By Shwe Kyaw, Shweproperty.com
Updated at 2 April 2020
ထိုင်းနိုင်ငံက အိမ်ခြံမြေတည်ဆောက်သူများနှင့် အိမ်ခြံမြေရောင်းဝယ်လိုသူများက အွန်လိုင်းချန်နယ်များ ၊ အက်လ်ပလီကေးရှင်းများကို အသုံးပြုပြီး အိမ်ခြံမြေအရောင်းအဝယ်များ ပြုလုပ်လာကြောင်း ဘန်ကောက်ပို့စ်သတင်းစာမှာ ဧပြီလ ၂ ရက်နေ့မှာ ဖော်ပြထားသည်။ ထိုသို့ အွန်လိုင်းချန်နယ်များသို့ အပြောင်းအလဲလုပ်ရခြင်းသည် ဝယ်ယူသူများ ကိုဗစ် ၁၉ ကူးစက်မှုကာကွယ်ရန် ရည်ရွယ်ပြီး လုပ်ဆောင်ရခြင်းဖြစ်ကြောင်း သိရသည်။
AP Thailand ကုမ္ပဏီ၏အကြီးအကဲဖြစ်သူ Vittakarn Chandavimol က “ ဒီလိုအချိန်မှာ ကျွန်တော်တို့အနေနဲ့ ဝယ်ယူသူများအတွက် အဆင်ပြေချော့မွေ့စွာ ဝယ်ယူအောင် ဝန်ဆောင်မှုပေးထားပါတယ်” ဟုဆိုသည်။ ဝယ်ယူသူများက အရောင်းပြခန်းသို့လာရန်မလိုဘဲ Facebook နဲ့ Line များမှတဆင့် တိုက်ရိုက် (Live) လွှင့်ပြပြီး အိမ်ခန်းများကို ကြည့်ရူ့ကာ အလွယ်တကူ ဝယ်ယူနိုင်အောင် ဆောင်ရွက်ထားကြောင်းလည်း သိရသည်။
Developer Sansiri ကုမ္ပဏီ၏ မဟာဗျူဟာစီမံကိန်းနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ဒုတိယ ဥက္ကဌ Piti Jarukamjorn က “ ကျနော်တို့ ကုမ္ပဏီအတွက် ဝယ်လိုအားတုံ့ပြန်မှုအားကောင်းစေဖို့ Sansiri ဝက်ဆိုက်လ်မှာ Sansiri 24 online booking စနစ်တစ်ခုကို အသစ်တည်ဆောက်လိုက်ရတယ်” ဟုဆိုသည်။ မြန်မာနိုင်ငံတွင်လည်း အိမ်ခြံမြေရောင်းအဝယ်ကုမ္ပဏီများကလည်း အွန်လိုင်းချန်နယ်ကို အားပြုပြီး ဝယ်ယူသူများ ကိုဗစ် ၁၉ ကူးစက်မှုအကာအကွယ်ဖြစ်ရန် ကြိုးစားလာကြသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ရောင်းဝယ် ၊ ငှား ဝက်ဆိုက် Shweproperty.com သည်လည်း ဝယ်ယူသူများအနေဖြင့် အိမ်မှာနေရင်း အလွယ်တကူ ဝယ်ယူနိုင်အောင်အွန်လိုင်းမီဒီယာများဖြစ်သော Shweproperty ဝက်ဝ်ဆိုက် ၊ Shweproperty အက်ပလီကေးရှင်း ၊ Shweproperty Facebook Page များ ကိုလွယ်ကူရိုးရှင်းစွာ ဖန်တီးထားသည်။ Shweproperty.com ၏ အွန်လိုင်းချန်နယ်များမှတစ်ဆင့် အိမ်ခန်းများကို စိတ်ကြိုက်ကြည့်ရူ့ လေ့လာပြီး online booking များပြုလုပ်ကာ sale person များနှင့် ချိတ်ဆက်ဝယ်ယူနိုင်အောင် ပြုလုပ်ထားသည်ကိုလည်းတွေ့ရသည်။
Written By: Shwe Kyaw (ShweProperty.com)
Posted By: Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ