By စိုင်းသာအောင်, Shweproperty.com
Updated at 24 December 2011
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်တွင် စိုက်ပျိုးမြေများကို စိုက်ပျိုးခြင်းမပြုဘဲ ခြံကွက်များ ပြုလုပ်ရောင်းချပါက စိုက်ပျိုးရေးဝန်းကြီဌာန ကြေးတိုင် နှင့် မြေစာရင်းဦးစီးဌာန၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုအဖွဲ့မှတရားစွဲဆို၍ အရေးယူသွားမည်ဖြစ်ကြောင်း သတင်ရရှိသည်။
ပြင်ဦးလွင်မြို့တွင် ရတနာပုံ ဆိုက်ဘာစီတီးတည်ဆောက်ခြင်း၊ ပြင်ဦးလွင်-မိုးကုတ်လမ်းဖောက်လုပ်ခြင်း၊ ရွှေပုစွန်ကွက်သစ်တည်ဆောက်ခြင်း၊ အာရှအဝေးပြေးလမ်းမကြီး ဖောက်လုပ်ခြင်း၊ ၂၀၀၉ ခုနှစ်က မန္တလေးမြို့ အပူလိုင်းဖြတ်ခြင်းတို့ကြောင့် မြေကွက်များ ဝယ်လိုအားကောင်းခဲ့ကာ မြေကွက်ဈေးနှုန်းများ အဆမတန်တက်ခဲ့ကြောင်းမြို့ခံများထံမှသိရသည်။
ပြင်ဦးလွင်မြို့တွင် ၂၀၀၀ ပြည့်နှစ်က ကော်ဖီနှင့် ရာသီလိုက်သီးနှံများ ဖြစ်သော စပါး၊ ပဲမျိုးစုံ၊ ကြံ တို့စိုက်ပျိုးရန် မြေလွတ်မြေရိုင်းများကို အနည်းဆုံး ၁၀ ဧကမှ အများဆုံး ဧက ၂၀၀ ခန့်အထိ စိုက်ပျိုးရေး ဝန်ကြီးဌာန မြေလွတ် နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟို အဖွဲ့က ချထားပေးခဲ့သည်။ ကော်ဖီစိုက်ပျိုးရန်အတွက် ချထားသော မြေကွက်ကို ကော်ဖီသာစိုက်ပျိုးရန် ခွင့်ပြုကြောင်း ရောင်းချခွင့် လုံးဝမပြုကြောင်း အလားတူရာသီလိုက်သီးနှံများ ဖြစ်သော စပါး၊ ပဲမျိုးစုံ၊ ကြံ၊ နေကြာ တိုးချဲ့စိုက်ပျိုးရန်အတွက် ယခုအခါ အဆိုပါမြေကွက်များကို အကွက်ရိုက်ပြီးအိမ်ရာများ အတွက်ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိသဖြင့် အရေးယူဆောက်ရွက်သွားမည်ဖြစ်ကြောင်း ပြင်ဦးလွင်မြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဝင် တစ်ဦးက 7DayNews သို့ပြောသည်။
ပြင်ဦးလွင်း-မိုးကုတ်လမ်း တွင် မိုင်တိုင်(၁) ၌ ယခင်က တစ်ဧကကျပ်သိန်း ၂၀ ရှိရာမှ ယခုအခါ တစ်ဧက ကျပ်သိန်းပေါင်း ၂၅၀ သို့လည်ကောင်း၊ ကော်ဖီမြေများ ကိုလည်း ပြင်ဦးလွင်မြို့နှင့် နီးသလို ဈေးကောင်းရလျှင်ရောင်းချနေကြပြီး မန္တလေး-ပြင်ဦးလွင် လမ်းတွင်လည်း ၂၁ မိုင်မှ အနီးစခန်းအထိ လမ်းလေးဝဲယာ မြေကွက်များ ရောင်းရန်မရှိဘဲ ဝယ်ယူကလည်းဈေးနှုန်းများ ခေါင်ခိုက်နေကြောင်းပြင်ဦးလွင်မြို့ မြေအကျိုးဆောင် တစ်ဦးကပြောသည်။
မန္တလေး-ပြင်ဦးလွင် လမ်းတွင် ရတနာပုံဆိုက်ဘာစီးတီးနှင့် နီးသော ပင်စာ၊ ကျုံဒိုး၊ ထုံးတောင် အောင်ချမ်းသာတို့တွင် မြေဈေးကောင်းပြီး စည်သာ၊ အနီးစခန်း တို့တွင်လည်းမြေကွက်များ အရောင်းအဝယ်လိုက် ရောင်းကောင်းလျက်ရှိသည်။
စိုက်ပျိုးရေးဝန်ကြီးဌာန၊ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက “မြေလွတ်၊ မြေလပ်၊ မြေရိုင်းတွေကို ကော်ဖီ၊ စပါး၊ ကြံ၊ ပဲမျိုးစုံတို့ စိုက်ပျိုးပေးဖို့ ချထားပေးပါတယ်။ ဒါပေမယ့် တချို့က လုံးဝမစိုက်ပျိုးဘဲ ခြံကွက်တွေခက်ပြီး၊ မြေကွက်ပြန်ရောင်းစားတာကတော့ မဖြစ်သင့်ပါဘူး” ဟုပြောသည်။
Source : 7Days News
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ