By Aye Sandar, Shweproperty.com
Updated at 5 February 2021
စီးပွားလာဘ်လာဘပေါကြွယ်စေရန် ဆောင်သင့် ရှောင်သင့်သော အယူအဆများနဲ့ လိုက်နာအပ်သည့် အကျင့်များရှိသလို အရောင်းအဝယ်ကောင်းစေရန်၊ ကျန်းမာရေးကောင်းစေရန်သတိထား လိုက်နာရမည့် အရာများလည်းရှိပါသည်။ ယခုပြောပြပေးမည့် အကြောင်းအရာများသည် ယတြာဟုဆိုလည်း မမှားနိုင်ပေ။အိမ်ခြံမြေနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်သည့် နည်းလမ်းကောင်းတစ်ချို့ကို ပြောပြပေးသွားမည် ဖြစ်ပါသည်။ အိမ်အမြန်ဆုံး ရောင်းထုတ်လိုပါက အကြောင်းအမျိုးမျိုးကြောင့် မိမိအိမ်အား ရောင်းထွက်လိုပါက အုန်းလက် တစ်လက်ပေါ်တွင် “အိမ်ရောင်းထွက်” ဆိုသည့် စာတန်းကို ဆော့ပင် (Marker Pen) နှင့် ထင်ရှားအောင် ရေးရမည်။ ထိုအုန်းလက်ကို အိမ်ဦးခန်း၌ ၇၂ နာရီပြည့်သည့်အထိ ထောင်ထားပေးရပါမည်။ နောက်နေ့မနက်၌ ဘယ်ဘက်လက်ဖြင့် အုန်းလက်ကိုကိုင်ဆောင်၍ “အိမ်ရောင်းထွက်”ဟု ခုနှစ်ကြိမ် ရွတ်ဆိုရမည်။ ပြီးနောက် အဝေးသို့ လွှတ်ပစ်လိုက်ပါ။ ထိုသို့ ပြုလုပ်နေစဉ် မည်သူ တစ်ဦးတစ်ယောက်နှင့်မျှ စကားမပြောဆိုမိရန် အထူးသတိပြုရပါမည်။ ဤနည်းဖြင့် ရောင်းထွက်လိုသော် အိမ် မကြာမီတွင်း အဆင်ပြေချောမွေ့စွာ ရောင်းထွက်သွားပါမည်။ မြေကွက်များ စျေးကောင်းရစေရန် မိမိတွင်ရှိသော မြေအား အမြန်ဆုံးရောင်းချလိုပါက ယခုပြောပြမယ့်နည်းလမ်းလေးကို စနစ်တကျလိုက်နာ အသုံးချသင့်ပါသည်။မြေအိုးလွတ်တစ်လုံးထဲသို့ ရောင်းချမည့်မြေ၏ မြေကြီးကို ထည့်ပေးပါ။ မှန်ကွဲများ၊ ပဲပင်ပေါက်၊ ပဲပြားကိုလည်း ထိုအိုးထဲသို့ ထည့်ပေးရမည်။ ထို့နောက် ရောင်းမည့် မြေကြီးကိုတူးပြီး မြေပေါ်တွင် မြေဖြူမှုန့်များ ဖြူးပေးပါ။ ထိုနေရာတစ်ဝိုက်တွင် မြေအိုးကို မြှုပ်ရမည်။ ပဲပင်ပေါက်များကို အိုးပေါ်မှာ တင်ထားပြီး မြေပြန်ဖို့ရမည်။ ဖို့ထားသော ထိုမြေပေါ်တွင် “မ” အက္ခရာရေးသားရင်း မြေစျေးကောင်းရပြီး အမြန်ဆုံးရောင်းရလိုပါကြောင်း နှုတ်ကပြောပေးရပါမည်။ အချိန်တိုတွင်း ဘိုးဘွားပိုင်အိမ်ရောင်းထုတ်နည်း ဘိုးဘွားပိုင်အိမ် ရောင်းချလိုပါက မူလဆောက်လုပ်ခဲ့သော ဘိုးဘွားတို့အား သက္ကစ္စဂါရဝ ပြုသည့်အနေဖြင့် ရောင်းချမည့်အိမ်တွင် ဖယောင်းတိုင် သုံးတိုင်နှင့် အမွှေးတိုင်သုံးတိုင်တို့ကို မြေကြီးပေါ်တွင် ထွန်းညှိရပါမည်။ ထို့နောက် ပရလောကသတ္တဝါအပေါင်းတို့အား မေတ္တာပို့သ အမျှဝေ ခွင့်တောင်းရပါမည်။ အဆောင်လုပ်ရမည့်နေ့မှာ ရောင်းချမည့်သူ၏ မွေးနေ့ ညနေ ၆ နာရီအချိန်တွင် ဖြစ်ပါသည်။ ရက်ပိုင်းအတွင်း အရောင်းဝယ်တည့်မည်ဟု ဆိုသည်။ (အထက်ပါ အကြောင်းအရာများသည် သုတေသီ ဆရာငြိမ်းရေးသားပြုစုထားသည့် သုတအဖြာဖြာစာအုပ်မှ ကောက်နုတ်ထားခြင်းဖြစ်ပါသည်) ဖတ်ရှမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ အိမ်ရဲ့အကျိုးစီးပွားတက်ဖို့ဆို ရှေးထုံးများလည်း လိုက်နာ မှတ်သားဖို့လို အိမ် ကျက်သရေတိုးစေရန် နဂါးဘက်ခြမ်း၊ ကျားဘက်ခြမ်း သိထားအံ့ အိမ်အတွင်းအပြင် စီးပွားလာဘ်ပွင့်နည်း သင် ဘယ်လိုအိမ်မျိုးနဲ့ နေရမလဲဆိုတာ Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ