By kumudra, Shweproperty.com
Updated at 10 July 2014
အိမ်လခတွေ ခြောက်လတစ်ခါတက်လာတာနဲ့ ပတ်သတ်ပြီး အိမ်ငှားရော အိမ်ရှင်ပါ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ စံငှားရမ်းခကို သတ်မှတ်ပေးဖို့ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။
' အိမ်ငှားရမ်းခ တက်လာတာနဲ့ပတ်သတ်ပြီး စာရွက်စာတမ်းတချို့နဲ့ ငှားရမ်းခတိုးတောင်းကြောင်း သက်သေခံလက်မှတ်တွေကို မြို့နယ်အုပ်ချုပ်ရေးမှူးဆီမှာ တင်ပြလို့ရတယ်၊ပြန်ပြီးသင့်တော်တဲ့ငှားခစံနှုန်းကို ပြန်လည်သတ်မှတ်ပေးလိမ့်မယ် ' လို့ မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေးမှူးရုံးချုပ်မှ တာဝန်ရှိသူကပြောပါတယ်။
အခုလိုအိမ်ငှားရမ်းခတွေကို အိမ်ရှင်တွေဖြစ်သူအနေနဲ့ပဲဖြစ်ဖြစ်၊ အိမ်ငှားက မတက်နိုင်လို့ စံငှားရမ်းခ လျှောက်ထားသူတွေကို နှစ်ဦးနှစ်ဖက်အဆင်ပြေအောင် သတ်မှတ်ပေးမှုတွေပြုလုပ်ပေးကြောင်းလည်းသိရပါတယ်။
' ဘယ်သူမှတော့ လာပြီးစာတင်ညှိနှိုင်းတာမရှိသေးပါဘူး၊ ငှားရမ်းမှုတွေကိုလဲ လာရောက်အကြောင်းကြားတာမရှိတဲ့ အိမ်ရှင်အိမ်ငှားတွေပဲရှိတယ် ' လို့မြို့နယ်အုပ်ချုပ်ရေးမှူးတစ်ဦးကပြောပါတယ်။
အိမ်ရှင်တချို့မှာ လစာကိုတစ်နှစ် တစ်ခါဖြစ်ဖြစ်၊ ခြောက်လတစ်ခါဖြစ်ဖြစ် အမြဲတိုးတောင်းလာတာကြောင့် လက်ရှိအိမ်ငှားခတွေမှာလည်း မတန်တဆတက်လာကြောင်း အကျိုးဆောင်တချို့ထံမှသိရပါတယ်။ ' အိမ်ငှားတွေမပြောနဲ့ ကိုယ်တွေတောင် အခုလို ညှိနှိုင်းလို့ရတယ်လို့ မသိဘူး၊ ဒီလိုသိရင်လဲ အလုပ်ပိုတစ်ခုလိုဖြစ်မှာ စိုးတာနဲ့ဆိုတော့ ဘယ်သူမှလဲ ညှိနှိုင်းလစာနဲ့ ငှားရမ်းကြတာမရှိဘူး၊အိမ်ရှင်ကတစ်လ ဘယ်လောက် သတ်မှတ်ရင်ပေးနိုင်ငှား၊ မပေးနိုင်ရင်မငှားဘဲ နောက်တစ်အိမ်ရှာ၊ ဒါမျိုးပဲလုပ်ကြတာ ' လို့ ကျေးဇူး အိမ်ခြံမြေ အကျိုးဆောင်မှ တာဝန်ရှိသူကပြောပါတယ်။
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ