By Myanmar Times, Shweproperty.com
Updated at 28 July 2016
၂၀၁၆ ခုနှစ်ရဲ့ နှစ်လယ်ကို ကျော်လွန်လာပြီးတဲ့နောက်မှာ ဈေးနှုန်းမြင့်တဲ့ မြို့တွင်းအိမ်မြေ ဈေးကွက်အနေနဲ့ ဒီနှစ်ကုန်ပိုင်းအထိ မထူးခြားတဲ့ အနေအထားနဲ့သာ ရှေ့ဆက်သွား ဖွယ်ရှိနေကြောင်း ဝါရင့် အိမ်ခြံမြေအကျိုး ဆောင်အများစုက သုံးသပ်ကြပါတယ်။
အိမ်ခြံမြေ အရောင်းအဝယ်အတွက် အခွန်သတ်မှတ်ချက်ဟာ ၂၀၁၅ ခုနှစ်မှာ ဝယ်ယူသူတွေ အတွက် အတော် လုပ်သာ ကိုင်သာရှိခဲ့ပေမဲ့ အရောင်းအဝယ် သွက်လက် ခြင်းမရှိခဲ့ဘဲ တန်ဖိုးမြင့်တဲ့ မြို့တွင်း အိမ်ခြံမြေ ဈေးကွက် အခြေအနေ ပိုဆိုးခဲ့ပြီး အငှား ဈေးကွက်သာ အလုပ်ဖြစ်ခဲ့ပါတယ်။
၂၀၁၅ ခုနှစ် အခွန်သတ်မှတ်ချက်ကို ပြန်ကြည့်ရင် တစ်ကျပ်ကနေ ကျပ်သိန်း ၁,၀၀၀ အထိကို သုံးရာခိုင်နှုန်း၊ ကျပ်သိန်း ၁,၀၀၀ ကနေ ၅,၀၀၀ အထိ ငါးရာခိုင်နှုန်း၊ ကျပ် သိန်း ၅,၀၀၀ ကနေ ကျပ်သိန်း ၁၀,၀၀၀ အထိ ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀,၀၀၀ ကနေ ကျပ်သိန်း ၁၅,၀၀၀ အထိ ၂၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၅,၀၀၀ နဲ့ အထက်ကို ၃၀ ရာခိုင်နှုန်း ပေးဆောင်ဖို့ သတ်မှတ်ခဲ့ပါတယ်။ လက်ရှိမှာတော့ ကျပ် သိန်း ၃၀၀ အထိ ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃၀၀ ကနေ ၁,၀၀၀ အထိ ၂၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁,၀၀၀ နဲ့ အထက်ကို ၃၀ ရာခိုင်နှုန်းအထိ သတ်မှတ်လိုက်လို့ အခွန် အတွက် စဉ်းစားရမယ့် အချက် ပိုသွားရပါတယ်။
လက်ရှိမှာ အရောင်းအဝယ်အတွက် ဝယ် လက်ဘက်က အားသာနေပေမဲ့ အငှားမှာတော့ အိမ်ရှင်ဘက်က အားသာနေကာ နေရာ ကောင်းရင်ကောင်းသလို ဈေးခေါ်နိုင်ပါတယ်။ မြို့တွင်း အငှားဈေးကွက်မှာ အမြင့် ဈေးတန်းအနေနဲ့ တစ်လကို ကျပ် ၁၅ သိန်း ကနေ သိန်း ၃၀ အကြား ခေါ်ဈေးတွေ ရှိနေပါတယ်။
မြို့တွင်းဈေးကွက် အရောင်းအဝယ် ဆက်အေးဖွယ်ရှိတာကြောင့် ငွေကြေးအင် အားရှိတဲ့ စီးပွားရေး လုပ်ငန်းရှင်မျိုးက လုပ်ငန်းအတွက် ဝယ်ယူ အသုံးပြုလိုတာက လွဲလို့ ဝယ်၊ ရောင်း စဉ်းစားသူတွေ အနေနဲ့ မြို့သစ်ဧရိယာတွေကိုသာ ဆက်လက် အား ထားသင့်တယ်လို့ အကျိုးဆောင် အများစုက သုံးသပ်ပါတယ်။
Ref & Photo Credit : Myanmar Times
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ