By ShweProperty.com, Shweproperty.com
Updated at 25 February 2018
အမေရိကန်ဒေါ်လာ သန်းနှင့်ချီတဲ့ ရင်းနှီးမြှုပ်နံှမှုတစ်ခုကို Shwe Property က ထပ်မံရရှိခဲ့တယ်လို့ ဖေဖော်ဝါရီလ (၂၀) ရက်နေ့က Shwe Property က သတင်းထုတ်ပြန်လိုက်ပါတယ်။ ကိန်းဂဏန်း အနေနဲ့ ကြီးမားသော်လည်း အတိအကျပမာဏကိုတော့ အတိအလင်း ထုတ်ဖော်ဖွင့်ဟခြင်း မပြုခဲ့ပါဘူး။
အဆိုပါရင်းနှီးမြှုပ်နှံမှုဟာ လက်ရှိ Shwe Property မှာ ရင်းနှီးမြှုပ်နှံထားတဲ့ လန်ဒန်အခြေစိုက် ရင်းနှီး မြှုပ်နှံမှုကုမ္ပဏီ၊ ဆွီဒင်နိုင်ငံမှ Vostok New Ventures ကုမ္ပဏီနဲ့ Shwe Property ရဲ့ အုပ်ချုပ်မှု ဒါရိုက်တာ Kevin Goos တို့လည်း အဆိုပါ ရင်းနှီးမြှုပ်နှံမှုမှာ ပါဝင်ပါတယ်။ ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီး မြှုပ်နှံမှုကို Shwe Property ကနေ ရရှိခဲ့တာဟာ မြန်မာ့အိမ်ခြံမြေဈေးကွက်ကို ပြောင်းလဲဖို့ ရရှိခဲ့တာလည်း ဖြစ်တယ်လို့ Shwe Property က ယုံကြည်ထားပါတယ်။
ရင်းနှီးမြှုပ်နှံမှုမှာ ပါဝင်တဲ့ Vostok အမှုဆောင်အရာရှိချုပ် Per Brilioth က “မြန်မာနိုင်ငံရဲ့ နံပါတ်(၁) အိမ်ခြံမြေ ဝဘ်ဆိုဒ်မှာ ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံခွင့်ရတာ ဝမ်းသာပါတယ်။ နိုင်ငံအတွင်း အွန်လိုင်းကဏ္ဍ တွေများစွာ အတွက် တကယ့်ကို ခိုင်ခံ့မှုရှိတဲ့စီမံခန့်ခွဲမှုအဖွဲ့ဝင်တွေ သူတို့မှာ ရှိနေပါတယ်။ ပြီးတော့ သာမာန်ထက်ထူးခြားပြီး စစ်မှန်တဲ့ စီးပွားရေးလုပ်ဆောင်မှုဆွဲအားတွေလည်း သူတို့မှာ ရှိပါတယ်။ သူတို့ရဲ့ နည်းဗျူဟာ၊ ကျွမ်းကျင် ပိုင်နိုင်မှုနဲ့ စွမ်းဆောင်ရည်မြင့် အကောင်အထည်ဖော်မှုတွေဟာ သူတို့ရဲ့ အောင်မြင်မှုပထမစံနှုန်းလည်း ဖြစ်ပါတယ်။ Shwe Property ရဲ့ အနာဂတ်မှာ ထပ်ပြီး တိုးတက်ဖို့နဲ့ လုပ်ငန်းထောက်ပံ့ဖို့အတွက် ကျွန်တော်တို့ မျှော်လင့်ပါတယ်။” လို့ ဆိုပါတယ်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုသည် ပုဂ္ဂလိကနဲ့ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများ ပေါင်းစပ်ထားတာ ဖြစ်ပြီး ကမ္ဘာ့အိမ်ခြံမြေ ဈေးကွက်မှာ ရင်းနှီးမြှုပ်နှံမှုသူများ၊ အောင်မြင်နေတဲ့ လုပ်ငန်းရှင်များ ပါဝင်ထားတာ ဖြစ်ပါတယ်။ အရည်အသွေးမြင့် ရှယ်ယာရှင်တွေ ပါဝင်နေတာဟာ Shwe Property ဆက်လက် အောင်မြင်မယ်ဆိုတဲ့ အထောက်အထားတစ်ခုလို့ ပြောနိုင်သလို၊ ရင်းနှီးမြှုပ်နှံသူအားလုံးဟာ အနာဂတ်မှာ လိုအပ်ပါက ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေကို ထပ်မံလုပ်ဆောင်သွားဖို့ အဆင်သင့်ရှိနေပါတယ်။
“Shwe Property အဖွဲ့ဝင်တွေဟာ ထူးချွန်တဲ့ လုပ်ငန်းတွေကို လုပ်ဆောင်နေပြီး အင်္ဂလန်အခြေစိုက် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ Vostok New Ventures နဲ့ Kevin တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပါဝင်ခြင်းကို များစွာ ဂုဏ်ယူမိပါတယ်။ ဒီရင်းနှီးမြှုပ်နှံမှုဟာ ကျွန်တော်တို့ရဲ့ နံပါတ်(၁)ဖြစ်တဲ့ Shwe Property.com ကို ပိုပြီး ခိုင်မာစေပါတယ်။ ဒီပေါင်းစည်းမှုဟာ အတွေ့အကြုံရင့် ရှယ်ယာရှင်တွေအနေနဲ့ မြန်မာရဲ့ အိမ်ခြံမြေနယ်ပယ်ကို ဦးဆောင်ဖို့ ပုံဖော်တဲ့နေရာမှာ ကျွန်တော်တို့ကို ကူညီပေးပါလိမ့်မယ်။” လို့ Shwe Property ရဲ့ CEO ဖြစ်သူ Justin Sway က မှတ်ချက်ပေးပါတယ်။
Shwe Property ဟာ Property Guru နဲ့ the Asian Property Awards (Aisa’s Leading Property Portal) တို့နဲ့ Exclusive Partner ဖြစ်ပါတယ်။ ဒီ Partnership ဟာ Shwe Property ရဲ့ Customer များဖြစ်တဲ့ ဆောက်လုပ်ရေး လုပ်ငန်းးရှင်တွေကို မြန်မာပြည်မှာသာမက အရှေ့တောင်အာရှထိပါ ဈေးကွက်ချဲ့ထွင်မှုများ ကို လုပ်ဆောင်ပေးသွား နိုင်မှာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
နိုင်ငံအတွင်းက အခြားအိမ်ခြံမြေဝဘ်ဆိုဒ်တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် Shwe Property ဟာ လူသုံးအများဆုံးနဲ့ အမြင့်မားဆုံး ဝင်ရောက်ကြည့်ရှုနှုန်းတွေနဲ့ ဦးဆောင်နေခဲ့တဲ့အကြောင်း၊ Shwe Property Website ထဲမှှာ အိမ်ခြံမြေ ဝယ်ယူသူများ၊ ငှားရမ်းလိုသူများနှင့် ရောင်းချမယ့် နောက်ဆုံးပေါ်အိမ်ရာမြေစာရင်းပေါင်း (၁)သိန်းကျော် ရှိပါတယ်။ ပြည်တွင်း အိမ်ခြံမြေဈေးကွက်မှာ ထင်ထင်ရှားရှားနေရာယူထားပြီး နိုင်ငံအတွင်းက အကောင်းဆုံး အိမ်ခြံမြေ လုပ်ငန်းရှင်းတွေ အကျိုးဆောင်တွေနဲ့ ချိတ်ဆက်လုပ်ဆောင်နေတာဖြစ်တဲ့အကြောင်း တွေကို သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ