By 7 Day Daily, Shweproperty.com
Updated at 29 January 2018
အိမ်ခြံမြေ၊ တိုက်ခန်း အရောင်းအဝယ်ပြုလုပ်ရာတွင် လက်ရှိ ပေးဆောင်နေရသည့် ရောင်းဝယ်ခွန် ၃၀ ရာခိုင်နှုန်း အစား ၅ ရာခိုင်နှုန်းသို့ ယာယီ လျှော့ချပေးစေလိုကြောင်း မြန် မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ် တာဝန်ရှိသူများက တောင်းဆို သည်။
မြန်မာနိုင်ငံ ဆောက်လုပ် ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းက ဦးဆောင်ကာ ဇန်န ဝါရီ ၂၆ ရက်တွင် မန္တလေးစွမ်းဟိုတယ်၌ ကျင်းပခဲ့သည့် ဆောက်လုပ်ရေးကဏ္ဍတွင် တွေ့ ကြုံနေရသော အခက်အခဲများ ဖြေရှင်းရေးနှင့် လုပ်ငန်းများ ရေ ရှည်တိုးတက်ရေး နိုင်ငံတော်က ကူညီဖြေရှင်းပံ့ပိုးပေးနိုင်ရန် တင် ပြခြင်းအခမ်းအနားတွင် ဆောက် လုပ်ရေး လုပ်ငန်းလုပ်ကိုင်သူများ က တောင်းဆိုခြင်းဖြစ်သည်။
‘‘ဆောက်လုပ်ရေးလောက ပြန်လည်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် လက်ရှိ ကောက်နေတဲ့ အခွန် ၃၀ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းကို လျှော့ပေးဖို့အတွက် တောင်းဆို ခြင်းဖြစ်ပါတယ်။ အခွန်လျှော့ ကောက်လိုက်လို့ နိုင်ငံတော် အတွက်လည်း အခွန်ငွေလျော့ကျ မသွားနိုင်ပါဘူး။ ပိုလို့တောင် ရနိုင်ပါသေးတယ်။ အဲဒီအတွက် လည်း ကျွန်တော့်ဆီမှာ အချက် အလက် စုံစုံလင်လင်နဲ့ တင်ပြပြီး ဖြစ်တယ်။ ဒါကြောင့် နိုင်ငံတော် လည်း အကျိုးရှိ၊ တိုက်ခန်းဝယ်ယူ သူတွေလည်း အကျိုးရှိ၊ ကျွန် တော်တို့ ဆောက်လုပ်ရေးလုပ် ငန်းရှင်များလည်း အကျိုးရှိပြီး သားရွှေအိုးထမ်းတဲ့ကိစ္စ ဖြစ်လို့ အမြန်ဆုံး ဆောင်ရွက်ပေးစေချင် တယ်’’ဟု မြန်မာနိုင်ငံ ဆောက် လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးရှိန် ဝင်းက ပြောသည်။
အိမ်ခြံမြေ၊ တိုက်ခန်းများ အရောင်းအဝယ်ပြုလုပ်ရာတွင် အရောင်းအဝယ်ခွန်ကို ၂၀၁၅ တွင် ၁၅ ရာခိုင်နှုန်း ကောက်ခံခဲ့ပြီး ၂၀၁၆ ကစတင်ကာ ၃၀ ရာခိုင် နှုန်း ကောက်ခံခဲ့သည်။
အိမ်ခြံမြေ ရောင်းဝယ်ခွန် ၁၅ ရာခိုင်နှုန်း ကောက်ခံချိန်က တစ်နှစ်လျှင် နိုင်ငံတော်က အခွန် ငွေကျပ်ဘီလီယံ ၁၂၀ ကျော် ရရှိ ပြီး ၂၀၁၆ မှစတင်ကာ ၃၀ ရာခိုင်နှုန်း ပြောင်းလဲကောက်ခံ ချိန်တွင် နိုင်ငံတော်အတွက် အခွန်ရငွေ ကျပ် ၆၅ ဘီလီယံ ရရှိပြီး ၂၀၁၇ ၌ ကျပ် ၂၅ ဘီလီယံသာရရှိတော့ကြောင်း ဦးရှိန်ဝင်းက ပြောသည်။
အိမ်ခြံမြေ၊ တိုက်ခန်း ရောင်းဝယ်ခွန်များ ယာယီလျှော့ ချကောက်ခံပေးရန် အပါအဝင် စီမံကိန်းများ အာမခံထားရှိပြီး စီမံ ကိန်းအကြီး၊ အသေးပေါ်မူတည် ၍ သုံးနှစ်မှ ၁၀ နှစ်အထိ ဘဏ် ချေးငွေရရှိရန်၊ ဘဏ်ချေးငွေ အတိုးနှုန်းများ လျှော့ချပေးရန်၊ အိမ်ရာဝယ်ယူသူများအတွက် ၁၅ နှစ်မှ နှစ် ၂၀ အထိ နှစ်ရှည်ဘဏ် ချေးငွေများဖြင့် ဝယ်ယူခွင့်ရရှိ နိုင်ရန်၊ တည်ဆောက်ရေးဆိုင်ရာ ခွင့်ပြုမိန့်များ ထုတ်ပေးသည့် ကာလသတ်မှတ်ချက် ကြေညာ ပေးရန် (ဥပမာ- ရှစ်ထပ်ခွဲ အောက်ကို တစ်လအတွင်း၊ ၁၂ ထပ်အထိ နှစ်လအတွင်း၊ ၁၂ အထက်ကို ခြောက်လအတွင်း စသည့် ကာလသတ်မှတ်ချက်) နိုင်ငံတော် ဘတ်ဂျက်ငွေဖြင့် ဆောင်ရွက်မည့် တည်ဆောက် ရေးလုပ်ငန်းများ အများအပြား အကောင်အထည်ဖော်ပေးနိုင်ရန် စသည့် အချက်ခြောက်ချက် တောင်းဆိုခဲ့သည်။
ဆောက်လုပ်ရေး လုပ်ငန်း ရှင်များ တင်ပြလာသော အချက် အလက်များကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ထံ ဆက်လက် တင်ပြမည်ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြော ကြားသည်။
Ref & Photo Credit : 7 daydaily
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ