By ကုမုဒြာ, Shweproperty.com
Updated at 21 May 2013
ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ယုဇနဥယျာဉ်မြို့တော်မှာ အိမ်အဌားများလာတာကြောင့် အိမ်ခန်းဌားမရတာတွေတောင် ဖြစ်နေတယ်လို့ သိရပါတယ်။
‘မြို့ထဲကနေ ဒီဘက်မှာ လာပြောင်းဌားနေတဲ့ လူများတယ်၊ ဒီလအတွင်းဆိုဌားဖို့ရှာတာ တစ်လုံးမှ မရှိဘူး၊ အကုန်အဌားပြည့်နေပြီး ဌားချင်တဲ့လူများနေတာ၊ လာအပ်တဲ့လူများပေမဲ့ အိမ်ခန်းက မရှိဖြစ်နေတာ’လို့ ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဉ်မြို့တော်ရှိ ထွန်းအိမ်ခြံမြေ ရောင်း၊ ဝယ်၊ ဌားမှ တာဝန်ရှိသူက ပြောပါတယ်။
မြို့ထဲက အိမ်ခန်းတွေရဲ့ အဌားဈေးတက်လာတာကြောင့် အိမ်ဌားနေသူအများစု မြို့စွန်ရပ်ကွက်တွေကို ပြောင်းရွှေ့ ဌားရမ်းနေထိုင်မှု များလာတာဖြစ်ပါတယ်။
‘အိမ်က ဒီလကုန်ရင် ရောင်းထွက်ပြီဆိုတော့ ဆက်မဌားတော့ဘူး၊ ကိုယ်ကပြောင်းပေးရမှာဆိုတော့ အိမ်ဌားဖို့အခန်းရှာတာ ဘယ်မှာမှ မရဘူး၊ ဒီမှာ အိမ်ဌားခတွေ မြို့ထဲကထက် သက်သာတော့ လာဌားနေတဲ့လူများလာလို့ အိမ်ခန်းရှားလာတာ’လို့ ယုဇနဥယျာဉ်မြို့တော် စစ်တောင်းလမ်းမှာနေတဲ့ အိမ်ဌားတစ်ဦးက သူ့အခက်ခဲကို ပြောပြပါတယ်။
ယုဇနဥယျာဉ်မြို့တော်ဘက်က လက်ရှိ အိမ်ဌားခပေါက်ဈေးတွေက ပေ ၄၀ x ပေ ၂၀ တိုက်ခန်းတွေဆိုရင် ကျပ် ၅၀၀၀၀ ဝန်းကျင်အထိရှိပြီး တိုက်ခန်းအကျယ်နဲ့ လမ်းနေရာပေါ်မူတည်ပြီး ဈေးနှုန်း အပြောင်းအလဲ ရှိပါတယ်။ အနည်းဆုံး ခြောက်လ ဌားရမ်းနေထိုင်ရမယ်လို့လည်း သိရပါတယ်။
‘တိုက်ခန်းတွေက အရောင်းအဝယ်ထက် အဌားပိုဖြစ်တယ်၊ ဒီဘက်က လိုင်းကားတွေ ပိုများလာတာရယ်၊ ၅၀၀ ကားတွေလဲ ရှိလာပြီး သွားလာရ အဆင်ပိုပြေလာတော့ ပြောင်းလာတဲ့လူပိုများလာတာ၊ ဒါ့ကြောင့်လဲ အခုလို အခန်းရှားလာတာ’လို့ ယုဇနဥယျာဉ်မြို့တော် စစ်တောင်းလမ်းရှိ အိမ်ခြံမြေအကျိုးဆောင် ကိုဝေလင်းဦးက ပြောပါတယ်။
အရောင်းအဝယ် အဌားများလာပေမဲ့ အိမ်ခန်းဌားခတွေ ဈေးတက်လာတာတော့ မရှိသေးဘူးလို့ သိရပါတယ်။
Ref : ကုမုဒြာ
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ