By Myanmar Property Journal, Shweproperty.com
Updated at 20 July 2013
မန္တလေး-ပြင်ဦးလွင် ကားလမ်း ဘေး အနီးစခန်းနားရှိ လယ်မြေများ ဧကရာချီ ဝယ်ယူမှုများ ရှိနေကြောင်း အိမ်၊ ခြံ၊ မြေ အကျိုး ဆောင်များထံမှ သိရသည်။
မန္တလေး-ပြင်ဦးလွင် ကားလမ်းဘေးရှိ သုံးတောင်၊ ပြင်စာ၊ မြေပုံရွာများရှိ လယ်မြေများ၊ ရွာ မြေများ သာမက တောင်ကုန်းမြေ များပါ ဝယ်ယူမှုများရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
“ပြင်ဦးလွင် လမ်းတစ်လျှောက် က မြေတွေက ဝယ်/ရောင်းတွေ လက်ထဲ ရောက်ကုန်ပြီ၊ ဧကရာချီ ဝယ်တဲ့သူတွေ ရှိတယ်၊ မြေဈေး တွေလည်း တက်ကုန်တယ်၊ သုံး တောင်တို့ ပြင်စာတို့မှာ မပေါက်ဘူးဆိုရင် ပေ ၅၀ x ၁၀၀ ကို သိန်း ၁၅၀ လောက်အထိ ဈေးပေါက်နေတယ်” ဟု အိမ်၊ ခြံ၊ မြေ အကျိုးဆောင် တစ်ဦးက ပြောပြသည်။
ပြင်ဦးလွင်မြို့ရှိ အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ ကြီးမြင့်နေသဖြင့် နွေရာသီတွင် အပူဒဏ်ရှောင်ရှားလိုသူ အများစုမှာ ပြင်ဦးလွင် ရာသီဥတုနှင့် ဆင်တူသည့် အနီးစခန်းဝန်းကျင်ဒေသများ၌ ဝယ်ယူလာကြခြင်းမှာလည်း ယင်းဒေသ၏ အိမ်၊ ခြံ၊ မြေ ဈေးနှုန်းကြီးမြင့်စေသည့် အချက်တစ်ခုဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ရင်းနှီးမြÀုပ်နှံသူများ အလုံးအရင်း ဖြင့်ဝယ်ယူနေသဖြင့် ဈေးကွက်ကောင်းမွန်လာပြီး ဈေးနှုန်းများပါ မြင့်တက် လာကြောင်း ပြင်ဦးလွင် အခြေစိုက် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များက ပြောပြသည်။
လမ်းမတန်းဘက်ရှိ မြေကွက်များမှာ ကျပ်သိန်း တစ်ထောင့်ငါးရာခန့် ဈေးပေါက်နေပြီး အတွင်းဘက်ကျသည့် ရွှေချောင်းရွာနှင့် မြေပုံ ရွာများတွင်ပါ မြေကွက်များ လိုက်လံ ဝယ်ယူမှုများ ရှိနေကြောင်း၊ ရတနာပုံတယ်လီပို့နှင့် နည်းပညာတက္ကသိုလ် တည်ရှိခြင်းတို့ကြောင့် နောင်တွင် စီးပွားရေးအရလည်း အလားအလာကောင်းလာ နိုင်သဖြင့် ရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းနှင့် ဝင်ရောက်လာခြင်း ဖြစ်နိုင်ကြောင်း သုံးတောင်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောပြသည်။
“ရွာမှာ လယ်တွေ၊ အိမ်တွေ တင်မကဘူး၊ တောင်တွေပါကုန်ပြီ၊ တိုင်းရင်းသား လုပ်ငန်းရှင်တွေ ထက် တရုတ်လူမျိုးတွေ ဝယ်တာ များတယ်၊ ရွာက အိမ်တိုင်းမှာ တရုတ်ဆိုင်ကယ်တွေ၊ တီဗီတွေ၊ စလောင်းတွေနဲ့ ဖြစ်ကုန်ပြီ” ဟု ၎င်းက ပြောပြသည်။
Ref : Myanmar Property Journal
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ