By အောင်, Shweproperty.com
Updated at 30 July 2014
အိမ်ခြံမြေငှားရမ်းခြင်းဆိုင်ရာ အခွန်တိမ်းရှောင် မှုများနှင့်ပတ်သက်၍ မြန်မာတစ်နိုင်ငံလုံး အတိုင်း အတာဖြင့်စစ်ဆေးကာ ပညာပေးမှုများပြုလုပ်သွားမည်ဖြစ် ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးက ယခုလ ၂၉ ရက်နေ့တွင် ပြောသည်။
"အရင်ဆုံး ကျွန်တော်တို့ဘက်က လိုအပ် ချက်တွေ ဘာတွေရှိမလဲ။ အခွန်နဲ့ပတ်သက် တဲ့ အသိ ပညာပေးဖို့ ဘာတွေစီစဉ်ဖို့လိုမလဲ။ အဲဒါတွေကို အရင်စမ်းသပ်မှာ ပါ။ အခွန်ဘာကြောင့်ပေး ဆောင်ဖို့လိုတယ်၊ အခွန်ဘယ်လိုပေးဆောင်ရမယ်ဆိုပြီး အခွန်ဆိုင်ရာပညာပေးပွဲတွေ လိုက် လုပ်နေပါတယ်။ ပြီးတော့မှ ကျွန်တော်တို့ဘက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ပူးပေါင်းပြီး အခွန်စစ်ဆေးတာတွေလုပ်ပါမယ်" ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော် ကျော်က မြန်မာတိုင်း(မ်)ကို ပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နမိတ်အတွင်းရှိ မြို့နယ် ၂၀ ၌ စက်မှုဇုန်၊ စက်ရုံ၊ ဂိုဒေါင်နှင့် အိမ်ခြံမြေငှားရမ်းခြင်း ဆိုင်ရာ အခွန်တိမ်းရှောင်မှုများကို ဇူလိုင်လ နောက်ဆုံးပတ်မှ စတင်စစ်ဆေးလျက်ရှိကြောင်း ယခုလ ၂၇ ရက်နေ့ထုတ်နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြခဲ့သည်။
မြို့နယ် ၂၀ အတွင်းရှိ ရပ်ကွက်ပေါင်း ၂၀၃ ခုမှ မြို့နယ်ထွေထွေအုပ်ချုပ်ရေးမှူး ရုံးများနှင့်ပူးပေါင်းကာ လုပ်ငန်းရှင်များကို ခေါ်ယူမည်ဖြစ်ပြီး ဆွေးနွေးမှုများ ပြုလုပ် သွားမည်ဖြစ်သည်။
"ဒီ မြို့ထဲမြို့နယ် ၂၀ ကို လောလော ဆယ် ပဏာမရွေးထားတဲ့သဘောပါပဲ။ လတ်တလောတော့ စမ်းချောင်းမြို့နယ်မှာ စတင်လုပ်ဆောင်နေပါပြီ။ မြို့နယ် ၂၀ ကို စမ်းသပ် အကောင်အထည်ဖော် ပြီးရင် ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံး လုပ်ပါ မယ်။ တစ်နိုင်ငံလုံးကို လုပ်မှာပါ။ စမ်းသပ်စစ်ဆေး မယ်ဆိုတာက ဥပမာ ဪ ဒလလို နေရာ မျိုး၊ နောက်ပြီး ကွမ်းခြံကုန်းတို့ ကော့မှူးတို့လို နေရာ မျိုးမှာ ငှားရမ်းတာတွေရှိရင်လည်း တန်ဖိုးပမာဏက မကြီးဘူးလေ။ ဒီလိုမျိုးပေါ့။ ပြည်သူတွေမှာ အခွန် ဆောင်ဖို့ ဘာအခက်အခဲတွေရှိနေသလဲဆိုတာကိုလည်း လေ့လာသွားပါ့မယ်" ဟု ဦးကျော်ကျော်ကပြောသည်။
ရန်ကုန်မြို့တွင် ကွန်ဒို၊ တိုက်ခန်း၊ လုံးချင်း၊ မြေကွက်နှင့် စက်မှုဇုန်မြေကွက် များကို ဝယ်ယူချုပ် ကိုင်ထားပြီး နှစ်စဉ် ငှားရမ်းခများကို တိုးမြှင့်ကောက်ခံနေခြင်း ကြောင့် ပိုင်ရှင်များမှာ ငွေကျပ် ဘီလျံပေါင်း များစွာ ဝင်ငွေရရှိနေပြီး ငှားရမ်းသူများမှာ နှစ်စဉ်ငွေကြေးပိုမိုစိုက်ထုတ်နေရသည် ဟု နိုင်ငံပိုင်သတင်းစာက ဖော်ပြခဲ့သည်။
သို့သော် ငှားရမ်းခမှရသည့်ဝင်ငွေအပေါ် အိမ်ရှင်များက လာရောက်အခွန်ပေးဆောင်မှုမှာနည်းပါး လွန်းပြီး ဥပဒေအရ မဖြစ်မနေရင်းနှီးမြှုပ်နှံသူများကသာ တံဆိပ်ခေါင်းနှင့် စာချုပ်ချုပ်ဆိုမှုများ အနည်းအကျဉ်းရှိသည်။ သို့သော် ယခုအစီအစဉ်မှာ ငှားရမ်းခ မြင့်တက်မှုကို ထိန်းချုပ်ရန် မဟုတ် ကြောင်း ဦးကျော်ကျော်က ပြောသည်။
"ဒါက အိမ်ခြံမြေဈေးနှုန်းတွေ မြင့်နေတာ၊ ငှားရမ်းခနှုန်းထားတွေ မြင့်နေတာ နဲ့ မဆိုင်ပါဘူး။ ဈေး ကွက်ရဲ့ လွတ်လပ်မှု ကို အခွန်နဲ့ထိန်းချုပ်တဲ့သဘော မဟုတ်ပါဘူး။ ဈေးကွက်ရဲ့သဘောက ရောင်းလိုအား၊ ဝယ်လိုအားပေါ်မှာ မူတည်ဖြစ်ပျက်နေမှာ ပါပဲ။ အဲဒီလိုမဟုတ်ဘဲနဲ့ ကျွန်တော် တို့က အခွန်ကောက်ခံမှုပေါ်မှာပဲ မူတည်ဆောင်ရွက်သွားမှာပါ" ဟု ၎င်းကပြောသည်။ စည်းမျဉ်း စည်းကမ်းများအရ လက်ရှိပေးဆောင်ရမည့် အခွန်နှုန်းအရ လုံးချင်း၊ ကွန်ဒို၊ မြေကွက်၊ စက်မှု ဇုန်မြေကွက်နှင့် မြေညီထပ် တိုက်ခန်းများ ငှားရမ်းမှု အများစုတွင် ငှားရမ်း ခငွေ၏ ၂၅ ရာခိုင်နှုန်း အထိ ပေးဆောင်ရ မည်ဟု ဖော်ပြထားသည်။
Ref : MM TIMES
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ