By The Modern, Shweproperty.com
Updated at 20 May 2016
အိမ်ခြံမြေအရောင်းအဝယ်ဈေးကွက်က မြို့တွင်းမှာသိပ်မဖြစ်ပေမဲ့ တခြားမြို့နယ်တွေမှာတေ့ာ အရောင်းအဝယ်ပြန်ရှိနေပြီး အငှားဈေးကွက် ကတော့ မြို့တွင်းကပိုကောင်းတယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။
မြို့တွင်းအငှားဈေးကွက်က တခြားမြို့နယ်တွေထက်ပိုပြီး အငှားများတာပါ ။ အရောင်းအဝယ်ဈေး ကွက်အေးနေသေး တာကတော့ ဈေးမြင့်တာကြောင့် ဖြစ်တယ်လို့ သိရတယ်။ တခြားမြို့နယ်တွေရဲ့ အရောင်းဈေးကတော့ မြို့တွင်းထက်ဈေးသက်သာပြီး အငှားကလည်း ပုံမှန်အတိုင်းရှိနေတယ်လို့ သိရပါတယ်။
ဝသုန်အကျိုးဆောင်မှ ဦးမောင်ဝင်းက "မြို့တွင်းပိုင်းအငှားများတာက သွားရလာရလွယ်ကူတာလဲပါတယ် ၊ အရောင်းအဝယ်သိပ်မရှိတော့ အငှားဈေးကွက်ပဲအားကောင်းနေတယ် ၊ အဝယ်ကတော့ သာကေတတို့ ဒေါပုံတို့ ၊ သမိုင်းဘက်တွေကို အဝယ်ဆင်းတာများတယ်" လို့ပြောပါတယ်။
အရောင်းအဝယ်ဈေးကွက်မြို့တွင်းမှာ အေးနေရတာက ဈေးမကျဘဲ အမြင့်ဈေးနဲ့တန့်နေတာကြောင့်ပါ။ တခြားမြို့နယ်တွေမှာတော့ ဈေးအလျော့အတင်းရှိသလို ဈေးလျှော့ရောင်းတာတွေရှိတာကြောင့် အရောင်းအဝယ်ပြန်ရှိတာလို့ ပြောပါတယ် ။
ဝါရင့်အကျိုးဆောင်ဦးမောင်မောင်က "ဈေးကွက်အနေအထားကိုကြည့်ပြီးပြောတာပါ၊ မြို့တွင်းနဲ့ တခြားမြိုကနယ်တွေမှာ အရောင်း အဝယ်ဈေးကွက်ပဲ ကွာတာပါ ၊ အငှားဈေးကွက်ကတော့ အတူတူပဲ" လို့ ပြောပါတယ်။
အငှားက တခြားမြို့နယ်တွေမှာ တစ်လကို ကျပ်တစ်သိန်းအောက်နည်းပြီး မြို့တွင်းမှာတော့ ကျပ်တစ်သိန်းခွဲနဲ့ အထက်ရှိတယ်လို့ သိရပါတယ်။
Ref : The Modern
Photo Credit : shutterstock
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ