By Shwesathtagan, Shweproperty.com
Updated at 14 May 2015
ရန်ကုန်အိမ်ခြံမြေဈေးကွက်သည် အေးစက်မှုရှိနေသော်လည်း အငှားဈေးကွက်မှာ ပိုမိုကျယ်ပြန့်လာကြောင်း အိမ်ခြံမြေ ကျွမ်းကျင်သူများထံမှ သိရသည်။ ယခုနှစ်အတွင်း ရန်ကုန်မြို့ အိမ်ခြံမြေ အငှားဈေးကွက်သည် အေးစက်နိုင်သော်လည်း အငှားဈေးကွက် ပိုမိုကြီးလာကြောင်း ကွန်ဒိုမီနီယံဥပဒေပြဋ္ဌာန်းပြီးပါက နိုင်ငံခြားသားများ တိုက်ခန်းဝယ်ယူခွင့် ရရှိလာမည်ဖြစ်ခြင်းကြောင့် အိမ်ခြံမြေ ဈေးကွက်ပိုမိုလှုပ်ရှားမှု ရှိလာနိုင်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း ဥက္ကဋ္ဌဦးခင်မောင်သန်းက ပြောသည်။ “အိမ်ခြံမြေ ဈေးနှုန်းက ၂၀၀၉ ခုနှစ်ကတည်းက ဒီနေ့အထိ တရှိန်ထိုး မြင့်တက်လာတဲ့ အတွက် မောနေတာပါ။ ဒီနေ့ ဈေးကွက်အေးတယ်ဆိုတာက အိမ်ခြံမြေ ဈေးနှုန်းကြီးမြင့်မှုကို အပန်းဖြေနေတာပါ။ အချိန်တစ်ခု ကာလနောက်ပိုင်းမှာတော့ဈေးနှုန်းသင့်တင့်လျောက်ပတ်စွာ ပြန်လည်လှုပ်ရှားလာမယ်လို့ ကျွန်တော်ခန့်မှန်းမိပါတယ်” ဟု ၎င်း က ပြောသည်။ရန်ကုန် အိမ်ခြံမြေ ဈေးကွက်အတွင်း အရောင်းအဝယ် အေးစက်နေသော်လည်း အငှားဈေးကွက် ပိုမိုမြင့်တက်လာနိုင်ဖွယ်ရှိကြောင်း ၎င်း က ပြောသည်။ ရန်ကုန်လူဦးရေ ၇ သန်းလောက်မှာ ၁ သန်း လောက်က အိမ်ငှားနေရတာပါ။ တစ်နှစ်ကို လူဦးရေ ၃၀၀၀၀ ကျော်လောက် ရန်ကုန်ကို တက်လာတာဆိုတော့ အငှားဈေးကွက်ကို ပိုမိုအားပေးသလိုဖြစ်နေတယ်။ ထိုလိုအပ်ချက်ကို မဖြည့်ဆည်းနိုင်သရွေ့အငှားဈေးနှုန်း မြင့်တက်နေဦးမှာပါ” ဟု ၎င်း ကပြောသည်။
Ref : Shwesathtagan
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ