By Wut Yee Htun (ShweProperty.com), Shweproperty.com
Updated at 29 March 2018
မြန်မာနိုင်ငံ၏ ဝန်ဆောင်မှုအကောင်းဆုံးဘဏ်တစ်ခုဖြစ်တဲ့ AYA Bank ရဲ့ ဘဏ်ချေးငွေရယူပြီး အိမ်ဝယ်ယူ နိုင်မည့် “AYA Home Loan Launch” အိမ်ရာအရောင်းပြပွဲကြီးကို မတ်လ(၃၁)ရက်၊ ဧပြီလ(၁) ရက်နဲ့ (၂)ရက် နေ့တွေမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ အိမ်ခြံမြေဈေးနှုန်း အတက်အကျထက် နောက်ပိုင်းမှာ အရစ်ကျနဲ့ ငွေချေစနစ်တွေ များပြားလာသလို စိတ်ဝင်စားမှုတွေကလည်း ပိုမိုမြင့်တက်လာခဲ့ပါတယ်။
“သင့်အိပ်မက်ထဲက အိမ်ကလေးတစ်လုံးကို နှစ်ရှည်အရစ်ကျဖြင့် ဝယ်ယူနိုင်ပြီ” ဆိုတဲ့ စာသားနဲ့အတူ AYA Bank ရဲ့ ထူးခြား တဲ့အစီအ စဉ်ေ တွကို Shwe Property နဲ့ ပူးပေါင်းပြီး တင်ဆက်မှာပဲ ဖြစ်ပါတယ်။ ဘဏ်ချေး ငွေလျှောက်ထားရယူပြီး အိမ်ရာချေးငွေကို (၅) နှစ်၊ (၁၀) နှစ်နဲ့ (၁၅) နှစ်ထိ နှစ်ရှည်အရစ်ကျတွေနဲ့ ဝယ်ယူခွင့် ပါဝင်ပါတယ်။
မြန်မာနိုင်ငံရဲ့ အိမ်တန်ဖိုး၏ (၁၀၀) ရာခိုင်နှုန်းလုံး ပေးချေဝယ်ယူခြင်း အစဉ်အလာကနေ အခုတော့ ဘဏ်ချေးငွေနဲ့ နှစ်ရှည်ခွဲပေးပြီး အိမ်ဝ ယ်ယူနိုင်တဲ့ အစဉ်အလာတွေ အစားထိုးလာပါပြီ။ ယခင်က အိမ်တန်ဖိုး တစ်လုံးတစ်ခဲတည်း ပေးချေဖို့ အခက်အခဲရှိနေသူတွေဟာ အိမ် ငှား အဖြစ်နဲ့ နေထိုင်ကြတာမို့ အိမ်ငှားဈေး ကွက်ကဏ္ဍဟာ အရေးပါခဲ့ပါတယ်။ AYA Bank ရဲ့ “ AYA Home Loan Launch” အိမ်ရာအရောင်းပြ ပွဲကြီး ကတော့ အိမ်ငှားနေတဲ့သူတွေအတွက် အိမ်ငှားခလစာပေးနေထိုင်ရမယ့်အစား ကိုယ့်ရဲ့ ကိုယ်ပိုင်အိမ်ကလေးမှာ နေထိုင်ရင်း ဘဏ်မှရ ယူထားတဲ့ အရစ်ကျကို လစဉ်ပေးသွင်းရုံပါပဲ။
“ AYA Bank ရဲ့ Home Loan ကို Market ထဲမှာ ပြန်ပြီး Lauch လုပ်တာလည်း ဖြစ်သလို ဝန်ထမ်းတွေ၊ အိမ်ငှားနေရတဲ့သူတွေကို အိမ်ပိုင်ေ စချင်တဲ့အတွက် Income Affordable House တွေကို ပြသတာဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့ အိမ်ခန်းပေါင်း(၂၀၀၀)ကျော်လောက်ကို ကုမ္ပဏီပေါင်း(၄၀)ကျော်နဲ့ ပြသတဲ့ ပွဲလေးပါ။ အိမ်ဝယ်မယ်လို့ စဉ်းစားနေတဲ့သူတွေ၊ အိမ်ဝယ်ဖို့ ငွေကြေးတစ်လုံးတစ်ခဲတည်း မတတ်နိုင်လို့ ဘဏ်ေ ချးငွေနဲ့ အရစ်ကျရမှ ဝယ်မယ်ဆိုတဲ့သူတွေနဲ့ လက်ရှိမှာ အိမ်ငှားနေရတဲ့သူတွေကို ပြပွဲကို လာစေချင်ပါတယ်။
အိမ်ငှားနေတဲ့သူတွေဟာ တစ် လကို တစ်သိန်းခွဲ၊ နှစ်သိန်းအိမ်ငှားခ ပေးနေရတာကို Down Payment လေးတစ်ခုနဲ့ အိမ်ပိုင်နိုင်အောင် ရည်ရွယ်ပြီးတော့ တန်ဖိုးသ င့် တိုက် ခန်းတွေနဲ့ အဆင့်မြင့် ကွန်ဒိုတွေကိုပါ ပြသမှာ ဖြစ်တယ်။ ချေးငွေလျှောက်ထားမှုကိုလည်း တစ်ခါတည်း စီစဉ်ပေးဖို့ ရည်ရွယ်ပြီး ဒီပွဲလေးကို လုပ် တာပါ။ နောက်တစ်ခုကတော့ အိမ်ခြံမြေဈေးကွက် အေးနေတာ ကြာနေပြီဆိုတော့ AYA Bank ကနေ တစ်ဖက်တစ်လမ်းနဲ့ Real Estate Market ကို နည်းနည်းလေး ပြန်ပြီးကူညီပေးတဲ့သဘောလည်းပါဝင်ပါတယ်။” လို့ AYA Bank, Cooperate Banking ရဲ့ Assistant Vice President ဦးဇာနည်လင်း ပြောပါတယ်။
(၂၀၁၇)ခုနှစ် နှစ်လယ်လောက်မှ စတင်ပြီး ဘဏ်ချေးငွေအကြောင်းတွေ၊ နှစ်ရှည်အရစ်ကျတွေနဲ့ ပြည်သူတွေနဲ့ မရင်းနှီးသေးတဲ့ အိမ်ဝ ယ်ခြင်း ဆိုင်ရာ အရစ်ကျအထွေထွေစနစ်တွေဟာ သိသိသာသာကိုစိတ်ဝင်စားမှု မြင့်တက်လာပါတယ်။ ဒါဟာ ဆောက်လုပ်ရေးကုမ္ပဏီတွေရဲ့ နှစ်တို အရစ်ကျတွေ၊ အတိုးမဲ့၊ အတိုးနှုန်း စနစ်တွေနဲ့ သတ်မှတ်ရောင်းချပေးမှုတွေ မြင့်တက်လာမှုနဲ့ ဘဏ်တွေရဲ့ ဘဏ်ချေးငွေ မိတ်ဆက်မှု အစီအစဉ် တွေ လုပ်ကိုင်ခွင့်ရလာတာကြောင့်လည်း ဖြစ်ပါတယ်။
(၂၀၁၈)အတွက် “ A Home for Everyone” ဆိုတဲ့ Theme နဲ့ ပြပွဲတွေ အိမ်ခြံမြေပြပွဲတွေ ဆက်တိုက် ကျင်းပပေးနေတဲ့ Shwe Property အနေနဲ့ ဒီပြပွဲမှာ AYA Bank နဲ့ ပူးပေါင်းပြီး လုပ်ကိုင်ခွင့်ရတဲ့အတွက် ဝမ်းသာပျော်ရွှင်မိတယ် လို့ Shwe Property ရဲ့ Managing Director , Kevin Goos က ပြောပါတယ်။ “ (၁၅)နှစ်ထိ နှစ်ရှည်အရစ်ကျပေးလိုက်တာဟာ လစဉ်ပေးချေငွေအနည်းငယ်သာ ကျသင့်တော့မှာ ဖြစ်လို့ အိမ် ငှားဖို့ထက် အိမ်ပိုင်ဖို့ အခွင့်အလမ်းတစ်ခုဖြစ်ခဲ့ပါတယ်။ လာမယ့် (၆)လလောက်ဆိုရင်တော့ အိမ်ဈေးနှုန်း တက်နိုင်ချေရှိတာကြောင့် အခု လက် ရှိအချိန်ဟာတိုက်ခန်းတွေ နဲ့ Mini Condo တွေကို ဝယ်ယူဖို့ အကောင်းဆုံးအချိန်လည်း ဖြစ်ပါတယ်” လို့ ဆိုပါတယ်။
AYA Bank ရဲ့ ဘဏ်ချေးငွေရယူပြီး အိမ်ဝယ်မယ်ဆိုရင်တော့ ပြင်ဆင်လာရမယ့် လိုအပ်ချက် စာရွက် စာတမ်းတွေရှိပါတယ်။ ဘဏ်တိုးနှုန်းဟာ အိမ်ရဲ့တန်ဖိုးနဲ့ ပြန်လည်ညီမျှနေတယ်လို့ ပြောဆိုမှုတွေလည်း ရှိနေပေမယ့် လက်ရှိ AYA Bank ရဲ့ အားသာချက်အရဆိုရင် Amortization Method နဲ့ အတိုးနှုန်း တွက်ချက်မှု စနစ်ပဲဖြစ်ပါတယ်။
“ လစဉ်ပေးရတဲ့ ငွေတွေမှာ အတိုးအရင်းပေါင်း ပါဝင်တာမို့လို့ (၁၃)ရာခိုင်နှုန်းဆိုပေမယ့် တကယ်တမ်းက တစ်နှစ်လုံးပေးရတဲ့ ပမာဏနဲ့ဆိုရင် (၇) ရာခိုင်နှုန်းလောက်ပဲ ကျသင့်တော့တာဖြစ်တဲ့အတွက် တခြားချေးငွေ ပုံစံမျိုးတွေ နဲ့ ယှဉ်လိုက်ရင် Amortization နဲ့ တွက်ချက်တာက ပို သက်သာစေပါတယ်။ နှစ်ရှည်လေ ပိုသက်သာလေပဲ။ ဘာလို့လဲဆိုတော့ ကျန်တဲ့ လုံးပေါင်းပမာဏပေါ်မှာပဲ အတိုးကို ပြန်တွက်ချက်သွားတာ ဖြစ်လို့ တဖြေးဖြေး နှစ်ကြာလာတာနဲ့အမျှ သူ့ရဲ့ ချေးငွေဆပ်ရမယ့် ပမာဏဟာ နည်းလာတယ်။
အဲ့ဒီကျန်တဲ့ အပေါ်မှာပဲ အတိုးကို ပြန်တွက် တာဖြစ်လို့ နှစ်ရှည်လေ ပိုသက်သာလာလေပါပဲ။ နောက်တစ်ခုက အရင်က တစ်ခါမှမပေးခဲ့တဲ့ (၁၅)နှစ်ထိ အရစ်ကျကို ကျွန်တော်တို့ ပေးမှာ ဆိုေ တာ့ ပြန်ဆပ်ရမယ့်သူတွေအတွက် လစဉ် Payment ကလည်း အိမ်ငှားခလောက်ပဲ ပေးရမယ့် အခြေအနေ ဖြစ်သွားတာပေါ့နော်” လို့ ဦးဇာနည်လင်းက ရှင်းပြပါတယ်။
AYA Bank ရဲ့ ဘဏ်ချေးငွေအစီအစဉ်ဟာ စင်္ကာပူ၊ သြစတြေးလျနဲ့ အမေရိကတွေမှာ ရရှိနိုင်တဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ “ ဒါဟာ မြန်မာ့အိမ်ြ ခံမြေ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ အစပျိုးလိုက်တာဖြစ်တဲ့အတွက် AYA Bank နဲ့ ပူးပေါင်းပြီး ပြပွဲလုပ်ခွင့်ရတာကို ဂုဏ်ယူပါတယ်” လို့ Kevin Goos က မှတ်ချက်ပေးပါတယ်။
Written By : Wut Yee Htun (ShweProperty.com) Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ