By Win Kyaw Kyaw (ShweProperty.com), Shweproperty.com
Updated at 16 July 2018
အငှားအိမ်ရာ အခန်း ၂၀ ကျော် တစ်လ ၃၂၀၀၀ ကျပ်ဖြင့် ဝန်ထမ်းနှင့် အငြိမ်းစားများကို ငှားမည်ဖြစ်ကြောင်း သိရပြီး၊ အဆိုပါ အိမ်ခန်းများသည် ထားဝယ်မြို့ ပန္နဲတောရပ်ကွက် နှင်းဆီးလမ်းတွင် တည်ဆောက်ထားသော အငှားအိမ်ရာမှ အိမ်ခန်းများ ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး မှ သိရသည်။
ထားဝယ်မြို့ ပိန္နဲတောရပ်ကွက် နှင်းဆီလမ်းတွင် ဆောက်လုပ်ထားသည့် အငှားအိမ်ရာ ငါးလုံးအနက် အိမ်ရာတစ်လုံးကို ငှားမည်ဖြစ်သည်။ ယင်းအိမ်ရာတွင် အခန်းပေါင်း ၂၄ ခန်းပါရှိပြီး တစ်လလျှင် အိမ်ခန်းငှားရမ်းခ ၃၂၀၀၀ ကျပ်ကျသင့်မည်ဖြစ်ကြောင်း သိရသည်။
အိမ်ခန်းငှားလိုသူများအတွက် လျှောက်လွှာတစ်စောင်လျှင် ကျပ် ၁၀၀၀ ဖြင့် ဇွန်လ လယ်ပိုင်းတွင် စတင်ရောင်းချခဲ့ပြီး ၊ ဇူလိုင်လ ၁၅ ရက်နေ့ အထိလျှောက်ထားနိုင်ကြောင်း သိရသည်။
Written By : Win Kyaw Kyaw (ShweProperty.com)
Photo Credit : Globalnewlightofmyanmar
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ