By Myanmar Builders Guide, Shweproperty.com
Updated at 7 January 2019
ကျပ်ဘီလီယံ ၁,၀၀၀ တန်ဖိုးရှိ ပုဇွန်တောင် ပြည်တော်သစ်အိမ်ရာစီမံကိန်းကို ကမ္ဘာပေါ်က နောက်ဆုံးပေါ်နည်းပညာများဖြင့် တည်ဆောက်မည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
‘‘နောက်ဆုံးပေါ်နည်းပညာကို ကိုင်စွဲပြီး ပြောင်းလဲနိုင်ပါပြီ။ အဆင့်ဆင့်လာနေစရာမလိုပါဘူး။ ဘာလို့လဲဆိုတော့ နောက်ကျခြင်း ရဲ့ အကျိုးရလဒ်တစ်ခုက နည်းပညာကောင်းကို ချက်ချင်းခုန်ပျံ ကျော်လွှားနိုင်ဖို့ ဖြစ်ပါတယ်။ ဒီ အခြေအနေကို အသုံးချသွားမှာ ဖြစ်ပါတယ်။ ဒီအဆောက်အအုံကို၊ နည်းပညာသစ်တွေကို အသုံးချသွားမှာ ဖြစ်ပါတယ်’’ ဟု ပုဇွန်တောင်မြို့နယ် အောက်ပုဇွန်တောင်လမ်းမရှိ ပြည်တော်သစ် အိမ်ရာပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်း အဆောက်အအုံ မင်္ဂလာပိုင်တိုင် စိုက်ထူခြင်းအခမ်းအနားကို ဒီဇင် ဘာ ၃၀ ရက်တွင်ပြုလုပ်ရာ ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
မြေဧရိယာမှာ လေးဧက ကျော်ကျယ်ဝန်းပြီး စီမံကိန်းသည် ၂၀၂၂ တွင် ပြီးစီးမည်ဖြစ်သည်။ အိမ်ရာမှာ ၁၂ ထပ်ခွဲရှိသည့် အဆောက်အအုံဖြစ်ပြီး အခန်း ၂၀၀ ခန့်ပါဝင်မည်ဖြစ်သည်။ အိမ်ရာ နေထိုင်နေသူများကို ပြောင်းရွှေ့ စရိတ်နှင့် ၂ နှစ်စာယာယီနေထိုင် ခွင့်ပေးထားသည်။
ထိုစီမံကိန်းကို Yangon Metropolitan Development ကုမ္ပဏီက အစိုးရကိုယ်စား ကန်ထရိုက်တာခေါ်ယူပြီး M.K.T ကုမ္ပဏီက လုပ်ကိုင်ခွင့်ရရှိခြင်း ဖြစ်သည်။ အဆိုပါ အိမ်ရာစီမံကိန်းသည် အစိုးရပိုင်မြေ၌ တည်ဆောက်ခြင်းဖြစ်ပြီး လက်ရှိတွင် အစိုးရဝန်ထမ်းများကိုနေထိုင်ခွင့် ပေးထားသည်။
လမ်းမတော်မြို့နယ် ဗိုလ်ချုပ်လမ်းနှင့် အနော်ရထာလမ်းထောင့်ရှိ လမ်းသစ်ရိပ်သာအိမ်ရာစီမံကိန်းကို တိုင်းအစိုးရက နိုဝင်ဘာလမှစ၍ဆောက်လုပ်ခဲ့သည်။
Ref : Myanmar Builders Guide
Photo Credit : Social Media
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ