By Myanmar Builders Guide, Shweproperty.com
Updated at 1 October 2019
(Unicode)
ပြည်တွင်းဈေးကွက်အတွင်း မြင့်တက်နေသည့် အိမ်ငှားဈေးနှုန်းများ ကျဆင်းစေရန် အစိုးရအငှားအိမ်ရာ များကို ထပ်မံဆောက်လုပ်မည်ဖြစ်ကြောင်း ပြည်သူ့အိမ်ရာ ရောင်းချရေးကော်မတီမှ သိရသည်။
“အငှားအိမ်ရာနေထုင်သူတွေအနေနဲ့လည်း ကော်မတီကိုလာပြောတာတွေရှိတယ်။တောင်းဆိုတာတွေရှိတယ်” ဟု ယင်းကော်မတီ၏အတွင်းရေးမှူး ဦးညီညီကပြောသည်။
လက်ရှိတွင် ဗန္ဓုလအငှားအိမ်ရာတွင် အိမ်ရာ ၁ဝလုံးပြန်လည်တည်ဆောက်လျက်ရှိပြီး အဆိုပါအိမ်ရာရှိအိမ်ခန်း များကို လာမည့် ဒီဇင်ဘာလတွင် တစ်လလျှင် ကျပ်သုံးသောင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခ ကျပ်ခြောက် ထောင်ဖြင့်နေထိုင်ခွင့်ပြုမည်ဖြစ်ကြောင်း အဆိုပါကော်မတီမှ သိရသည်။
ဈေးကွက်အတွင်း အိမ်ငှားရမ်းခသည် အနိမ့်ဆုံး ကျပ်ခြောက်သောင်းမှ သိန်းဂဏန်းအထိ မြင့်တက်နေသဖြင့် အဆိပါအိမ်ငှားရမ်းခများ သက်သာစေရန် အငှားအိမ်ရာများဖော်ဆောင်သွားမည်ဖြစ်ကြောင်း ကော်မတီထံမှ သိရသည်။
“အိမ်ရာအသစ်တွေ ဖော်ဆောင်ဖို့နေရာတွေရှာနေတယ်။ဒါတွေကိုသက်ဆိုင်ရာအလိုက် ညှိုနှိုင်းပြီးရင် အကောင်အထည်ဖော်သွားမယ်။အခုမြင့်တက်နေတဲ့ အငှားဈေးလည်းပြုတ်ကျသွားနိုင်တယ်”ဟု ဦးညီညီကဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရသည် အငှားအိမ်ရာများကို ၂၀၁၆ခုနှစ်မတ်လက လျှောက်လွှများ စတင်ရောင်းချခဲ့ပြီး အခန်းပေါင်း ၁၁၅ဝကျော်မှ ပထမတန်းစီဇယားတွင် ပါဝင်သူ ၂၅၀ ဦးနှင့်မဲနှိုက် ရွေးချယ်သူ ၁၄၀၀ကို မဲစနစ်ဖြင့်ငှားရမ်းနေထိုင်ခွင့် ရရှိသူများကို ရွေးချယ်ခဲ့ကြောင်း တိုင်းဒေသကြီးအစိုးရ၏ သတင်းထုတ်ပြန်ချက်များအရသိရသည်။
(Zawgyi)
ျပည္တြင္းေဈးကြက္အတြင္း ျမင့္တက္ေနသည့္ အိမ္ငွားေဈးႏႈန္းမ်ား က်ဆင္းေစရန္ အစိုးရအငွားအိမ္ရာ မ်ားကို ထပ္မံေဆာက္လုပ္မည္ျဖစ္ေၾကာင္း ျပည္သူ႔အိမ္ရာ ေရာင္းခ်ေရးေကာ္မတီမွ သိရသည္။
“အငွားအိမ္ရာေနထုင္သူေတြအေနနဲ႔လည္း ေကာ္မတီကိုလာေျပာတာေတြရွိတယ္။ေတာင္းဆိုတာေတြရွိတယ္” ဟု ယင္းေကာ္မတီ၏အတြင္းေရးမႉး ဦးညီညီကေျပာသည္။
လက္ရွိတြင္ ဗႏၶဳလအငွားအိမ္ရာတြင္ အိမ္ရာ ၁ဝလုံးျပန္လည္တည္ေဆာက္လ်က္ရွိၿပီး အဆိုပါအိမ္ရာရွိအိမ္ခန္း မ်ားကို လာမည့္ ဒီဇင္ဘာလတြင္ တစ္လလွ်င္ က်ပ္သုံးေသာင္းႏွင့္ ထိန္းသိမ္းေစာင့္ေရွာက္ခ က်ပ္ေျခာက္ ေထာင္ျဖင့္ေနထိုင္ခြင့္ျပဳမည္ျဖစ္ေၾကာင္း အဆိုပါေကာ္မတီမွ သိရသည္။
ေဈးကြက္အတြင္း အိမ္ငွားရမ္းခသည္ အနိမ့္ဆုံး က်ပ္ေျခာက္ေသာင္းမွ သိန္းဂဏန္းအထိ ျမင့္တက္ေနသျဖင့္ အဆိပါအိမ္ငွားရမ္းခမ်ား သက္သာေစရန္ အငွားအိမ္ရာမ်ားေဖာ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ေကာ္မတီထံမွ သိရသည္။
“အိမ္ရာအသစ္ေတြ ေဖာ္ေဆာင္ဖို႔ေနရာေတြရွာေနတယ္။ဒါေတြကိုသက္ဆိုင္ရာအလိုက္ ညႇိဳႏႈိင္းၿပီးရင္ အေကာင္အထည္ေဖာ္သြားမယ္။အခုျမင့္တက္ေနတဲ့ အငွားေဈးလည္းျပဳတ္က်သြားႏိုင္တယ္”ဟု ဦးညီညီကဆိုသည္။
ရန္ကုန္တိုင္းေဒသႀကီးအစိုးရသည္ အငွားအိမ္ရာမ်ားကို ၂၀၁၆ခုႏွစ္မတ္လက ေလွ်ာက္လႊမ်ား စတင္ေရာင္းခ်ခဲ့ၿပီး အခန္းေပါင္း ၁၁၅ဝေက်ာ္မွ ပထမတန္းစီဇယားတြင္ ပါဝင္သူ ၂၅၀ ဦးႏွင့္မဲႏႈိက္ ေ႐ြးခ်ယ္သူ ၁၄၀၀ကို မဲစနစ္ျဖင့္ငွားရမ္းေနထိုင္ခြင့္ ရရွိသူမ်ားကို ေ႐ြးခ်ယ္ခဲ့ေၾကာင္း တိုင္းေဒသႀကီးအစိုးရ၏ သတင္းထုတ္ျပန္ခ်က္မ်ားအရသိရသည္။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ