By Democracy Today, Shweproperty.com
Updated at 29 September 2017
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ယင်းငွေကျပ် ၅ဘီလီယံကို အငှားအိမ်ရာဆောက်လုပ်ရန် လက်ခံပါကလာမည့် လွှတ်တော်အစည်းအဝေးတွင် ဖြည့်စွက်ဘတ်ဂျက်အနေဖြင့် တင်ပြနိုင်ဖွယ်ရှိကြောင်းနှင့် ခွင့်ပြုချက်ရပြီးပါက စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
အငှားအိမ်ရာလျှောက်ထားသည့် ပြည်သူများအနေဖြင့် အာမခံကြေး တစ်လစာနှင့် နေထိုင်မည့် လတစ်လစာ စုစုပေါင်း နှစ်လစာငွေကျပ် ၆ဝ,ဝဝဝ ပေးရုံဖြင့် နေထိုင်ခွင့် ရရှိခြင်းကြောင့် ပိုမိုစိတ်ဝင်စားသူများပြားခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် အငှားအိမ်ရာတည်ဆောက်ရန် ဒဂုံဆိပ်ကမ်းတွင် ပန္နက်ချထားပြီး လျာထားကြောင်း သိရသည်။
ထိုသို့ ငွေကျပ် ၅ဘီလီယံဘတ်ဂျက်ချပေးရာတွင် အိမ်ထောင်စု ၅ဝဝအတွက်လျာထားသော်လည်း အမှန်တကယ်အကောင်အထည်ဖော်ဖြစ်ပါက လျှပ်စစ်မီး၊ရေမြောင်း စသည့်အခြေခံအဆောက်အအုံ စနစ်များအတွက် ယင်းလျာထားငွေအတွင်းမှ ၃ဝရာခိုင်နှုန်း အသုံးပြုဖွယ်ရှိကြောင်း သိရသည်။
တန်ဖိုးနည်းအိမ်ရာသည် ကျပ်သိန်း ၁ဝဝတန်ဝယ်လျှင် ကျပ်သိန်း ၃ဝကျော် ကြိုတင်ပြီးဘဏ်တွင်သွင်းထားရသည်ဖြစ်ကြောင်း သိရသည်။ အငှားအိမ်ရာအနေဖြင့် ပိုက်ဆံကျပ် တစ်သိန်းတောင်မကုန်သည့် အတွက် နေထိုင်ရန် ပိုစိတ်ဝင်စားကြကြောင်း၊မဟာဗန္ဓုလအငှားအိမ်ရာ တုန်းကဆိုလျှင် ရှစ်သောင်းခန့်အထိလျှောက်ကြကြောင်းထို အထဲကမှ အချက်အလက်မစုံလင် သဖြင့် နှစ်သောင်းခန့် ပယ်ပြီး ခြောက်သောင်းခန့်အား မဲနှိုက်ပေးခဲ့ရကြောင်း သိရသည်။
အငှားအိမ်ရာများကို ယခင် အစိုးရလက်ထက်တွင် ငွေကျပ် ၅၄ဘီလီယံအကုန်ကျခံကာ ချင်းပြည်နယ်နှင့် ကယားပြည်နယ်မှ အပ ကျန်တိုင်း၊ပြည်နယ်များတွင် အငှားအိမ်ရာအိမ်ခန်းပေါင်း၅၃ဝဝ ကျော်ကို ဆောက်လုပ်ပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယခင်က အငှားအိမ်ရာကို ဒဂုံ(တောင်ပိုင်း) မြို့နယ် အမှတ်(၂) လမ်းမကြီးနှင့် မဟာဗန္ဓုလလမ်းထောင့်ရှိမြေ ၁၂ဒသမ ၅၃၄ ဧက ပေါ်တွင်မဟာဗန္ဓုလအိမ်ရာမှ အခန်းပေါင်း ၁၂ဝဝ ကို ဗန္ဓုလအငှားအိမ်ရာစီမံကိန်းအဖြစ် ဆောက်လုပ်ပေးခဲ့ကာ လက်ရှိတွင် အိမ်ခန်းပေါင်း ၉ဝဝကို နေထိုင်ခွင့်ပြုထားပြီး ကျန် အခန်းပေါင်း ၃ဝဝ ကိုမူ ခိုင်ခန့်မှု ရှိ၊ မရှိ စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။
Ref & Photo Credit : Democracy & Builders Guide
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ