အသုံးတည့်တော့ အိမ်တိုင်းလိုလိုဝယ်သုံးကြတယ်။ဒါပေမဲ့ အန္တရာယ် ကင်းအောင် သုံးတတ်ဖို့လိုတယ်လေ ဒီလျှပ်စစ်အကြော်အိုးတွေကတစ်ပိုင်းစီဖြုတ်ဆေးလို့ရတဲ့အမျိုးမဟုတ်တော့ အလုပ်ရှင်တွေကို သေသေချာချာပြောပြပေးခဲ့ရတယ်။


သတိပေးခဲ့ပေမဲ့အချိန်မရတဲ့ အိမ်ရှင်မတွေအတွက်အားလုံးကို ထပ်သတိပေးလိုက်ပါတယ်။ အလုပ်ကများတော့ချက်ပြုတ်ကြော်လှော်ရင်း ရေချိုး ရေချိုးရင်းနဲ့ပြာယာခပ်ပြီးသတိလက်လွတ် စတီးဇွန်းတွေနဲ့အကြော်အိုးကိုမွှေ အစိုဓာတ်က များနေတော့ ဓာတ်လိုက်ခံရ ကံသီပေလို့ earth leakage circuit breaker (rcd) လေးကို မီးဖိုဆော့ကက်လိုင်းခွဲမှာ ခံထားပေးခဲ့တာလေးကအသက်ကယ်သွားတယ်။





ဖြစ်ပုံက အကြော်အိုး တွေကိုဆေးကြောပြီးရင် နေပြင်းပြင်းမှာမှောက်ထားပြီး အစိုဓာတ်ကင်းအောင်ထားဖို့သေသေချာချာပြောခဲ့တာကိုလဲအမှုမဲ့ဖြစ် လူကိုယ်တိုင်ကလဲအစိုဓာတ်များနေတဲ့အချိန်ဆိုတော့ ဒယ်အိုးကတစ်ဆင့် earth ဆင်း သလိုဖြစ်သွားတယ်။


အထဲက ကြိုးတွေနဲ့အိုးရဲ့ဘော်ဒီနဲ့ထိတာမဟုတ်ပေမဲ့ အန္တရာယ်ရှိသွားတယ်၊ ဂရုစိုက်ကြပါဗျာ လက်လှမ်းမီရာတွေလဲသတိပေးကြပါ ။အကြော်အိုးတွေကို ဆေးကြောပြီးရင်နေပြင်းပြင်းမှာ လှန်းထားကြဖို့ နောက်တစ်ခုက earth leakage breaker လေးတွေတပ်ဆင်အသုံးပြုကြဖို့ပါ။





Earth wire ပါပြီး three pin socket outlet အသုံးပြုတဲ့ အိမ် တွေအတွက်ကအကြောင်းမဟုတ်ပေမဲ့ အိမ် တိုင်းက earth ကြိုးတပ်မသုံးကြတာများတယ်လေ အခု အလုပ်ရှင် အဒေါ်ကတော့ကံကောင်းပါတယ်။


အပ်လိကေ့ချ်လေးကယ်လို့ပေါ့ ပြီးတော့အပ်လိကေချ့်မှာပါတဲ့ လိမ္မော်ရောင် ခလုတ် အသေးလေးကိုလဲနှိပ်နှိပ်ပြီးလစဉ် စမ်းပေးရပါမယ် အဲ့ဒီ အပ်လိကေ့ချ် ကအမှန်တကယ်ကောင်းသေးရဲ့လား safe ဖြစ်ရဲ့လားဆိုတာကိုပေါ့ buttoon လေးမှာကိုက test monthly လစဉ်စစ်ဆေးပါ လို့ရေးထားပါတယ်။


လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ


သစ်တံခါးဆရာတော်၏ မြေပိုင်ရှင် အိမ်ပိုင်ရှင်ဖြစ်အောင် ဆောင်ရွက်နည်း


အိမ်ဆောက်သင့်သည့်နေ့သားအလိုက်အကျိုးပေးနေ့ရက်နှင့်ဆောင်ရန်ရှောင်ရန်များ


အိမ်ဆောက်ရာတွင်လူသိနည်းလှတဲ့လှေကားအဆံ တပ်ဆင်ခြင်းအကြောင်း သိကောင်းစရာ


ဘာလို့မြေရှင်လက်မှတ်ဆိုတာ အရေးပါလာတာလဲ


Ref : Wunyan
Photo Credit : lupyonews
Posted By : Sint Sint (ShweProperty.com)