By Kumudra, Shweproperty.com
Updated at 30 October 2017
အိမ်ခြံမြေ ဈေးကွက် တဖြည်းဖြည်းအေးလာတာဟာ ၂၀၁၆ ဧပြီ ၁ ရက်ကစ ပြီး ဝင်ငွေခွန်နှုန်းထားတွေ တိုးမြှင့်ကောက်ခံချိန်ကစပါတယ်။ တစ်နှစ်ကျော်ကာလအတွင်း အိမ်ခြံမြေဈေးကွက် ပိုမိုနှောင့်နှေးလာနေတာဟာ ရပ်တန့်သွားနိုင်တဲ့ အခြေအနေ ဖြစ်နေ တယ်လို့ ဆိုပါတယ်။ အဲသည်အတွက် ဝင်ငွေခွန်တွေ လျှော့ချဖို့ လိုအပ်နေတယ်လို့ အိမ်ခြံမြေအရောင်းအဝယ် ကျွမ်းကျင်သူအချို့ကဆိုတယ်။
မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း ဗဟိုဥက္ကဋ္ဌ ဦးခင်မောင်သန်းက “ပြည်သူ့အစိုးရ အတွက်လဲ ဝင်ငွေခွန်တွေ များများရအောင်၊ ပြည်သူတွေဘက်ကလဲ ဝင်ငွေခွန်ပေးဆောင်ပြီး တရားဝင် မှတ်ပုံတင်နိုင်တဲ့သူများလာအောင် အဲဒီ မြင့်တက်နေတဲ့ ဝင်ငွေခွန်တွေကို လျှော့ချပေးသင့်တယ်၊ အခုဆိုရင် ရန်ကုန်မှာ အိမ် ခြံမြေဈေးနှုန်းတွေ အများကြီး ထိုး ကျသွားပါတယ်၊ ရန်ကုန်မြို့ပြင် နေရာတွေမှာ ၆၀ ရာ ခိုင် နှုန်းကနေ ၇၀ ရာခိုင်နှုန်းလောက်အထိ ဈေး နှုန်းတွေ ကျဆင်းနေပြီး ရန်ကုန်မြို့တွင်းမှာ အိမ်ခြံမြေ ဈေးနှုန်းတွေက ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာ ခိုင် နှုန်းအထိ ကျဆင်းနေတယ်”လို့ ပြောပါတယ်။
ဈေးကွက်နှောင့်နှေး
ပြည်တွင်းအိမ်ခြံမြေဈေးကွက်ကို ပြန်ကြည့်ရင် ၁၉၈၉ က နေ ၁၉၉၇ အောက်တိုဘာလအထိ အရောင်းအဝယ် အလွန်ကောင်းခဲ့တဲ့ နှစ်တွေ ဖြစ်တယ်။ အဲဒါကြောင့် အိမ်ခြံမြေရွှေ နှစ်လို့ ပြောရမယ့်နှစ်တွေပါ။ ဒါပေမဲ့ ၁၉၉၇၊ ၁၉၉၈ တစ် နှစ်အတွင်းမှာ အိမ်ခြံမြေဈေးကွက်အေးပြီး ရပ်တန့် သွားခဲ့ဖူးပါတယ်။ အဲသည်တုန်းက သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ အပြောင်းအ လဲလုပ်လိုက်တဲ့အတွက် အိမ်ခြံမြေ နဲ့ပတ်သက်တဲ့ အပြောင်းအလဲတွေ ဖြစ်သွားခဲ့ပြီး အိမ်ခြံမြေ အရောင်းအဝယ်ရပ်တန့်သွားခဲ့တာပါ။
အဲဒါကြောင့် အစိုးရရဲ့မူဝါဒ၊ အတိုးနှုန်းနဲ့ လူဦးရေတိုးပွားနှုန်းတွေက အိမ်ခြံမြေဈေးကွက်အပေါ် သက်ရောက်နိုင်တဲ့အချက်တွေ ဖြစ်တယ်။ အိမ်ခြံမြေဈေးကွက်အပေါ် အစိုးရရဲ့ မူဝါဒတွေရဲ့ ရိုက်ခတ်မှုက ပြင်းထန်ပါတယ်။ အိမ်ခြံ မြေ ဝယ်လိုအားမြင့် တက်ဖို့ အစိုးရ ဘက်က ပြုလုပ်ပေးနိုင်တာတွေက အခွန်သက်သာခွင့် ပေးတာ၊ ပြည်သူတွေ အိမ်ခြံမြေဝယ်နိုင်အောင် ထောက်ပံ့မှုပေးနိုင်တာပါ။ အဓိက ကတော့ အစိုးရအနေနဲ့ အိမ်ခြံမြေဝယ်လိုအားကိုလှုံ့ဆွပေးနိုင် ပြီး လမ်းမှား ရောက်မသွားအောင် ထိန်းကျောင်းပေးနိုင်စွမ်းရှိရပါမယ်။
ဥပမာ အမေရိကန်မှာ ၂၀ဝ၉ စီးပွားကျဆင်းချိန်မှာ အိမ်ခြံမြေ ရောင်းအားကောင်းအောင် အမေရိကန်အစိုးရက အရင်ဆုံးအိမ် ဝယ် တဲ့ပြည်သူတွေကို အခွန်သက်သာခွင့်ပေးမယ်လို့ ကမ်းလှမ်းခဲ့ တယ်။ ၂၀ဝ၈ ကနေ ၂၀၁၀ အထိ ကာလအတွင်း အခွန်သက်သာခွင့်ပေးမယ်လို့ ကြေညာခဲ့တာကြောင့် အိမ်ဝယ်တဲ့ သူ ၉၀,ဝဝဝ ကျော်အထိရှိလာတယ်။
အိမ်ခြံမြေဈေးကျဆင်းတာဟာ ပြည်သူတွေရဲ့ ပိုင်ဆိုင်ထားပြီးသား ပစ္စည်းတွေ တန်ဖိုးကျဆင်းတာပါ။ အ ရောင်း အဝယ် မလုပ်တဲ့ပြည်သူတွေရဲ့ ကိုယ်ပိုင်ဥစ္စာပစ္စည်းတွေရဲ့ တန်ဖိုးပါ ကျ ဆင်းပါတယ်။ အိမ်ခြံ မြေ ဈေးကြီးမားလာတာဟာ ဈေးကွက် သဘောတရားအရပါ။ အဲဒါကို ကျဆင်းအောင် ပြုလုပ်တာက မှန်ကန်တဲ့နည်းလမ်းမဟုတ်ပါဘူးလို့ ဆိုတယ်။ တရုတ်ပြည်မှာလည်း စီးပွားရေးတွေ ထိုးဆင်းသွားလို့ အိမ်ခြံ မြေဈေးနှုန်းတွေအများကြီး ကျဆင်းမသွားအောင်အစိုးရက ဝိုင်းဝန်း ထိန်းသိမ်းပေးတဲ့အတွက် စီးပွားရေး ပုံမှန်ပြန်ဖြစ်လာပါတယ်။
အိမ်ခြံမြေဈေးကွက်ရပ်တန့်သွားရင် ဆောက်လုပ်ရေးလုပ်ငန်းတွေပါ ရပ်တန့်သွားပါမယ်။ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ လိုအပ်တဲ့ ပစ္စည်းတွေက ပြည်တွင်းမှာမထုတ် လုပ်နိုင်ဘဲ ပြည်ပ က ဈေးကြီးကြီး ပေးဝယ်ရတာတွေ များတယ်ဆိုတာ ထည့်သွင်း တွက်ချက်ရပါမယ်။ အိမ်ခြံ မြေဈေး ကျတာနဲ့ အရင်းအနှီးများတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်တန့်သွားရပါမယ်။ ဆောက်လုပ်ရေးလုပ်ငန်းထဲမှာ မှီခိုလုပ်ကိုင် နေ ရတဲ့ အောက်ခြေအလုပ်သမား မိသားစုတွေရဲ့ စားဝတ်နေရေး ပြ ဿနာတွေပါ ပေါ်လာပါမယ်။ အဲဒါတွေကို ကိုင်တွယ်ထိန်းကျောင်းနိုင်ဖို့က အစိုးရရဲ့ မူဝါဒတွေနဲ့ သက်ဆိုင်ပါတယ်။
ဝင်ငွေခွန်တိုးမြှင့်
ပြီးခဲ့တဲ့ ၂၀၁၆ ဧပြီ ၁ ရက်ကစပြီး အိမ်ခြံမြေအရောင်းအဝယ် ပြုလုပ် ရာမှာ ဝင်ငွေခွန်ကို တိုးမြှင့် ကောက် ခံခဲ့ပါတယ်။ တစ်ကျပ်က နေ ကျပ်သိန်း ၃၀ဝ အထိ ဝင်ငွေခွန် ၁၅ ရာ ခိုင်နှုန်း၊ ကျပ်သိန်း ၃၀ဝ ကနေ ကျပ် သိန်း ၁၀ဝ၀ အထိ ဝင်ငွေခွန် ၂၀ ရာခိုင် နှုန်း၊ ကျပ်သိန်း ၁၀ဝ၀ အထက်ကို ၃၀ ရာခိုင်နှုန်းအထိ ကောက်ခံပါတယ်။ ဝင်ငွေရလမ်း စိ စစ်မှုခံယူ တာ၊ ကျသင့် ဝင်ငွေပေးသွင်းတာ စတဲ့ အခွန်ဆိုင်ရာ စိစစ်မှုခံယူပြီးပါက ချုပ်ဆိုမယ့် စာချုပ် စာတမ်းအမျိုး အစားအတွက် ထိုက်သင့်တဲ့တံဆိပ် ခေါင်းတွေ ဝယ်ယူပြီး စာချုပ်မှာကပ်နိုင်ဖို့ တံဆိပ်ခေါင်းခွန်နှုန်းထား ငါး ရာခိုင် နှုန်းပေးဆောင်ဖို့ သတ်မှတ်ပါတယ်။ လက်ရှိ မှာ တစ် ရာခိုင်နှုန်း လျှော့ပေးထားတဲ့ အတွက် တံဆိပ်ခေါင်းခွန်ကလေး ရာခိုင်နှုန်းပေး ဆောင်ရပါမယ်။
အဲသည်သတ်မှတ်ထားတဲ့ အခွန်တွေ မြင့်မားနေတာတွေကြောင့် အိမ်ခြံမြေဈေးကွက်အေးလာခဲ့ပြီး တစ်နှစ်ကျော်ကြာလာတဲ့ အခါ ပိုမို နှောင့်နှေးလာပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ ဧပြီလ ၁ ရက်မှာ ကျပ်သိန်း ၃၀ဝ၀ အောက် အိမ်ခြံမြေဝယ်သူတွေကို အခွန်အထူး လျှော့ချပေးခဲ့တယ်။ အဲဒါဟာ ဆင်းရဲသားအောက် ခြေလူတန်းစားတွေနဲ့ ဝန်ထမ်းတွေ အိမ်ခြံမြေ ဝယ်ယူနိုင်အောင် အထူးအခွင့်အရေးပေးခဲ့တာလည်း ဖြစ်တယ်။ အဲသည်အတွက် ၂၀၁၄/ ၂၀၁၅ ခုနှစ်မှာ ကောက်ခံရတဲ့ ဝင် ငွေခွန်ဟာ ကျပ် ၁၀၈ ဘီလျံအထိရှိခဲ့တယ်။
၂၀၁၅ မှာလည်း ကျပ်သိန်း ပေါင်း ၁၅,ဝဝဝ အောက် အိမ်ခြံ မြေ ဝယ်ယူသူတွေကို ဝင်ငွေခွန် လျှော့ပေးတဲ့အတွက် အမှန်တကယ်မှတ်ပုံတင်ပြီး တရားဝင်အောင် အခွန်ဆောင်တဲ့သူတွေ ပိုများခဲ့ပါတယ်။ ၂၀၁၅/၂၀၁၆ ခုနှစ်မှာ ဝင်ငွေခွန် ကျပ် ၁၁၈ ဘီလျံအထိ နိုင်ငံတော် က ရရှိခဲ့ပါ တယ်။ ၂၀၁၆ ဧပြီ ၁ ရက်က စပြီး ဝင်ငွေခွန်တိုးလိုက်တဲ့အခါ မှာ တော့ကျပ်ဘီလျံ ၅၀ လောက်ပဲ ရရှိပါတော့တယ်။ အဲဒါ ကိုကြည့်ရင် ပြည်သူတွေရဲ့ စီးပွားရေး အခက်အခဲတွေကြား မှာ ဝင်ငွေခွန်တိုးမြှင့် လိုက်တဲ့အတွက် အိမ်ခြံမြေ အ ရောင်း အဝယ် အေးသွားတာကို တွေ့ ရှိနိုင်ပါတယ်။
အတိုးနှုန်း
အိမ်ခြံမြေဈေးကွက်အပေါ် အတိုးနှုန်းတွေရဲ့ ရိုက်ခတ်မှုက လည်း ပြင်းထန်ပါတယ်။ အိမ်ကို အပေါင် ထားဖို့စဉ်းစားတဲ့အခါ အတိုးနှုန်းကို အရင်တွက်ချက်ဖို့ လိုအပ်ပါတယ်။ အတိုးနှုန်း သက်သာရင် ဝယ်ယူတဲ့ ကုန်ကျ စရိတ်သက်သာပါတယ်။ အတိုးနှုန်းသက်သာတာနဲ့အမျှ အိမ်ခြံ မြေဝယ်လိုအား မြင့်တက်လာပါ မယ်။ အိမ်ခြံမြေဝယ် လိုအားများရင် အိမ်ခြံမြေဈေးနှုန်း တွေ မြင့်တက်လာပါမယ်။ အတိုးနှုန်းတွေ တက်လာရင် အိမ်ဝယ်ဖို့ ကုန်ကျစရိတ်မြင့်တက်လာတဲ့အတွက် အိမ်ခြံမြေဝယ်လိုအား ကျဆင်းသွားပါမယ်။
အဲသည်အတွက် အိမ်ခြံမြေ ဈေးနှုန်းတွေလည်း ကျဆင်းပါတယ်။ ဈေးကွက်ထဲမှာ အတိုးနှုန်း ကျဆင်းတဲ့အခါ Real Estate Investment Trust(REIT) စတော့ခ်တွေက ရတဲ့အမြတ်အစွန်းတွေက ဆွဲဆောင်မှုရှိလာပြီး တန်ဖိုးလည်း မြင့်တက်လာပါတယ်။ အတိုးနှုန်းတွေ မြင့်သွားရင် REIT ရဲ့ အမြတ်အစွန်းတွေ ကျသွားပြီး ဆွဲဆောင်မှုအား နည်းသွားပြီး တန်ဖိုးလည်းကျဆင်းပါတယ်။ အဲဒါကြောင့် အိမ်ခြံမြေ ဈေးကွက်ပုံမှန်လည်ပတ်နိုင်ဖို့က ဘဏ်အတိုးနှုန်းတွေ လျှော့ချဖို့လည်း လိုအပ်နေပါတယ်။
ဝင်ငွေခွန်ဖြေလျှော့ဖို့
အိမ်ခြံမြေအရောင်းအဝယ် နှေးကွေးနေတာကြောင့် ဝင်ငွေခွန်အပေါ် စည်းကြပ်နှုန်း ၃၀ ရာခိုင်နှုန်း အခွန်ကောက်ခံမှုတွေကို ပြန်လည် ပြင် ဆင်ဖို့ စဉ်းစားနေကြောင်း စီမံ ကိန်းဘဏ္ဍာရေးဝန် ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောပါတယ်။ လက်ရှိအစိုးရဟာ အများပြည်သူဆီက အခွန်ကောက် ခံ ရမယ်ဆိုတဲ့ သီအိုရီကို မကျင့်သုံးဘဲ အခွန်ထမ်းဆောင်လိုသူများစွာ ပါဝင်လာနိုင်မယ့်အခွန်စနစ်ကိုသာ ကျင့်သုံးနေတယ်လို့ ဆိုတယ်။
အိမ်ခြံမြေတရားဝင်ရောင်းဝယ်တဲ့အခါ အသုံးပြုရမယ့် တံဆိပ်ခေါင်းခွန်ကိုလည်း ပြီးခဲ့တဲ့ ဇွန်လအတွင်းက ငါးရာခိုင်နှုန်းကနေလေးရာခိုင်နှုန်း လျှော့ချပေးခဲ့တယ်။ နှစ်နှစ်ကျော် အပြောင်းအလဲမရှိတဲ့ အိမ်ခြံ မြေတစ်ပေပတ် လည်စံနှုန်းသတ် မှတ် ချက်တွေကိုလည်း ကာလပေါက်ဈေးထက် လျှော့ချပြီး အသစ်ပြဋ္ဌာန်းဖို့ ကာလတန်ဖိုး စိစစ်ရေး အဖွဲ့က စီစဉ်နေပါတယ်။ အဲဒါအ ပြင် ၂၀၁၇ – ၂၀၁၈ စည်းကြပ်နှစ်အတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ မြေကွက်တန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့က အခွန်စည်းကြပ်ပေးတဲ့အခါ ဈေးနှုန်းတွေ လျှော့ချပေးခဲ့တယ်။
လက်ရှိမှာ မြန်မာ့စီးပွားရေးက ကျဆင်းနေပြီး နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေလည်း လျော့ကျနေ တာဖြစ် လို့ အိမ်ခြံမြေဈေးကွက်မှာ အရင်းအနှီး များများမြှုပ်နှံလိုသူတွေအတွက်ကတော့ မသင့်လျော် သေးဘဲ စောင့်ကြည့်ရမယ့်အနေအထားဖြစ်နေပါတယ်။ ဒါပေမဲ့ နိုင်ငံတော်အစိုးရရဲ့ ကွန်ဒိုမီနီယမ်ဥပဒေတွေ ထွက်ရှိလာပြီး ဝင်ငွေခွန်နှုန်းထားတွေ လျှော့ချပေးတဲ့ တစ်နေ့ အိမ်ခြံမြေ ဈေးကွက် အားကောင်းမောင်းသန် ဖြစ်လာဖို့ကို မျှော်လင့်ရမှာ ဖြစ်ပါ တယ်။
Ref & Photo Credit : Kumudra
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ