ငွေနည်းပြည်သူတွေအတွက် အကောင်အထည်ဖော်ခဲ့ယင်းတန်ဖိုးနည်းအိမ်ရာဝယ်ယူဖို့လျှောက်ထားခဲ့သူအရေအတွက် ၅၆၀၀ ကျော်အထိရှိခဲ့တယ် လို့သိရပါတယ်။
တိုက်ခန်းမဲပေါက်သူ အများစုက ဝင်ငွေနည်းသူတွေဖြစ် တာကြောင့် ငွေအကျေပေးသွင်းဖို့ အခက်အခဲရှိနေတယ်လို့လည်း ဝယ်ယူခွင့် ရထားသူတွေထံကသိရပါတယ်။
Ref & Photo Credit : SFJ Strategy First
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ