By Kumudra, Shweproperty.com
Updated at 29 January 2019
မန္တလေးခရိုင်အတွင်းမှာ အိမ်ခြံမြေရောင်းဝယ်မှု တွေအပေါ်၂၀၁၈-၂၀၁၉ အခွန် စည်းကြပ်မှုနှုန်းထား (ရာပြတ်နှုန်း ထား) ပျမ်းမျှ ၃၀ ရာခိုင်နှုန်း လျှော့ချလိုက်တဲ့အတွက် အခွန်ဆောင်သူတွေ နှစ်ဆလောက် ပို များလာတယ်လို့ မန္တလေးတိုင်း ဒေသကြီး ပြည်တွင်းအခွန်များ ဦးစီးဌာနက သိရပါတယ်။
၂၀၁၇-၂၀၁၈ ခုနှစ်အခွန်စည်းကြပ်မှုနှုန်းထားကို ၂၀၁၆-၂၀၁၇ ထက်၂၀ ရာခိုင်နှုန်းလျှော့ချခဲ့ပြီး ၂၀၁၈-၂၀၁၉ မှာ ထပ်ပြီး ၃၀ ရာခိုင်နှုန်းလျှော့ချခဲ့တာကြောင့် အခုလို ပိုများလာတာလို့ သိရပါတယ်။
“အဲဒီလို လျှော့လိုက်တော့ အိမ်ခြံမြေနဲ့ ပတ်သက်လို့ အခွန်ဆောင်တဲ့သူတွေ ပိုများလာ၊ ကိုယ့်ရဲ့ပိုင်ဆိုင်မှုကို ခိုင်ခိုင်မာမာ လုပ်ချင်တဲ့သူတွေ ပိုများလာတာပေါ့” လို့ မန္တလေးတိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူး ဦးအောင်စိုးနိုင်က ပြောပါတယ်။
အခွန်စည်းကြပ်မှုနှုန်းထား လျှော့ချမှုတွေက ပျမ်းမျှဆိုရင် ၃၀ ရာခိုင်နှုန်းလောက်လျှော့ချတာဖြစ်တယ်လို့ သိရပါတယ်။
ချမ်းအေးသာစံမြို့နယ်မှာဆိုရင် ၅၀ ရာခိုင်နှုန်း၊ ပြည်ကြီးတံ ခွန်နဲ့ချမ်းမြသာစည်မှာဆိုရင် ၂၀ ရာခိုင်နှုန်းလောက်နဲ့ မဟာအောင်မြေမှာဆိုရင် ၃၀ ရာခိုင်နှုန်းလောက် တစ်နေရာနဲ့ တစ်နေရာ လျှော့ချမှုနှုန်းချင်း မတူဘူးလို့ သိရပါတယ်။
“အခွန်စည်းကြပ်မှုနှုန်းထား လျှော့ချလိုက်တော့ အရင်ကနဲ့စာရင် နှစ်ဆလောက်အထိ များလာတာပေါ့၊ အရင်တုန်းက တစ်လမှာ ၁ဝဝ ရှိခဲ့ရင်အခု ၂ဝဝ လောက်အထိတိုးလာတယ်၊ မနှစ်ကနဲ့စာရင် နှစ်ဆလောက်တိုးလာတာပေါ့” လို့ မန္တလေးတိုင်းဒေသကြီး ပြည် တွင်းအခွန်များဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်လွင်ထူးက ပြောပါတယ်။
တချို့နေရာတွေမှာ မြေပြင်တန်ဖိုးထက်တောင်နည်းနေတဲ့ အခါမျိုးတွေရှိနေတာကြောင့် လိုလိုလားလားနဲ့လာပြီးတော့ ဆောင်ကြတာမျိုးတွေလည်းရှိလာတယ်လို့ သိရပါတယ်။
“၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာရာခိုင်နှုန်းအားဖြင့် ပျမ်းမျှ ၃၀ ရာခိုင်နှုန်းလောက်အထိကျသွားပြီ၊ ဒါက ဝန်ကြီးချုပ်ရဲ့ သဘောတူညီချက်အရပေါ့၊ အခွန်ထမ်းတွေကလဲတင်ပြကြတယ်၊ စံနှုန်းတွေလဲအရမ်းများနေတယ်” လို့ ဦးအောင်စိုးနိုုင်က ပြောပါတယ်။
အိမ်ခြံမြေရောင်းဝယ်မှုလုပ်ငန်းတွေအပေါ်၂၀၁၈-၂၀၁၉ အခွန်စည်းကြပ်မှုနှုန်းထား (ရာပြတ် နှုန်းထား)ကို ၂၀၁၈အောက်တိုဘာ လကတည်းက သတ်မှတ်လိုက် ခြင်းမှာ ၃၀ ရာခိုင်နှုန်းလျော့ကျခဲ့ တာဖြစ်ပါတယ်။
Ref & Photo Credit : Kumudra
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ