By The Myanmar Times, Shweproperty.com
Updated at 6 September 2017
ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဆောက်လုပ်မည့် အငြိမ်းစားဝန်ထမ်းများအတွက် အိမ်ရာစီမံကိန်းမှ အိမ်ခန်းများ ဝယ်ယူရာတွင် ပထမအရစ်ပေးသွင်းငွေကို လျှော့ချပေးနိုင်ရန် စီစဉ်လျက်ရှိသည်ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်းရေးမှူး ဦးကျော်ကျော်စိုးက ယခုလ ၄ ရက်တွင် ပြောသည်။
''အခုလောလောဆယ်လျာထားတာက အခန်းတန်ဖိုးရဲ့ ၃ဝ ရာခိုင်နှုန်းကို အရင်ပေးချေရမယ်။ အဲဒါကို ၂ဝ ရာခိုင်နှုန်းလောက်ထိ ချနိုင်အောင် ကြိုးစားနေတယ်။ ကျန်တဲ့ငွေကိုလည်း ၁ဝ နှစ် အရစ်ကျနဲ့ပေးဖို့ လျာထားတယ်''ဟု ၎င်းက ပြောသည်။
ဝန်ထမ်းအိမ်ရာမှ အခန်းများကို ဘဏ်ချေးငွေဖြင့် အရစ်ကျရောင်းချရာတွင် အတိုးနှုန်းကို ရှစ်ရာခိုင်နှုန်းမှ ၁ဝ ရာခိုင်နှုန်းကြား ထားရှိရောင်းချပေးနိုင်ရန် ဆောင်ရွက်လျက်ရှိသည့်အပြင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း နိုင်ငံခြားချေးငွေရရှိရန် ဆောင်ရွက်လျက်ရှိသည်ဟု ဦးကျော်ကျော်စိုးက ပြောသည်။
အဆိုပါအိမ်ရာစီမံကိန်းကို့ညေါသည နြအမသစသူငအညေ ီနလနူသစာနညအ ကုမ္ပဏီက တာဝန်ယူတည်ဆောက်မည်ဖြစ်ပြီး၊ အိမ်ရာစီမံကိန်း ပန္နက်တင်အခမ်းအနားကို ပြီးခဲ့သည့်လ ၂၇ ရက်က ပြုလုပ်ခဲ့သည်။ မြေနေရာအကျယ်အဝန်း ၁၈၃ ဒသမ ၅၃ ဧကပေါ်တွင် တည်ဆောက်သွားမည်ဖြစ်ပြီး၊ အိမ်ခန်းပေါင်း ၄,ဝဝဝ ခန့်ပါဝင်သည့် ခြောက်ထပ်အမြင့်ရှိ လေးခန်းတွဲ၊ ရှစ်ခန်းတွဲနှင့် ၁၂ ခန်းတွဲအိမ်ရာကို အကောင်အထည် ဖော်တည်ဆောက်မည်ဖြစ်သည်။
လက်ရှိတာဝန်ထမ်းဆောင်နေဆဲဖြစ်ပြီး လာမည့်နှစ်နှစ်အတွင်း အငြိမ်းစားယူမည့် နိုင်ငံ့ဝန်ထမ်းများ အနက် ရန်ကုန်မြို့တွင် အခြေချနေထိုင်လိုသူများကို စာရင်းကောက်ယူပြီး အဆိုပါအိမ်ရာကို ဆောက်လုပ်ခြင်းဖြစ်သည်ဟု ဦးကျော်ကျော်စိုးက ပြောသည်။
''ဝန်ထမ်းတွေ ပင်စင်ယူပြီးရင် သူတို့ဘဝရှေ့ရေး အေးချမ်းအောင်လို့ နေစရာစီစဉ်ရောင်းချပေးတာ ဖြစ်ပါတယ်။ နောက်တစ်ဆင့်အနေနဲ့ ဝန်ထမ်းတွေသာမက တခြားနေစရာ လိုအပ်နေသူတွေအတွက်ပါရောင်းချပေးနိုင်ဖို့ ကြိုးစားနေပါတယ်''ဟု ၎င်းက ပြောသည်။
အိမ်ခန်းတန်ဖိုးများမှာ အကျယ်အဝန်းအပေါ် မူတည်၍ အနည်းဆုံး ကျပ်သိန်း ၁ဝဝ ဝန်းကျင်ခန့်မှ စတင်မည်ဖြစ်သည်။ အဆိုပါအိမ်ရာစီမံကိန်းတွင် ပန်းခြံနှင့် ဈေးဆိုင်ခန်းအချို့ပါ ထည့်သွင်း တည်ဆောက်မည်ဖြစ်သည်။
Ref & Photo Credit : Myanmar Times & The Mirror
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ