By Builders Guide, Shweproperty.com
Updated at 26 November 2018
ဂျပန်နိုင်ငံ၏ထောက်ပံ့မှုဖြင့် ဆောက်လုပ်ခဲ့သော အငှားအိမ်ရာတွင် ကျူးကျော်များအားနှစ် ၃ဝ အထိ ငှားရမ်းပေးမည်ဖြစ်သော်လည်း သတ်မှတ်စည်းကမ်းဖောက်ဖျက်ပါက နေထိုင်ခွင့်ရုပ်သိမ်းသွားမည်ဖြစ်ကြောင်းဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
ဂျပန်နိုင်ငံမှ လှူဒါန်းပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊UN Habitat နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)တို့ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့ပူးပေါင်းဆောက်လုပ်သော ကျူးကျော်အိမ်ထောင်စုများအတွက် အိမ်ရာလွဲှပြောင်း ပေးအပ်ပွဲအခမ်းအနားကို တောင်ဒဂုံမြို့နယ်အဆိုပါ ရိုးမအိမ်ရာတွင် ကျင်းပခဲ့ပြီး လေးခန်းတွဲငါးထပ် အဆောက်အအုံသုံးလုံးကို ပေးအပ်ခဲ့ကြောင်းသိရသည်။
"အငှားအိမ်ရာဆိုပေမဲ့ ကိုယ်ပိုင်ပစ္စည်းဖြစ်သွားပြီ အစိုးရကလည်း ဒီထဲမှာ ပါဝင်မှာ မဟုတ်တော့ဘူး၊ကိုယ့်အိမ်ရဲ့ခိုင်ခံ့မှုကိုယ့်ဘာသာစောင့်ရှောက်ရမယ်။ရန်ကုန်မြို့တွင်ရှိသောကျူးလေးသိန်းကျော်မှာ သူတို့က ကံကောင်သည့်သူတွေဖြစ်သောကြောင့် စည်းကမ်းရှိရှိ နှင့်နေဖို့ဆိုပြီး ဌာနက တွေ့ဆုံဆွေးနွေးခဲ့တယ်။ ပထမ အိမ်ရာတုန်းက ရောင်းစားတယ် ဆိုပြီး အသံတွေကြားရတယ် အဲဒါမျိုးဆိုရင်တော့ ထိထိရောက်ရောက် စစ်ဆေးပြီးတော့ ဖယ်ရှားဖို့အစီအစဉ်ရှိတယ်"ဟု သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျူးကျော်အိမ်ထောင်စုပေါင်းတစ်သိန်းခွဲကျော်အနက် မှ ဂျပန်နိုင်ငံ၏ အစီအစဉ်ဖြင့်ဆောက်လုပ်သော အိမ်ရာအခန်းပေါင်း ၁၂ဝ ကို ပြီးခဲ့သည့်နှစ်က ပထမ အကြိမ်အဖြစ်ပေးအပ်ခဲ့ပြီးနောက် ယခုအကြိမ်သည် ဒုတိယအကြိမ် မြောက်လွှဲပြောင်း ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
ပထမအကြိမ် ပေးအပ်ခဲ့သည့် အိမ်ရာမှာ ကျီစုသုသာန်အနီးရှိ ရိုးမတန်ဖိုးနည်းအိမ်ရာစီမံကိန်းဝင်းအတွင်းမှ အဆောက်အအုံခြောက်လုံး၊အခန်းပေါင်း ၁၂ဝ ဖြစ်ကြောင်း သိရသည်။
Ref & Photo Credit : Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ