By mizzima, Shweproperty.com
Updated at 17 July 2013
မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု အသင်းတွင်ပါဝင်ခဲ့သော မန္တလေးတိုင်း အဖွဲ့ခွဲက ယခုအခါ သီးခြားရပ်တည်ရန် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး ဌာနတွင် မှတ်ပုံတင်လျှောက်ထားလိုက်ပြီ ဖြစ်ကြောင်း အဆိုပါအသင်းမှ စုံစမ်းရရှိ သည်။
မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းမှ မန္တလေးအဖွဲ့ခွဲထွက်ရခြင်းသည် ''ဗဟိုဦးစီးစနစ်လွန်ကဲနေတယ်။ တစ်နှစ် အတွင်း ဘာအကျိုးကျေးဇူးမှ မခံစားရ ဘူး။ မန္တလေးအသင်းဝင်တွေအနေနဲ့ ကျေ နပ်အားရမှုမရှိဘူး။ ဒါကြောင့် မန္တလေးတိုင်း အသင်းအနေနဲ့ပဲ သီးခြားရပ်တည်ချင် တယ်''ဟု အဆိုပါအသင်းဝင်တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု အသင်းတွင် အသင်းဝင် ၁၂ဝဝ ခန့်ရှိပြီး မန္တလေးမှ အသင်းသား ၈ဝဝ ကျော် ရှိကာ ရန်ကုန်မှ အသင်းသား ၄ဝဝ ခန့်သာရှိ သည်ဟုဆိုသည်။
လက်ရှိတွင် မန္တလေးမှ အသင်းဝင် များ၏ ဆန္ဒသဘောထားလက်မှတ်များ လိုက်လံကောက်ခံနေပြီး လက်မှတ်ရေးထိုး ပေးသူ ၂ဝဝကျော်ပင် ရှိနေပြီဖြစ်ကြောင်း ထိုကိစ္စကို ဆောင်ရွက်နေသူတစ်ဦးက မဇ္ဈိမကို ပြောသည်။
မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု အသင်းသို့ မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ ¤င်းတို့အနေဖြင့် တစ်စုံတစ်ရာ မသိရ သေးဖြင့် ဖြေကြားခြင်းမပြုနိုင်သေးကြောင်း သာ တာဝန်ရှိသူတစ်ဦးက တုံ့ပြန်ပြောကြား သည်။
မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းသည် ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ် ဇူလိုင် က ဖွဲ့စည်းခဲ့ပြီး တစ်နှစ်ပြည့်သွား ပြီဖြစ် သည်။
အခြားတစ်ဖက်တွင်လည်း တစ်နှစ် သက်တမ်းအတွင်း အသင်းဝင်များ ခွဲထွက် မှု များရှိနေသဖြင့် ပြန်လည်စုစည်းပြီး ညှိနှိုင်း စေလိုသည့် အသင်းသားများလည်း ရှိနေ ကြသည်။
Ref : Mizzima
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ