By Myanmar Times, Shweproperty.com
Updated at 8 October 2015
ပြင်ဦးလွင် အိမ်ခြံမြေဈေးကွက်ဟာ လတ်တလောမှာ အရောင်းအဝယ် လုံးဝရပ်ဆိုင်း သလောက်ရှိနေတယ်လို့ ပြင်ဦးလွင်မြို့က အိမ်ခြံမြေအကျိုးဆောင်တွေဆီက သိရပါတယ်။
အိမ်ခြံမြေဈေးကွက်ဟာ အရင်က ရောင်းဝယ်ရင်းနှီးမြှုပ်နှံလို့ ကောင်းတဲ့ နေရာအများစု ငြိမ်သက်နေတယ်လို့ ဆိုရာ မှာ ပြင်ဦးလွင်အိမ်မြေဈေးကွက်ဟာ အခြေ အနေပိုဆိုးနေ တယ်လို့ ဆိုနိုင်ပါတယ်။ ပြီးခဲ့တဲ့ လအနည်းငယ်လောက်တုန်းက ပြင်ဦးလွင်နဲ့အနီးတစ်ဝိုက် ဧရိယာတွေက ရွာမြေတွေမှာ စိတ်ဝင်စားသူတွေရှိခဲ့ကြပေမဲ့ အခုအခါမှာ အရောင်းအဝယ် လုံး၀ ငြိမ်သက်နေကြောင်း ဈေးကွက်သတင်းတွေအရသိရပါတယ်။
အရောင်းအဝယ် ငြိမ်သက်နေတယ် ဆိုရာမှာ အရင်က စိတ်ဝင်စားသူများပြားခဲ့တဲ့ ကန်တော်ကြီးတစ်ဝိုက်၊ ပဒေသာမြို့ သစ်နဲ့ မန္တလေးလားရှိုးလမ်းအနီးတစ်ဝိုက်က အိမ်ခြံမြေ အကွက်အကွင်းတွေလည်း ပါဝင်ကြောင်း ပြင်ဦးလွင်မြို့က အိမ်မြေအကျိုးဆောင်တွေက ပြောပါတယ်။ ခေါ်ဈေးအနေနဲ့ ကျပ်သိန်းသောင်းဂဏန်းဈေးတန်းမှာရှိနေတဲ့ မန္တလေး လားရှိုးလမ်းပေါ်က အိမ်မြေတွေကတော့ အရင်ကထက် အရောင်းအဝယ်ဖြစ်နိုင်ခြေ ပိုမိုနည်းပါးသွားပြီဖြစ်ပါတယ်။
အခု အခြေအနေဟာ နေရာကောင်းကို ဆုပ်ကိုင် ထားတဲ့ ရောင်းလိုသူတွေရော၊ ဝယ်လက်တွေပါ နှစ်ဦးနှစ်ဖက်အလုပ်လုပ်ဖို့ တွန့်ဆုတ် နေကြပြီး စောင့်ကြည့်နေရတဲ့ အချိန်ကာလ လည်း ဖြစ်နေပါတယ်။ ဒါပေမဲ့ အလျင်လိုတဲ့ ရောင်းလက်တွေအနေနဲ့ ဝယ်လက်ပေါ်ပေါက် လာခဲ့ရင် ဝယ်လက်ညှိနှိုင်းတဲ့ဈေးနှုန်းတန်း ကို လိုက်ညှိနှိုင်း အလုပ်လုပ်နိုင်မှသာ အဆင်ပြေနိုင်မှာဖြစ်ကြောင်းလည်း အကျိုး ဆောင်တွေက ပြောပါတယ်။
"လက်ရှိအနေအထားအရ ပြင်ဦးလွင်အိမ်မြေဈေးကွက်က အလုပ်သိပ်မဖြစ်ဘူး။ ရွာတွေဘက်မှာပါ အရောင်းအဝယ်အေးနေပါတယ်။ ရွေးကောက်ပွဲလည်း ရှိနေတာကြောင့် မြေဈေးကွက်က ဆက်အေးနေဦးမှာပဲ"လို့ ပြင်ဦးလွင်မြို့ ကောင်းဟိန်းဆက် အိမ်မြေ အကျိုးဆောင်လုပ်ငန်းက ဒေါ်ခင်သန်းက ပြောပါတယ်။ အိမ်မြေဈေးကွက်က အရောင်း အဝယ်အေးနေပေမယ့် တစ်ဖက်ကကြည့်ရင် ဝယ်လိုသူတွေအတွက် အခွင့်အလမ်း တစ်ရပ်ဖြစ်ပြီး ဈေးနှုန်းကို အကောင်းဆုံးဖြစ်အောင် ညှိနှိုင်းယူနိုင်မယ့်အနေအထားဖြစ် ကြောင်းလည်း အကျိုးဆောင်တချို့က ဆိုပါတယ်။
Ref : Myanmar Times
Photo Credit : Myanmar Times
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ