By Sint Sint, Shweproperty.com
Updated at 25 February 2020
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့တိုင်းဒေသကြီးအတွင်းရှိမြေတွေကို သတ်မှတ်စည်ပင် စရိတ်ပေးသွင်းပြီး အသုံးပြုခွင့်လျှောက်ထားနိုင်မယ်လို့သိရပါတယ်။
အဆိုပါလျှောက်ထားခွင့်ပြုတဲ့မြေတွေကို စီးပွားရေးလုပ်ငန်းလုပ်ကိုင်ဖို့အတွက်သော်လည်းကောင်း၊ လူနေထိုင် ဖို့အတွက်သော်လည်းကောင်းအသုံးပြုနိုင်မှာဖြစ်ပြီး မည်သူမဆိုလျှောက်လွှာပုံစံနဲ့ လျှောက်ထားနိုင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
လျှောက်ထားနိုင်မယ့် မြေကွက်တွေစာရင်းထဲမှာ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ ဒလမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ ဆိတ်ကြီးခနောင်တို့မြို့နယ်၊ ကျောက်တန်းမြို့နယ်အတွင်းက မြေကွက်တွေပါဝင်ပြီး လျှောက်လွှာတွေကို ၂၀၂၀ ခုနှစ်၊ မတ်လ ၆ ရက်နေ့အထိလက်ခံသွားမှာဖြစ်ပါတယ်။ မြေကွက်စာရင်းကို အသေးစိတ်ကို www.yangon.gov.mm မှာအသေးစိတ်ဖတ်ရှုနိုင်ပါတယ်။
Ref : Myanmar B2B Management Magazine
Photo Credit : Dotproperty
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ