By Yangon Media Group, Shweproperty.com
Updated at 3 August 2017
အိမ်ခြံမြေဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံမှုတစ်ခုအနေနှင့် မပြုလုပ်ကြတော့ခြင်း မှာ တင်းကျပ်လာနိုင်သည့်ဥပဒေမူဝါဒများကြောင့်ဖြစ်ပြီး လက်ရှိလုပ်ဆောင်နေသည့် စိစစ်မှုများကြောင့် နောက်ပိုင်းတွင်လည်း ဈေးကစားမှု ပျောက်သွားနိုင်သည်ဟု အိမ်ခြံမြေ အကျိုးဆောင်အသိုင်းအဝိုင်းမှ သိရသည်။
''အရင်က ဈေးကစားတဲ့ဈေးကွက်ကြောင့် အိမ်ခြံမြေဈေးတွေက အဆမတန်ဖြစ်နေ တာ။ ဥပမာ-စက်မှုဇုန်ကို အရင်က ဝယ်ကြတယ်။ တကယ်လုပ်ငန်းလုပ်ဖို့ထက် ဈေးကစား ဖို့၊ အမြတ်ရဖို့အတွက် ဝယ်ထားကြတယ်။ လုပ်ငန်းမလုပ်ဘဲထားတဲ့သူတွေကို ပြန်သိမ်းမယ် ဆိုတာကြောင့် အရောင်းအဝယ်မကောင်းတဲ့အတွက် အမြတ်ရဖို့ မသေချာတော့ မဝယ်ရဲ ကြတော့ဘူး။
ဒါကြောင့် ဝယ်ရောင်းဈေးကွက်ရှိနေသေးတယ်ဆိုပေမယ့် ဈေးကစားတာ တွေတော့ တဖြည်းဖြည်းနည်းသွားနိုင်တယ်''ဟု ဝါရင့်အိမ်ခြံမြေအကျိုးဆောင် ဦးချစ်က ပြောသည်။
လတ်တလောအနေအထားအရ အိမ်ခြံမြေဈေးကွက်တွင် ရင်းနှီးမြှုပ်နှံမှုတစ်ခုအနေ ဖြင့် ဝယ်ယူခြင်းများထက် အမှန်တကယ်နေထိုင်ရန် လိုအပ်သူများသာ ဝယ်ယူသည်ကို တွေ့လာရကြောင်း သိရသည်။
ထို့ကြောင့် ရန်ကုန်မြို့တွင်းဈေးကွက်မှာ အတက်ဈေးနှင့် တန့်နေသကဲ့သို့ မြို့စွန် များနှင့် ဆင်ခြေဖုံးရပ်ကွက်၊ မြို့သစ်များ၏ ဈေးမှာလည်း ဆက်လက်မြင့်တက်လာနိုင်ခြေ မရှိသေးကြောင်း သိရသည်။ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)မှ ဒုဥက္ကဋ္ဌ(၁) ဦးသန်းဦးက ''ပြန် ရောင်းရင် မြတ်မှာပဲဆိုပြီး ဝယ်တဲ့သူတွေ သိပ်မရှိတော့ဘူး။ အချို့ဖွံ့ဖြိုးမှုတွေဖြစ်လာ နိုင်တဲ့နေရာတွေကိုပဲ ရင်းနှီးမြှုပ်နှံထားကြတယ်။
အိမ်ခြံမြေဈေးကွက် ဘယ်လိုပဲဖြစ်နေ ဖြစ်နေ မြို့တွင်းဈေးကွက်က အမြင့်မှာပဲ ရှိနေဦးမှာပဲ။ ဒါပေမဲ့ အငှားထားသူတွေ၊ တကယ် နေမယ့်သူတွေ၊ လုပ်ငန်းလုပ်သူတွေလောက်ပဲ ဈေးကွက်ရှိနိုင်တော့ ဈေးကစားတာတွေ က သေချာပေါက် ပျောက်သွားနိုင်တယ်''ဟု သုံးသပ်ပြောဆိုသည်။
Ref & Photo Credit : Yangon Media Group
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ