ဆောက်လုပ်ရေးဝန်ကြီးဌာန နှင့်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှု ၊ လွှတ်တော် ကိုယ်စားလှယ်များ၏ ညှိနှိုင်းပေါင်းစပ်မှုတို့ဖြင့် Yangon Metropolitan Development Public Co. Ltd နှင့် M.K.T ConstructionCo.Ltd တို့တာဝန်ယူတည်ဆောက်ပြီးစီးခဲ့သော ပုဇွန်တောင်မြို့နယ် ၊ အမှတ် (၃)ရပ်ကွက် ၊ အောက်ပုဇွန်တောင်လမ်းရှိ ပြည်တော်သစ်ပြည်သူ့အိမ်ရာအထပ်မြင့်အဆောက်အဦ ဖွင့်ပွဲ ကျင်းပခဲ့သည်။

ပြည်တော်သစ် ပြည်သူ့အငှားအိမ်ရာကို ပုဇွန်တောင်မြို့နယ် အောက်ပုဇွန်တောင်လမ်း ရှိ မြေဧရိယာ ၄.၃၄၈ ဧက ပေါ်တွင် ၁၉၅၅ ခုနှစ်က ဆောက်လုပ်ခဲ့ပြီး အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ ပျက်စီးယိုယွင်းလာသည့်အတွက် နေထိုင်သူများ၏ တောင်းဆိုမှု၊ လွှတ်တော်ကိုယ်စားလှယ်များ၏ တက်ကြွစွာ ပေါင်းစပ် ညှိနှိုင်းမှုများအရ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တို့ အကြား ညှိနှိုင်းပေါင်းစပ်၍ ပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် စီမံခဲ့ပါသည်။



အဆိုပါ ပြည်တော်သစ် အိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေး စီမံကိန်းကို တိုင်း‌ဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ Yangon Metropolitan Development Public  Co., Ltd က Developer အဖြစ် တာဝန်ယူဆောင်ရွက်၍ M.K.T ကုမ္ပဏီမှ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။

အဆောက်အအုံ တည်ဆောက်နေစဉ်အတွင်း၌လည်း မူလ‌‌ နေထိုင်သူ ပြည်သူ ၁၄၂ ဦး အတွက် ၂နှစ်စာ ယာယီနေထိုင်ခွင့်စရိတ်နှင့် ရွေ့ပြောင်းစရိတ်များ ပံ့ပိုးထားရှိသည့်အပြင် တည်ဆောက်ရေး လုပ်ငန်းများ ပြီးစီးပါက ၁၂ ထပ်ခွဲ အဆောက်အအုံ တွင် အခန်းအကျယ် (၆၅၀) စတုရန်းပေမှ စတင်၍ မူလအခန်းအကျယ်အဝန်းအလိုက် ပြန်လည် နေရာချထားပေးသွားမည်ဖြစ်ပါသည်။

အဆိုပါ စီမံကိန်းတွင် အပိုင်း ၂ ပိုင်း ပါဝင်ပါသည်။ မူလနေထိုင်သူတွေကို ပြန်လည်နေရာ ချထားမည့်အပိုင်းနှင့် ပုဂ္ဂလိက ရင်းနှီးမြုပ်နှံမှု ဖိတ်ခေါ်တဲ့ အပိုင်းတို့ ဖြစ်ပြီး  ယခု တည်ဆောက်ပြီးစီးသဖြင့် ဖွင့်ပွဲအခမ်းအနား ကျင်းပသည်မှာ မူလနေထိုင်သူတွေကို အရင် ပြန်လည်နေရာချထားဖို့ ဖြစ်ပြီး ဇွန်လ ကျောင်းဖွင့်ချိန်အမီ ပြီးစီးဖို့ ရည်မှန်းဆောင်ရွက်ခဲ့သော်လည်း ကိုဗစ်ကြောင့် လအနည်းငယ်နှောင့်နှေးခဲ့ရခြင်း ဖြစ်သည်။


 ယခုပြီးစီးသွားသည့် အဆောက်အဦမှ ထွက်ရှိလာမည့် အိမ်ခန်းအားလုံးကို မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနထံသို့ လွှဲပြောင်းပေးအပ်မှာ ဖြစ်ပြီး ၎င်းဦးစီးဌာနမှတစ်ဆင့် မူလနေထိုင်သူတွေကို ပြန်လည်နေရာ ချထာပါသည်။


စီမံကိန်း Master Plan အရ  စီမံကိန်းပထမအဆင့်တွင် မူလနေထိုင်သူ ပြည်သူများအား ပြန်လည် နေရာချထားပေးမည့် ၁၂ ထပ်ခွဲ လူနေအဆောက်အဦ တစ်လုံး တည်ဆောက်ရန်နှင့် စီမံကိန်း ဒုတိယအဆင့်တွင် အဆင့်မြင့် လူနေ အဆောက်အဦများ၊ ဈေးဝယ်စင်တာနှင့် စီးပွားရေးဆိုင်ရာ အဆောက်အဦများကို ဆက်လက် ဖော်ဆောင်သွားရန် စီမံထားရှိပါသည်။ 



စီမံကိန်း ဒုတိယအဆင့် ဖော်ဆောင်သည်နှင့် တစ်ပြိုင်နက် ပုဇွန်တောင်ချောင်း၏ ရှုခင်းသဘာဝနှင့် ကမ်းနားအလှအပတို့ကို အကျိုးရှိထိရောက်စွာ အသုံးချ၍ အများပြည်သူအတွက် အနားယူ အပန်းဖြေနိုင်မည့် ဥယျာဉ်များပါဝင်လာမည့်အပြင် Yangon Water Bus နှင့် Yangon Bus Service တို့ကို ချိတ်ဆက်၍ အနာဂါတ် Transit Oriented Development အဖြစ် ပေါ်ထွန်းလာစေနိုင်ရန်လည်း ရည်မှန်းထားရှိပါသည်။


ယနေ့ ဖွင့်လှစ်လိုက်သည့် ပြည်တော်သစ် ပြည်သူ့အိမ်ရာ၊ ၁၂ ထပ်ခွဲ လူနေ အဆောက်အဦမှာ COVID-19 ကမ္ဘာ့ကပ် ရောဂါ ကူးစက် ပြန့်ပွားနေသည့် အခြေအနေများကြောင့် မူလက စီစဉ်ထားသည်ထက် သုံးလ နီးပါး နောက်ကျခဲ့ရသော်လည်း စတင်တည်ဆောက်ချိန်မှ တစ်နှစ်နှင့် ရှစ်လအကြာ (၃၁.၈.၂၀၂၀) နေ့တွင် တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးခဲ့သဖြင့် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် မူလနေထိုင်သူ ပြည်သူများထံ အိမ်ခန်းများ ပြန်လည် နေရာချထားခဲ့ပြီး ဖြစ်ပါသည်။



နောက်ဆုံးရ သတင်းများ


နေပြည်တော်အိမ်ခြံမြေဈေးကွက်အလားအလာ


အမြန်လမ်းဖောက်လုပ်ရာတွင် လယ်ယာမြေ သိမ်းဆည်းခံခဲ့ရသည့် တောင်သူများအတွက် နစ်နာကြေး ကျပ်သိန်း ၃၀၀ ကျော်ပေးအပ်


စက်ရုံလုပ်သားတစ်သိန်းကျော် အလုပ်အကိုင်ရရှိနိုင်မည့် ထန်းတပင်စက်မှုဇုန်စီမံကိန်း


သီလဝါအထူးစီးပွားရေးဇုန်ကဲ့သို့ ကိုရီးယား၊ ထိုင်း၊ စင်ကာပူတို့နှင့် ဖက်စပ်စီးပွားရေးဇုန်များ ဆက်အကောင်အထည်ဖော်မည်ဟုဆို


Photo Credit : Myanmar Builder Guide
Posted By : Sint Sint (ShweProperty.com)