By 7 Day Daily, Shweproperty.com
Updated at 13 October 2017
အိမ်ငှားနေထိုင်သူများ သည် ဧည့်စာရင်းတိုင်ကြားရန် မလိုတော့သော်လည်း တစ်လ ထက်ကျော်လွန်နေထိုင်မည် ဆို ပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများထံ အသိပေးအကြောင်းကြား ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင် စိုးမိုးက ပြောသည်။
အိမ်ငှားရမ်းနေထိုင်သူများ သည် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး များတွင် ဧည့်စာရင်းတိုင်ကြားရန် လိုအပ်ခြင်းရှိ၊ မရှိနှင့် ရပ်ကွက်အ တွင်း နေထိုင်ကြောင်း ထောက်ခံ စာရယူလိုပါက မည်ကဲ့သို့ဆောင် ရွက်ရမည်နှင့် ပတ်သက်၍မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်အ မှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဦးလှဌေးက အောက်တိုဘာ ၁၂ ရက်တွင် ပြု လုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး၌ မေးမြန်းရာတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြန်လည်ဖြေကြားခြင်းဖြစ်သည်။
‘‘ရပ်ကွက်တွေမှာတရားဥပ ဒေစိုးမိုးရေးကိစ္စ၊ လူစိမ်းတွေ ရောက်ရှိနေထိုင်မှုတွေ သိရှိနေစေ ဖို့၊ နောက်တစ်ခုကလုံခြုံရေး ကျိုး ပေါက်မှုမရှိစေဖို့၊ အိမ်ထောင်စု လူစာရင်းတွေ ပြည့်စုံတိကျစွာ သိရှိနိုင်စေရန် အိမ်ငှားနေထိုင် သူများဟာ အုပ်ချုပ်ရေးမှူးရုံးကို အသိပေးအကြောင်းကြားရန်အိမ် ရှင်ဒါမှမဟုတ်၊ မြေရှင်ကိုယ်တိုင် ဆောင်ရွက်သင့်ကြောင်း တင်ပြလိုပါတယ်’’ ဟု ဗိုလ်မှူးကြီး အောင်စိုးမိုးက ပြောသည်။
အိမ်ငှားနေထိုင်သူများအ နေဖြင့် ရပ်ကွက်အတွင်း နေထိုင် ကြောင်း ထောက်ခံစာရယူလိုပါ က သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး ရုံးများတွင် စတင်နေထိုင်စဉ်က တည်းက အသိပေးအကြောင်း ကြားထားရန် လိုအပ်သည်ဟု ၎င်းကဆိုသည်။
‘‘တာဝန်ရှိသူထံ အသိပေး အကြောင်းကြားထားမယ်ဆိုရင် သက်ဆိုင်ရာ တရားဝင်အိမ်ငှား စာချုပ်တွေနဲ့ ကာယကံရှင်ရဲ့မှတ် ပုံတင်မူရင်း၊ မိတ္ထူတို့နဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ နေထိုင် ကြောင်း ထောက်ခံစာရယူနိုင်ပါ တယ်’’ ဟု ဗိုလ်မှူးကြီးအောင်စိုး မိုးက ပြောသည်။
၂၀၁၆ က ပြင်ဆင်ရေးဆွဲခဲ့ သည့် ရပ်ကွက် (သို့မဟုတ်) ကျေး ရွာအုပ်စု အုပ်ချုပ်ရေးဥပဒေတွင် ဧည့်စာရင်းတိုင်ကြားရမည်ဆို သည့်အချက်ကို ပယ်ဖျက်လိုက် သော်လည်း ရပ်ကွက်အုပ်ချုပ်ရေး မှူးအချို့သည် အထက်မှ ညွှန် ကြားချက်မရှိသေးသောကြောင့် ဟုဆိုကာ ဧည့်စာရင်းတိုင်ကြား မှုကို ဆက်လက်လက်ခံနေခြင်း များရှိနေသောကြောင့် ရှင်းလင်း စွာသိရှိရန် မေးမြန်းရကြောင်း ဦးလှဌေးက ဆိုသည်။
‘‘နှစ်ချုပ်လချုပ်နဲ့ နေထိုင်တဲ့ သူတွေဟာ ရပ်ကွက်အတွင်းနေ ထိုင်ကြောင်း ထောက်ခံစာ တောင်းခံတဲ့အခါ ဧည့်စာရင်းတိုင် ကြားခြင်း မရှိလို့ ထောက်ခံစာ မထုတ်ပေးတဲ့အတွက်ကြောင့် အ ငြင်းပွားမှုဖြစ်နေကြတာတွေ တွေ့မြင်နေကြရပါတယ်။ အုပ်ချုပ်ရေး မှူးများအနေနဲ့လည်း ရပ်ကွက်အ တွင်း မည်သည့်နေအိမ်မှာမည် သူတွေ နေထိုင်ကြောင်း မသိတဲ့ အတွက်ကြောင့် အခက်အခဲများ ရှိနေကြောင်းလည်း သိရှိရပါတယ်’’ ဟု ဦးလှဌေးက ပြောသည်။
ထိုသို့သော အခြေအနေများ ကြောင့် အိမ်ငှားနေထိုင်သူများ နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အကြား လွယ်ကူစွာ သိရှိနိုင်မည့် ဆက်သွယ်ရေး နည်းလမ်းတစ်ရပ် ကို ဆောင်ရွက်ပေးပါက အဆင် ပြေနိုင်ကြောင်း ၎င်းကအကြံပြု သည်။
၂၀၁၂ ရပ်ကွက် (သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ တွင် ပါရှိသော အခြားရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုမှ ည အိပ်ညနေလာရောက် တည်းခို သော ဧည့်သည်များအတွက် ဧည့်စာရင်းတိုင်ကြားခြင်းကို လက်ခံ ခြင်း၊ ခွင့်ပြုခြင်း၊ ဧည့်စာရင်းစစ် ဆေးခြင်း၊ ဧည့်စာရင်းတိုင်ကြားမှု ပျက်ကွက်လျှင် အရေးယူခြင်းပြု လုပ်ရမည်ဆိုသည့် အချက်ကို ၂၀၁၆ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုုပ်စု အုပ်ချုပ်ရေးဥပဒေတတိ ယအကြိမ် ပြင်ဆင်ရာ၌ ပယ်ဖျက် ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ၂၀၁၆ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအုပ် ချုပ်ရေး ဥပဒေကို တတိယအ ကြိမ်ပြင်ဆင်သည့် ဥပဒေပုဒ်မ ၁၄ အရ ကျေးရွာအုပ်စုအတွင်း တစ်လနှင့် အထက်ကျော်လွန်၍ တည်းခိုနေထိုင်သူများ ရှိပါက မှတ်တမ်းထားရှိနိုင်ရန် သတ်မှတ် နည်းလမ်းများနှင့် အညီ သက်ဆိုင် ရာ တာဝန်ရှိသူထံ အသိပေး အ ကြောင်းကြားရမည်ဟု အစားထိုး ပြဋ္ဌာန်းခဲ့သည်။
ထိုသို့ အသိပေးအကြောင်း ကြားခြင်းနှင့်ပတ်သက်၍ စမ်း ချောင်းမြို့နယ် ကျွန်းတော မြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်က ‘‘တော်တော်များ များက သဘောပေါက်ပြီး လာအ ကြောင်းကြားကြပါတယ်။ အဲဒီ လိုအကြောင်းကြားတဲ့သူတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ဖောင်လေး လုပ်ပြီး ဖြည့်စေတယ်။ မှတ်တမ်း လုပ်ထားတယ်။ အကြောင်းကြား ခြင်းမရှိတဲ့သူတွေ ထောက်ခံစာ လာလုပ်ရင်တော့ သေသေချာချာ စစ်ဆေးပြီး သူတို့ကို နားလည် အောင် ပြောပြရတယ်။ ဖောင်ကို လည်းဖြည့်ခိုင်းတယ်။ အားလုံးမ ဟုတ်ပေမယ့် တော်တော်များများ ကတော့ လာပြီး အကြောင်းကြား ပါတယ်’’ ဟု ပြောသည်။
Ref & Photo Credit : 7 Day Daily
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ