By kumudra, Shweproperty.com
Updated at 29 May 2013
နိုင်ငံခြားသားဧည့်သည် ပြန်ဝင်လာတာကြောင့် အခုတစ်ပတ် အိမ်ခြံမြေဈေးကွက်က အဌားပြန်လိုက်လာတယ်လို့ သိရပါတယ်။
‘အဌားက ကမာရွတ်၊ ဗဟန်း၊ မရမ်းကုန်းဘက်တွေ ပြန်လိုက်နေတယ်၊ နိုင်ငံခြားဧည့်သည်တွေ ဝင်လာတာကြောင့်ရယ်၊ ဝါမဝင်ခင် ကြိုတင်ပြင်ဆင်တာလဲ ပါတယ်’လို့ ရွှေကံမြေ အကျိုးဆောင်မှ ဦးခင်မောင်အေးကပြောပါတယ်။
အခုလတ်တလော ရွှေဈေးနဲ့ကားဈေးအေးနေတာကြောင့် ရင်းနှီးမြှုပ်နှံမယ့် စီးပွားရေးသမားတွေ အိမ်ခြံမြေဘက်ကို ပြန်လှည့်လာကြပါတယ်။
‘နောက်ပြီး အခွန်ကလဲ ကျမယ်ကြားနေတယ်၊ အဲဒီတော့ လူတွေက ဝယ်ရဲတာပေါ့၊ လွန်ခဲ့တဲ့ ခြောက်လကထက် အရောင်းရောအဌားပါပိုဖြစ်လာပါတယ်’လို့ကောင်းကောင်း(၂) အိမ်ခြံမြေ အကျိုးဆောင်မှ ဦးအောင်မိုးကျော်က ပြောပါတယ်။
တန်ဖိုးမျှတအိမ်ရာတွေဆောက်လုပ်မယ့် အနီးတစ်ဝိုက်မှာလည်း အရောင်းရောအဌားပါ ဖြစ်နေတယ်လို့ သိရပါတယ်။ ဈေးနှုန်းတွေကတော့ ဗိုလ်ဗထူးလမ်းပေါ်မှာ ဆိုရင် ကျပ်သိန်း ၁၇၀၀ ကနေ ၂၀၀၀ ဝန်းကျင်နဲ့ အရောင်းဈေးဖြစ်နေပြီး အတွင်းမှာဆိုရင်တော့ ကျပ်သိန်း ၅၀၀ ၊ ၆၀၀ ဝန်းကျင်ရှိပြီး လမ်းမနဲ့ ဝေးတဲ့ဘက်တွေမှာဆိုရင်တော့ ကျပ်သိန်း ၄၀၀၊ ၅၀၀ ဝန်းကျင်နဲ့ အရောင်းဖြစ်တယ်လို့ သိရပါတယ်။
Ref: Kumudra
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ