By 7daydaily, Shweproperty.com
Updated at 14 July 2016
ရန်ကုန်မြို့ပတ်ရထား လမ်းအဆင့်မြှင့်တင်ရေးစီမံကိန်း အကောင်အထည်ဖော်ရာတွင် လမ်းသစ်၊ နေရာသစ်၊ မြေသစ်များ သိမ်းယူခြင်းပြု လုပ်မည် မဟုတ် ဘဲ စီမံကိန်းနှင့်မလွတ်ကင်းသည့် အိမ်ထောင်စု ၄၀ ခန့်ကို သင့်တင့် သည့် လျော်ကြေးဖြင့် ပြောင်းရွှေ့ ပေးမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရာတွင် ရထားသံ လမ်းများအပြင် ဇလီဖာတုံး၊ လူ ကူးခုံးကျော်တံတားများ၊ အချက် ပြစနစ်များ၊ ပလက်ဖောင်း၊ ရ ထားဘူတာနှင့် ဘူတာရုံ အ ဆောက်အအုံများကိုလည်း တစ် ပါတည်း အဆင့်မြှင့်တင်မည် ဖြစ် သည်။ ထို့ကြောင့် ရန်ကုန်မြို့ ပတ်ရထားလမ်း ၂၉ ဒသမ ၅ မိုင် လမ်းကြောင်းတစ်လျှောက် စီမံ ကိန်းနှင့်မလွတ်သော အိမ်ထောင် စုများကို သင့်တင့်သည့် လျော် ကြေးဖြင့် ပြောင်းရွှေ့ပေးမည် ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သ တင်းရရှိသည်။
အဆိုပါလမ်းတစ်လျှောက် နေထိုင်သူ အိမ်ထောင်စု ၄၀ ခန့်ရှိပြီး ၇၅ ရာခိုင်နှုန်းမှာ ကျူးကျော်နေထိုင်သူများဖြစ်၍ ၂၅ ရာခိုင်နှုန်းမှာ မီးရထားနှင့် ဆက်စပ်သည့် မီးရထား ဝန်ထမ်းဟောင်းများဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။
‘‘ပတ်ဝန်းကျင်နဲ့ လူမှုဝန်း ကျင်ဆိုင်ရာ လုပ်ငန်းစဉ်ဆန်းစစ် မှုအချက်အလက်ကောက်ယူပြီး လို့ ပြင်ဆင်နေတဲ့ အဆင့်ရောက် ပါပြီ။ အခုက အဆင့်မြှင့်တင်တာ ဖြစ်လို့ လမ်းသစ်၊ နေရာသစ်၊ မြေ သစ်သိမ်းတာ မရှိပါဘူး။ လူမှုရေး ပိုင်းကတော့ ရထားလမ်းနဲ့ ရထား ပေါ်မှာ အသက်မွေး လမ်းကျောင်း ပြုတဲ့သူ စာရင်းကောက်တာ အိမ် ထောင်စု ၄၀ လောက်ရှိတယ်။ ဒါ ကိုလည်း မြန်မာ့မီးရထားနဲ့စည် ပင်သာယာနဲ့ ညှိနှိုင်းပြီး လုပ်သွား မှာပါ။ ကြီးမားတဲ့ထိခိုက်မှုမျိုး ရှိ မှာတော့ မဟုတ်ဘူး’’ဟု ရန်ကုန် မြို့ပတ်ရထားလမ်း အဆင့်မြှင့် တင်ရာတွင် ပတ်ဝန်းကျင်နှင့်လူမှု ဝန်းကျင်ဆိုင်ရာ လုပ်ငန်းစဉ်ဆန်း စစ်မှု EIA, SIA လုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးမည့် ပြည်တွင်း ကုမ္ပဏီ E guard ဒါရိုက်တာ ဦး တင်အောင်မိုးက ပြောသည်။
အဆိုပါပတ်ဝန်းကျင်နှင့်လူ မှုဝန်းကျင်ဆိုင်ရာ လုပ်ငန်းစဉ် ဆန်းစစ်မှုများကိုလည်း ၂၀၁၂ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပ ဒေ လုပ်ထုံးလုပ်နည်း များအတိုင်း လုပ်ဆောင်မည်ဟု ၎င်းက ဆက် လက်ပြောသည်။
‘‘ရထားလမ်းတွေ အဆင့်မြှင့်လိုက်ရင် နောက်ပိုင်းမှာ ဈေး ရောင်းရတာလည်း ဒီထက်ပိုအ ဆင်ပြေလာမယ်လို့ ထင်တယ်။ စီမံကိန်း စရင်တော့ အခုနေတဲ့ နေရာကနေ ရွာသာကြီးဘက် ပြောင်းပေးထားမယ်လို့တော့ မီး ရထားက လူကြီးတွေပြောတယ်’’ ဟု အဆင့်မြှင့်တင်မည့် မီးရထား သံလမ်းအနီးတွင် နေထိုင်သည့် ဒေါ်တင်တင်မျိုးက ပြောသည်။
ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းကို လာမည့် (၂၀၁၇-၁၈)ဘဏ္ဍာနှစ် တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက် မည်ဖြစ်ကြောင်း မြန် မာ့မီးရထား(အောက်မြန်မာပြည်) အထွေထွေ မန်နေဂျာ ဦးထွန်း အောင်သင်းက ပြောသည်။
‘‘စစ်တမ်းကာလ အစီရင်ခံ စာပြီးတာနဲ့ master plan ရေးပြီး ၂၀၁၇-၁၈ မှာ အကောင်အထည်စဖော်မယ်။ စီမံကိန်းကာလက နှစ်တို၊ နှစ်လတ်၊ နှစ်ရှည် သတ်မှတ်ထားတယ်။ စီမံချက်က မြို့ပြအလုပ်တွေအားလုံးက နိုင်ငံတော် ဘတ်ဂျက်နဲ့အပိုင်းလိုက် ဆောင် ရွက်သွားမှာပါ’’ဟု ၎င်းက ပြော ကြားသည်။
အဆိုပါစီမံကိန်းအတွက် DMU အဆင့်မြှင့်ရထားတွဲခြောက် တွဲပါ တွဲဆိုင်း ၁၁ ဆိုင်းဝယ်ယူရန်နှင့် ရထားကားလမ်းကူး ၂၅ နေရာကို လည်း အချက်ပြစနစ်သစ်များ တပ်ဆင်ရန် JICA မှ ODA ချေးငွေအမေရိကန်ဒေါ်လာ ၂၀၆ သန်း ချေးယူ၍ ၂၀၁၈ တွင် ဆောင်ရွက်မည်ဖြစ် သည်။
Ref : 7daydaily
Photo Credit : sitdowndisco
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ