By The Modern, Shweproperty.com
Updated at 12 January 2016
ရန်ကုန်မြို့တွင်း အိမ်ခြံမြေအငှားဈေးကွက်တွေမှာ ကျပ်တစ်သိန်းအောက် နေရာမရှိသလောက် ဈေးတွေမြင့်တက်နေတယ်လို့ အကျိုးဆောင်တချို့ဆီက သိရပါတယ်။
"အငှားကနေရာတိုင်းလိုလိုမှာ တက်တယ်၊ အခုနောက်ပိုင်း လုံးချင်းတွေဆိုရင် မြို့သစ်တွေမှာတောင် တစ်သိန်းအောက်နဲ့ ငှားလို့မရတော့ဘူး၊ အများစုက ဈေးတွေတက်ပြီး လချုပ်ကိုတောင် (၆) လအနည်းဆုံးပဲ လက်ခံတော့တယ်"လို့ အိမ်ခြံမြေအကျိုးဆောင် ကိုကျော်ကျော်က ပြောပါတယ်။
အခုနောက်ပိုင်း အိမ်ခြံမြေ ငှားရမ်းမှုတွေမှာ လုံးချင်းတိုက်တွေ ဈေးနှုန်းမြင့်လာတာကြောင့် မိသားစုတစ်ခုတည်း ငှားရမ်းလာတာမျိုးမဟုတ်ဘဲ အိမ်ထောင်စု နှစ်ခုသုံးခု စုပေါင်းငှားရမ်းလာကြတယ်လို့ သိရပါတယ်။ ဒါကြောင့်နောက်ပိုင်း လုံးချင်းအငှားဈေးကွက်မှာ အိမ်ပိုင်ရှင်က အငှားစာချုပ်မှာ နေထိုင်မယ့် လူဦးရေကိုပါ တစ်ခါတည်း ထည့်ချုပ်လာကြတာတွေ ရှိတယ်လို့ သိရပါတယ်။
လုံးချင်းငှားရမ်းနေထိုင်မှုတွေမှာတော့ အိမ်ငှားအများစုက အသိအချင်းချင်း ပူးတွဲငှားရမ်းတာတွေရှိသလို အဆောင်ပုံစံပြုလုပ်ပြီး အငှားတင်တာတွေလည်း ရှိပါတယ်။
"လုံးချင်းအိမ်တွေက ဈေးတွေမြင့်တော့ လချင်းပေးနဲ့ အဆောင်နေကြတာ၊ အချို့အိမ်ငှားတွေဆိုရင် အဲဒီလိုအဆောင်ပြန်ငှားပြီး အမြတ်ရတာတွေတောင်ရှိတော့ အခုနောက်ပိုင်းအိမ်ရှင်က ငှားမယ့်သူကို ကြည့်ပြီးမှ ငှားလာကြတယ်"လို့ ကိုကျော်ကျော်က ဆက်ပြောပါတယ်။
လုံးချင်းအငှားဈေးကွက်က မြို့သစ်ဘက်တွေမှာတော့ ကျပ်တစ်သိန်းကနေ ကျပ်ငါးသိန်းလောက်အထိ ဈေးကွက်ရှိနေပြီး မြို့တွင်းပိုင်းမှာတော့ ကျပ် (၁၀) သိန်းကနေ ကျပ်သိန်းရာဂဏန်းလောက်အထိ ဈေးကွက်ရှိနေပါတယ်။ မြို့တွင်းအငှားဈေးကွက်တွေက မိသားစုလိုက်နေထိုင်သူတွေထက် ရုံးခန်းနဲ့ နိုင်ငံခြားသားတွေသာ အငှားများတယ်လို့ သိရပါတယ်။
Ref : The Modern
Photo Credit : Social
Posted By : Wai Phyoe
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ