By The Voice Weekly, Shweproperty.com
Updated at 21 March 2012
စိုက်ပျိုးမြေများကို အကွက်ရိုက်၍ မရောင်းရဟု ကြေငြာထားသော ဆိုင်းဘုတ်များကို လွန်ခဲ့သော သုံးပတ်ဝန်းကျင်တွင် သက်ဆိုင်ရာက လာရောက်ဖြုတ်သိမ်းသွားကြောင့် ပြင်ဦးလွင်မြို့နယ် ပြင်စာနှင့် သုံးတောင်ရွာများ တစ်ဝိုက်ရှိ ခြံမြေများ ယခုရက်ပိုင်းအတွင်း အရောင်းအဝယ် ပြန်လည်လှုပ်ခတ်လာကြောင်း မန္တလေးနှင့် ပြင်ဦးလွင်မြို့နယ်ရှိ အိမ်၊ ခြံ၊ မြေလုပ်ငန်းရှင်များထံမှ သိရှိရသည်။နွေရာသီပူပြင်းချိန်တွင် ပြင်ဦးလွင်မြို့သို့ အပူရှောင်ရန်နှင့် ခြံများစိုက်ပျိုးရန်တို့အတွက် အဝယ်လိုက်ခြင်းလည်း ဖြစ်နိုင်ကြောင်း၊ ယခု အရောင်းအဝယ်ဖြစ်နေသော ခြံမြေများမှာ ဧကကွက်များကို ပြန်ပိုင်း၍ ရောင်းချသော မြေကွက်များဖြစ်ကြောင်း ယင်းမြို့တွင်နေထိုင်သော အသက် ၄၀ အရွယ် ဦးစိုးမောင်က ပြောကြားသည်။“ပေါက်ဈေးကတော့ မှန်းရခတ်ပါတယ်။ ကြိုက်ရောင်းကြိုက်ဝယ်ပုံစံ ဖြစ်နေတယ်။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ ရောင်းသူဈေးကွက်တော့ ဖြစ်လာပြီ။ လမ်းနဲ့နီးတဲ့ ဧကတွေကတော့ ဈေးအရမ်းမြောက်တယ်။ တစ်ဧကကို သိန်းထောင်ချီပေါက်တယ်။ အတွင်းပိုင်းနည်းနည်း ဝင်ရတဲ့ ဧကတွေကတော့ ဈေးနည်းပါတယ်။ သိန်း ၁၅ ၀ ဝန်းကျင်ပဲရှိတာပါ။ ခုအရောင်းအဝယ်ပြန်ဖြစ်နေတာတော့ တစ်ဧကကိုပြန်ပိုင်းပေးထားတဲ့ ပေလေးဆယ်၊ ခြောက်ဆယ်မြေကွက်တွေပါ။ တစ်ကွက်ကို ၃၅ သိန်း၊ သိန်း ၄၀ ဝန်းကျင်ရှိတဲ့ အကွက်တွေပေါ့” ဟု ၎င်းကရှင်းပြသည်။လွန်ခဲ့သော ငါးလဝန်းကျင်က လမ်းအတွင်းပိုင်းကျသော မြေကွက်များ တစ်ဧကလျှင် ကျပ်သိန်း ၁၅၀ ဝန်းကျင်ဖြင့် အရောင်းအဝယ်သွက်ခဲ့ပြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိများက စိုက်ပျိုးမြေများကို အကွက်မရောင်းရဟု ဆိုင်းဘုတ်များ လာရောက်တပ်ဆင်ထားသောကြောင့် အရောင်းအဝယ် မရှိသလောက်ဖြစ်သွားကြောင်း ပြင်စာရွာမှ အသက် ၄၀ အရွယ် ဒေသခံခြံသမားတစ်ဦးက ပြောကြားသည်။“ခုဟာက လာမေးတာပဲများပါတယ်။ ချိန်ဆနေကြတဲသဘောပေါ့။ မြင်းခြံ၊ မိတ္ထီလာနယ်ဘက် က လူတွေ လာမေးတာများတယ်” ဟု ၎င်းကဆိုသည်။ထိုခြံများတွင် သရက်၊ သံပရာ၊ သစ်မွှေး စသည့် နှစ်ရှည်ခံပင်များကို အဓိကစိုက်ပျိုးကြကြောင်း သိရှိရသည်။Source : The Voice
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ