By The Kumudra, Shweproperty.com
Updated at 16 September 2016
အိမ်ခြံမြေအရောင်းအဝယ်တချို့ ပြန်ရှိနေပေမဲ့ ဒဂုံမြို့သစ်တချို့ရပ်ကွက်တွေရဲ့ အိမ်ခြံမြေဈေးတွေ (၃၀) ရာခိုင်နှုန်းလောက် ဈေးကျနေတယ်လို့ သိရပါတယ်။
တချို့နေရာတွေမှာ ဈေးအမြင့်ပဲ ရှိနေသေးပေမဲ့ နေရာအများစုမှာတော့ အနိမ့်ဈေးတွေပြောင်းပြီး အရောင်းဈေးခေါ်တာတွေရှိလာတယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။ အရင် ၂၀၁၆ နှစ်လယ်ပိုင်းဝန်းကျင်အထိ ကျပ်သိန်း (၁၀၀၀) အထက် ရှိနေသေးတဲ့ မြေကွက်တွေက ကျပ်သိန်း (၆၀၀) ကျော်၊ သိန်း (၇၀၀) ကျော်သာခေါ်ဈေးဖြစ်နေကြတာလို့ သိရပါတယ်။
ဝါရင့်အကျိုးဆောင် ဦးမောင်မောင်က "မြောက်ဒဂုံမှာဆို အရင်က သိန်း ၂၀၀၀ ကျော်၊ သိန်း ၃၀၀၀ အထက် တချို့ခြံတွေဆို သိန်း ၄၀၀၀ ကျော်အထိ ဈေးရှိခဲ့တဲ့ U9 တို့လိုနေရာတွေမှာတောင် အတွင်းလမ်းဆိုပေမဲ့ (၆၈ ပေ x ၉၄ ပေ) အကွက်ကို တစ်နေ့က သိန်း ၁၄၀၀ နဲ့ဈေးတန်းတင်လာတာ၊ ဈေးက ၃၅ ရာခိုင်နှုန်းလောက် လျှော့ပြီးဈေးခေါ်လာကြတယ်၊ တချို့ရပ်ကွက်တွေဆိုပေ ၄၀ x ပေ ၆၀ တောင် ကျပ်သိန်း ၆၀၀ ကျော်ပဲ ဈေးရတော့တယ်" လို့ပြောပါတယ်။
ဈေးတန်းတွေကို ပိုင်ရှင်တွေကိုယ်တိုင်ဈေးလျှော့ပြီး အကျိုးဆောင်တွေကို ဈေးပြောင်းပေးတာတွေ ရှိလာတာပါ။ တချို့နေရာတွေမှာ ၄၀ ရာခိုင်နှုန်းလောက်အထိ ဈေးလျေျာ့လာတာတွေ ရှိတယ်လို့ သိရပါတယ်။
အရောင်းအဝယ်ကတော့ ပုံမှန်ဈေးကွက်ပဲလို့ ပြောပါတယ် ။ ဒဂုံအရှေ့ပိုင်း ၊ ဒဂုံမြောက်ပိုင်း ၊ ဒဂုံတောင်ပိုင်း စတဲ့နေရာတွေက မြေကွက်တွေ ရဲ့ဈေးတွေက လမ်းမတန်းနေရာတွေကလွဲပြီး ဈေးတွေလျှော့လာကြတယ်လို့ သိရတယ် ။
ဝသုန်အကျိုးဆောင်ဦးမောင်ဝင်းက ‘ဒီတစ်ပတ်ထဲမှာပဲ ပေ ၄၀ x ပေ ၆၀ အိမ်ပါတာကိုတောင် ကျပ်သိန်း (၆၅၀) လောက်နဲ့ ဈေးခေါ်တာ (၆၂၀) နဲ့ဈေးတည့်တယ် ၊ အတွင်းလမ်းမတန်းနေရာမှာတောင် သိန်း (၁၀၅၀) နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်၊ ဝယ်သူတွေစိတ်ဝင်စားအောင် အရင်က လိုဈေးအမြတ်မတင်ဘဲ ပုံမှန်ရောင်းဈေးနဲ့ ဈေးတန်းပြင်ကြတာ ၊ ဈေးကျတာမဟုတ်ဘူး’ လို့ပြောပါတယ်။
ဒဂုံအရှေ့ပိုင်းမှာတော့ အရင်က ပေ ၄၀ x ပေ ၆၀ သိန်း (၁၀၀) ကျော်တန်မြေတွေလည်း သိန်း (၆၀) ဝန်းကျင်ပဲ ရှိတယ်လို့ သိရပါတယ်။
အရင်က သိန်း (၃၀၀) ကျော်တန်တွေက သိန်း (၂၆၀) ဝန်းကျင် လောက်ပဲရှိပြီး တချို့နေရာတွေဆို သိန်း ၁၀၀ ကျော်ပဲရှိတယ်လို့ သိရပါတယ်။
ဝယ်သူတွေအတွက် ဝယ်ယူသင့်တဲ့ကာလဖြစ်ပြီး နောက်လပွင့်လင်းရာသီတွေမှာ ဈေးပြန်တင်လို့ ရနိုင်တဲ့ နေရာတွေကို ဝယ်ယူထားသင့်တယ်လို့ အကျိုးဆောင်တချို့ကပြောပါတယ်။
Ref : The Kumudra
Posted By : Htet Mhuu
Photo Credit : Social
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ