By The Kumudra, Shweproperty.com
Updated at 19 May 2015
ပြည်လမ်းပေါ်မှာ တည်ဆောက်မယ့် Pyay Residence Tower နဲ့ Office Tower မှာအထပ်ပေါင်း (၃၀) ပါရှိမယ်လို့ သိရပါတယ်။
“လက်ရှိက အိမ်ခြံမြေဈေးကွက်အေးနေတာလဲ ပါတော့ တကယ်နေထိုင်မယ့် သူတွေလောကပဲ Residence ကိုစိတ်ဝင်စားကြတယ်၊ Office Tower ဘက်မှာတော့ ရုံးခန်းဖွင့်ချင်တဲ့သူ တော်တော်များများ စိတ်ဝင်စားတာတွေ့ရတယ်”လို့ Pyay Residence Tower and Office Tower မှ Assistance Marketing Senior ကိုတင်ကိုဝင်းက ပြောပါတယ်။
၎င်းစီမံကိန်းကို ခုလက်ရှိ ပိုင်စတင်တူးနေပြီဖြစ်ပြီး (၂၀၁၇)ဒီဇင်ဘာမှာ အပြီးတည်ဆောက်မှာ ဖြစ်ပါတယ်။ Residence ကတော့ လာမယ့်လာမယ့် စက်တင်ဘာလမှာ စတင်ကာ တည်ဆောက်မှာ ဖြစ်ပါတယ်။ (၂၀၁၈) ဒီဇင်ဘာမှာ စတင်တည်ဆောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။
ဈေးနှုန်းတွေကတော့ Residence ဆိုရင် ကိုယ်ပိုင်ဓါတ်လှေကား ပါဝင်မယ်ဆိုရင် တစ်ပေပတ်လည်ကို ကျပ် (၅၁၈,၀၀၀) ဖြစ်ပါတယ်။ ဓါတ်လှေကားပါရင် ကျပ် (၅၁၅,၀၀၀) ဖြစ်ပါတယ်။
Office Tower ကတော့ တစ်ပေပတ်လည်ကို ကျပ် (၆၈၅,၀၀၀) ကနေအရောင်း စဖွင့်ပြီး အခန်းအမျိုးအစားပေါ် မူတည်ပြီး ဈေးနှုန်းကွာခြားတယ်လို့ သိရပါတယ်။
Residence က အထပ်ပေါင်း (၃၀) ဖြစ်ပြီး အခန်းပေါင်း (၂၁၉) ခန်းပါဝင်ကာ ကားပါကင်အတွက် ကားစီးရေ (၂၀၀) ကျော်ရပ်နား နိုင်တယ်လို့ သိရပါတယ်။ Office Tower ကတော့ အထပ်ပေါင်း (၂၃) ထပ်ဖြစ်ပြီး ရုံးခန်းဖွင့်မယ့်သူတွေအတွက် အရောင်းလည်း ရှိတယ်လို့ သိရပါတယ်။
Ref : The Kumudra
Posted by - Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ