By Moe Z, Shweproperty.com
Updated at 29 September 2015
အိမ်လခတွေသာ တက်သွားပေမယ့် ကုမ္ပဏီဝန်ထမ်း ကိုအောင်ရဲ့ လစာကတော့ မတက်ပါဘူး။ လစာမတက်တာကြောင့်လည်း ကိုအောင်တို့မိသားစုမှာ တစ်လတစ်လ ဝမ်းရေးကို ကြုံသလို ဖြေရှင်းနေရတာပါ။ အပြင်စာ ဝယ်မစားနိုင်တာ နှစ်နဲ့ချီ ကြာမြင့်နေပါပြီ။ ကိုအောင်တို့မိသားစုဟာ တောင်ဒဂုံမှာ နေထိုင်ပါတယ်။ သူ့မှာ မိန်းမနဲ့ ကလေးတစ်ဦးရှိပါတယ်။
ကိုအောင်က "ကလေးမမွေးခင်တုန်းကလဲ ဒီလစာပဲ၊ ကလေးမွေးပြီးတော့လဲ ဒီလစာပဲ၊ အခု ကလေးတောင် လမ်းလျှောက်တတ်နေပြီ၊ စရိတ်တွေသာ ကြီးကုန်တာ လစာက မတက်တော့ ကြပ်ပြီပေါ့"လို့ ပြောပါတယ်။
လခစား ပုဂ္ဂလိက ဝန်ထမ်းတချို့မှာ ရတဲ့လစာနဲ့ အိမ်ငှားစရိတ် မမျှတတာတွေကြောင့် စားဝတ်နေရေးမှာ အခက်အခဲကြုံတွေ့နေရတယ်လို့ သိရပါတယ်။
ကိုအောင်က "ရတဲ့လစာ ဝင်ငွေနဲ့ အိမ်လခက ကွာဟလာတော့ အခက်တွေ့ပြီပေါ့ဗျာ။ အိမ်ဖိုးပြည့်တဲ့လဆို လိုက်ပြီးချေးငှားနေရတယ်၊ လစာက တစ်သိန်းကျော်ပဲ ရတာ၊ အခုအိမ်လခက တစ်လကို တစ်သိန်းကျော်လာပြီ၊ လစာလဲ အိမ်လခထဲမှာပဲ ကုန်နေတော့ ကျွန်တော်တို့လို မိသားစုတွေ တစ်လ တစ်လ အကျွေးတွေ ထပ်လို့ဗျာ"လို့ ပြောပါတယ်။
ကိုအောင်ဟာ လွန်ခဲ့တဲ့ (၄) နှစ်ကျော်လောက်ကတည်းက အိမ်ထောင်ကျတာ ဖြစ်ပါတယ်။ အိမ်ထောင်ကျ ကတည်းက အိမ်ငှားနေတာပါ။ အိမ်စငှားနေတုန်းက အိမ်လခစာ တစ်လကို ကျပ် (၅၀,၀၀၀) လောက်သာ ပေးရပါတယ်။ အခုအချိန်မှာတော့ အိမ်လခက တစ်လကို ကျပ် (၁၂၀,၀၀၀) အထိ ပေးနေရပြီလို့ သိရပါတယ်။
အခုဆိုရင် အိမ်ငှားခတွေဟာ မြို့နယ်တိုင်းလိုလိုမှာ ဈေးတက်နေတာ ဖြစ်ပါတယ်။ တချို့မိသားစုတွေဆိုရင် အိမ်လခဈေး မတတ်နိုင်တော့တာကြောင့် ဘော်ဒါဆောင်တွေမှာ ပြောင်းနေတာမျိုး၊ တည်းခိုခန်းတွေမှာ နေတာမျိုး၊ တစ်လတစ်ခါ ပေးလို့ရတဲ့ အခန်းကျဉ်းလေးတွေမှာ နေထိုင်လာတာမျိုးတွေ ဖြစ်လာပါတယ်။
Written By : Moe Z
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ