By The Kumudra, Shweproperty.com
Updated at 18 December 2015
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက တည်ဆောက်စရိတ်နှုန်းအတိုင်း ရောင်းချမယ့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းကို ငွေပေးချေပြီးတာနဲ့ တစ်ခါတည်း နေထိုင်ခွင့်ပေးမယ်လို့ သိရပါတယ်။
"ဒီအိမ်ရာက ဆောက်လုပ်ပြီးတာ နည်းနည်းကြာပြီ၊ ရောင်းချဖို့ ကြန့်ကြာနေတာက အစက အငှားအိမ်ရာအနေနဲ့ လုပ်မယ်ဆိုပြီး လျာထားပြီးမှ မလုပ်ဖြစ်ဘဲ လက်ငင်းရောင်းချမယ် လုပ်လိုက်လို့ နည်းနည်းကြာသွားတာ" လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ)က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အိမ်ရာစီမံကိန်းကို ရွှေပြည်သာမြို့နယ်၊ စက်မှုလမ်းနှင့် ပိတောက်လမ်းထောင့်မှာ ဆောက်လုပ်အကောင်အထည် ဖော်ထားတာဖြစ်ပါတယ်။ အခန်းအကျယ်အဝန်းတွေက (၄၉၀) စတု၇န်းပေ၊ (၁၄ ပေ × ၃၅ ပေ) ကျယ်ဝန်းပါတယ်။ အဆောက်အအုံတွေကတော့ ရှစ်ခန်းတွဲ ခြောက်ထပ် လေးလုံးဖြစ်ပြီးတော့ အခန်းပေါင်း (၁၉၂) ခန်းကို ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ အခန်းတန်ဖိုးတွေကတော့ အနိမ့်ဆုံး (၁၀၉) သိန်းမှ (၁၇၄) သိန်း အထိအထပ်အလိုက် ခွဲခြားထားပြီး ရောင်းချမှုကိုတော့ အစိုးရချထားပေးတဲ့ မြေပိုင်ဆိုင်ခြင်းမရှိသူတွေကိုသာ မဲစနစ်နဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကောမတီအနေနဲ့ လက်ရှိအချိန်အထိ တန်ဖိုးနည်း၊ တန်ဖိုးမျှတအိမ်ရာ စီမံကိန်းတွေကိုသာ အကောင်အထည်ဖော် ရောင်းချပေးလျက်ရှိပြီး အငှားအိမ်ရာတွေကိုတော့ တင်ဒါခေါ်ယူထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ်မှ ယခု ဘဏ္ဍာနှစ်အတွင်း အိမ်ရာအခန်းပေါင်း (၁၀၀၀) နီးပါး ဆောက်လုပ်အကောင်အထည် ဖော်နေပြီး အားလုံးနီးပါးကို ရောင်းချထားပြီး ဖြစ်တယ်လို့သိရပါတယ်။
Ref : The Kumudra
Phot Credit : Eleven Myanmar
Posted By : Wai Phyoe
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ