By Win Kyaw Kyaw (ShweProperty.com), Shweproperty.com
Updated at 13 June 2018
အိမ်ခြံမြေကဏ္ဍတွင် ၂၀၁၅ ခုနှစ်မှစတင်ကာ စည်းမျဉ်းစည်းကမ်းများ အပြောင်းအလဲဖြစ်ပေါ်ခဲ့သည်။ ထိုအပြောင်းအလဲကြောင့် အိမ်ခြံမြေနဲ့ ဆောက်လုပ်ရေးကဏ္ဍများ အေးစက်ခဲ့သည်မှာ ယခုအချိန်ထိပင်ဖြစ်သည်။
ဆောက်လုပ်ရေးကဏ္ဍသည်ယခုအချိန်ထိ အေးခဲနေသော်လည်း အိမ်ခြံမြေကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံများသည် ယခင်နှစ်များထက်ပင် တိုးတက်ကောင်းမွန်လျက်ရှိသည်ကို တွေ့ရသည်။
၂၀၁၇-၁၈ ခုနှစ် ဘဏ္ဍာနှစ်အတွင်း အိမ်ခြံမြေကဏ္ဍ၌ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံကျော်ရှိကြောင်း မေလ ထုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA) ၏စာရင်းတွင်ဖော်ပြထားသည်။
DICA ၏ အချက်အလက်များအရ အိမ်ခြံမြေကဏ္ဍနှင့် ဆောက်လုပ်ရေးကဏ္ဍတွင် နိုင်ငံသားရင်းနှီးမြှုပ်နံှများ ကျဆင်းလျက်ရှိပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးပွားလျက်ရှိသည်ကို တွေ့ရသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန(DICA) ၏ စာရင်းများအရ ၂၀၁၄ - ၁၄ ခုနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၄၄၀ ဒသမ ၅၇၃ မီလီယံရှိခဲ့ပြီး ၊ ၂၀၁၄ - ၁၅ ခုနှစ်တွင် ၇၈၀ ဒသမ ၇၄၅ မီလီယံ ၊ ၂၀၁၅ - ၁၆ ခုနှစ်တွင် ၇၂၈ ဒသမ ၆၈၀ မီလီယံ ၊ ၂၀၁၆ - ၁၇ ခုနှစ်တွင် ၇၄၇ ဒသမ ၆၂၀ မီလီယံ နှင့် ၂၀၁၇ - ၁၈ ခုနှစ်တွင် ၁၂၆၁ ဒသမ ၉၇၇ မီလီယံ ရှိကြောင်းတွေ့ရသည်။
Written By : Win Kyaw Kyaw (ShweProperty.com)
Photo Credit : Huffingtonpost
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ