By Myanmar Times, Shweproperty.com
Updated at 5 February 2015
အိမ်ခြံမြေဈေးကွက်သည် ၂၀၁၄ ခုနှစ် နှောင်းပိုင်းက စတင်ကာ ဈေးကွက်က အကျ ဘက်သို့ဦးတည်နေသော်လည်း ပူဖောင်းပေါက်ကာ ဈေးကွက် ပျက်သွားသည်အထိ မဖြစ်နိုင်သေးကြောင်းအိမ်ခြံမြေ အကျိုး ဆောင်များနှင့် စီးပွားရေးပညာရှင်များက ပြောကြားကြသည်။
အိမ်ခြံမြေ၊ ကွန်ဒို၊ တိုက်ခန်းနှင့် ကြိုပွိုင့် ဝယ်ယူခြင်းအပါအဝင် အိမ်ခြံမြေဈေးကွက် တွင် အရောင်းအဝယ် နည်းပါးသဖြင့် ဈေးနှုန်းများ အနည်းငယ် ကျဆင်းသွား သော်လည်း၊ အဆမတန် ကျဆင်းနေခြင်း မဟုတ်သည်ကို တွေ့ရသည်။ ၂၀၁၅ ခုနှစ် နိုင်ငံရေးအခြေအနေကို စောင့်ကြည့်နေ ခြင်း၊ စီးပွားရေးလုပ်ငန်းများ ရင်းနှီးမြုပ်နှံမှု များ ထပ်မံမပြုလုပ်ခြင်း၊ အစိုးရက သက်တမ်း ကုန်ဆုံးခါနီးသောကြောင့် လုပ်ငန်း စီမံကိန်း ကြီးများကို ဆက်လက် အကောင်အထည် မဖော်ခြင်းတို့ကြောင့်လည်း မြန်မာ့စီးပွား ရေးသည် လေးလံထိုင်းမှိုင်းနေပြီး၊ အကျိုး ဆက်အားဖြင့် မြန်မာ့စီးပွားရေး၏အစိတ်အပိုင်းတစ်ရပ်ဖြစ်သော အိမ်ခြံမြေလုပ်ငန်းသည်လည်း အေးစက်သွားခြင်းဖြစ်သည်။
၂၀၁၂ ခုနှစ်မှ စတင်ကာ အိမ်ခြံမြေဈေးနှုန်းများ စတင်မြင့်တက်ခဲ့ကာ ရန်ကုန်၊ မန္တလေးစသည့်မြို့ကြီးများသာမက၊ ပုသိမ်၊ တွံတေး၊ကလော၊ မူဆယ်၊ ပဲခူးနှင့် ရှမ်းပြည် နယ်၊ ရခိုင်ပြည်နယ်နှင့်ချင်းပြည်နယ်ပါမကျန် တစ်နိုင်ငံလုံးနီးပါး အိမ်ခြံမြေဈေးနှုန်း များ မိုးထိအောင် မြင့်တက်ခဲ့သည်။
ရန်ကုန် မြို့လယ်၏ မြေတစ်ပေပတ်လည်ဈေးနှုန်း သည် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ ထက်ပင် မြင့်မားနေပြီဟူသော အသံများ ပင် ထွက်ပေါ် လာခဲ့သည်။ အိမ်ခြံမြေဈေးနှုန်းများ စတင်တက်ရသည့် အကြောင်းရင်းများကို ကြည့်ပါက၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲပြီးနောက် နိုင်ငံရေးအပြောင်း အလဲများကို အကောင်းမြင်မှုများနှင့် ၂၀၁၂ ခုနှစ်က ကားတင်သွင်း ခွင့် မူဝါဒ လျှော့ပေါ့ပေးလိုက်ခြင်း၊ နိုင်ငံ ခြား ရင်းနှီးမြှုပ်နှံမှုများစီးဝင်လာခြင်း ကြောင့် မြေယာနှင့် တိုက်ခန်းလိုအပ်ချက် မြင့်မားလာခြင်း၊ ဒေါ်လာဈေးနှုန်းကို နှုန်းသေ သတ်မှတ်လိုက်ခြင်းကြောင့် ငွေကြေး ကစားသူများ မြေဈေးကွက်သို့ ပြန်လှည့် လာခြင်းနှင့် တရုတ်ကုန်သည်များနှင့် စီးပွားရေး လုပ်ငန်းရှင်များ အိမ်ခြံမြေ ဈေးကွက်တွင် ပိုမိုပါဝင်ကစားလာခြင်း ကြောင့်ဖြစ်သည်။
အိမ်ခြံမြေဈေးကွက် အေးနေသော် လည်း ပူးဖောင်းမပေါက်နိုင်ခြင်းနှင့် ပတ်သက်၍ မဏ္ဍိုင်အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းမှမန်နေးဂျင်း ဒါရိုက်တာ ဦးသန်းဦး က "အိမ်ခြံမြေဈေးကွက်က ၂၀၁၅ခုနှစ် တစ်လျှောက်လုံး အေးတော့အေးနေမယ်။ အိမ်ခြံမြေဈေးကွက်က ပေါ်ပင်ဈေးကွက် ပါပဲ။ အများစုက စီမံကိန်းဖြစ်နိုင်တဲ့နေရာတွေမှာ လိုက်လံမြှုပ်နှံကြတာပါ။ ခုတော့ စီမံကိန်းတွေကလည်းရပ်ထားတာ အစိုးရ သက်တမ်းကလည်း ကုန်တော့မှာမို့လည်းပါတာပေါ့။ ခုဆို ဆောက်လက်စအိမ်ရာ တွေတောင် နှေးသွားတယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို စောင့်ကြည့်နေကြတယ်။ ပြည်တွင်းကောပြည်ပကပါ စောင့်ကြည့် နေပုံရတယ်။ နည်းနည်းမြှုပ်နှံမယ့်လူကော၊ များများမြှုပ်နှံမယ့်လူကော စောင့်ကြည့်နေ ကြတယ်။ ဒီလိုစောင့်ကြည့်ဆဲကာလမှာ အိမ်ခြေမြေကဏ္ဍတစ်ခုတည်းမဟုတ်ဘဲ တခြားကဏ္ဍတွေလည်း ထိုင်းမှိုင်းနေတာ ပါ။အိမ်ခြံမြေက မြန်မာစီးပွားရေးရဲ့ တစ်စိတ်တစ်ပိုင်းပဲရှိတယ်။ ၂၀၁၅ မှာသာ အောင်အောင်မြင်မြင်ဖြစ်သွားရင် စီးပွားရေး လည်း ပွင့်သွားမယ်အိမ်ခြံမြေလည်း ပြန်ကောင်းလာနိုင်တယ်" ဟု ပြောသည်။
Ref : Myanmar Times
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ