By 7daydaily, Shweproperty.com
Updated at 5 October 2015
Photo Credit : Internet
ပျော်ဘွယ်-နတ်မောက် -မကွေး မီးရထားလမ်းစီမံကိန်း အတွက် မကွေး-နတ်မောက် ရထားလမ်း ဖောက်လုပ်ခြင်း ကြောင့် သိမ်းယူခဲ့သော လယ် ယာမြေများအတွက် ရထားပို့ ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့မီး ရထားသည် မကွေးမြို့နယ် ကြာ ကန်ကျေးရွာတွင် အောက်တိုဘာ ၃ ရက်က လျော်ကြေးပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။
၂၀၁၀ ပြည့်နှစ်က မကွေး- နတ်မောက်မီးရထားလမ်း စတင် ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ကြာ ကန်ကျေးရွာအုပ်စုနှင့် ကြိုကြာ ကန်ကျေးရွာအုပ်စုရှိ ရွာသားများ ဆုံးရှုံးခဲ့သော လယ်ယာမြေများ အတွက် လျော်ကြေးပေးအပ်ခြင်း ဖြစ်သည်။
‘‘တစ်ဧကကို ရှစ်သိန်းနှုန်းနဲ့ လျော်တယ်။ ပြောရရင် ထိုက်တန်တဲ့ လျော်ကြေးတော့ မဟုတ်ဘူး။ တစ်ဧကကို တစ်နှစ် တစ်သီးပဲ စိုက်မယ်ဆိုရင်တောင် သုံးသိန်းခွဲ လောက် အနည်းဆုံးရတယ်။ သုံး နှစ်ဆိုရင်ပဲ ၁၀ သိန်းကျော်နေပြီ။ အခု ဆုံးရှုံးရတာက သားစဉ်မြေး ဆက်အထိ ဆုံးရှုံးသွားရတာနဲ့ စာ ရင်းမတန်ဘူးလို့ ပြောရမယ်’’ဟု ကြာကန် ရွာသစ်ကျေးရွာမှ တောင်သူ ဦးအောင်မြိုင်ကပြော သည်။
နိုင်ငံတော်အစိုးရပြဋ္ဌာန်း ထားသည့် ၂၀၁၂ လယ်ယာမြေ ဥပဒေ၊ အခန်း (၈)၊ အပိုင်း (၆၆) အရ၊ ကာလဒေသ ပေါက်ဈေး၏ သုံးဆ ပေးလျော်ရမည်ဖြစ် ကြောင်း ဆုံးရှုံးသွားသော လယ် ယာမြေများ လျော်ကြေးငွေရရှိ ရေးအတွက် ရှစ်ကြိမ်ဆန္ဒပြခဲ့သူ ကြာကန်ကျေးရွာမှ ကိုဇော်မင်း ထိုက်က ပြောသည်။
‘‘ကာလပေါက်ဈေးနဲ့ဆိုရင် လျော်ကြေးငွေက ထိုက်တန်တယ် လို့ ပြောလို့မရဘူး။ ဒါပေမဲ့ ဆုံး ရှုံးပြီးသားလည်းဖြစ်၊ ပြန်ရမှာ လည်း မဟုတ်တော့ ရသင့်သ လောက် မရပေမယ့် ရသလောက် ယူထားကြတဲ့ သဘောပဲ’’ ဟု လျော်ကြေးငွေလာရောက်ထုတ် ယူသော ညောင်ပင်သာကျေးရွာ မှ တောင်သူတစ်ဦးက ပြောသည်။ရထားလမ်းဖောက်လုပ်ခြင်း ကြောင့် လျော်ကြေးငွေ ပေးအပ် ပွဲတွင် တစ်ဧကလျှင် ရှစ်သိန်းနှုန်း ဖြင့် ကြာကန်ကျေးရွာ အုပ်စု၌ ၉၂ ဒသမ ၅၃ ဧကအတွက် တောင်သူ ၉၆ ဦးနှင့် ကြိုးကြာကန် ကျေးရွာအုပ်စု၌ ၁ ဒသမ ၆၉ ဧကအတွက် တောင်သူ ၂၉ ဦးတို့ အား လျော်ကြေးငွေ ပေးအပ်ခဲ့ သည်။
Ref : 7daydaily
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ