By Kumudra, Shweproperty.com
Updated at 20 June 2013
ယခုတစ်ပတ် ရန်ကုန်အိမ်ခြံမြေဈေးကွက်ကတော့ မိုးအေးအေးလေးထဲမှာပဲ အခွန်ဈေးနှုန်းကျမယ့်အချိန်ကိုစောင့်ရင်း အရောင်းအဝယ်ပြန်လိုက်လာပါတယ်။
‘အရင်ကနှစ်မကုန်ခင်က ဈေးနှုန်းကျနိုးနိုး၊ အခွန်ကျနိုးနိုးနဲ့ စောင့်ခဲ့ရတာတွေက မစောင့်နိုင်ဘဲ အရောင်းအဝယ်ဖြစ်တဲ့ သဘောပါ’ လို့ ရွှေကံမြေအိမ်ခြံမြေအကျိုးဆောင်မှ ဦးခင်မောင်အေးက ပြောပါတယ်။
တကယ်နေထိုင်မယ့် သူတွေနဲ့ တကယ်အသုံးပြုမယ့်သူတွေက မစောင့်နိုင်တော့လို့ အခုလို အရောင်းအဝယ် ဖြစ်လာတာပါ။ မြို့နယ်တိုင်းလို အရောင်းအဝယ်ဖြစ်နေပြီး ဗဟန်း၊ ကမာရွတ်၊ မရမ်းကုန်းနဲ့ ရန်ကင်းဘက်တွေမှာ ကျပ်သိန်း ၁၅,၀၀၀ ကနေ ၂၅,၀၀၀ ဈေးနှုန်းတွေနဲ့ ပြန်အဝယ်လိုက်နေတယ်လို့ သိရပါတယ်။
‘အရင်ဆို မိုးစရွာတာနဲ့ အေးတာ၊ ခုတော့ မအေးဘူး၊ အရောင်းအဝယ်ပြန်လိုက်လာတယ်၊ အရောင်းအဝယ်လိုက်တာကတော့ မြို့နယ်စုံပဲ’လို့ အာရှမြေယာ အိမ်ခြံမြေအကျိုးဆောင်မှ ကိုပိုင်မြင့်က ပြောပါတယ်။
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ