By မိုးညို, Shweproperty.com
Updated at 29 August 2014
ပွင့်လင်းမြင်သာမှုမရှိဘဲ ဝေဖန်မှုများ ကြုံတွေ့နေရသည့် ရန်ကုန်မြို့သစ်စီမံကိန်းမှ မြေဧ က ၃၀,၀၀၀ ကျော် လုပ်ကိုင်ခွင့် ကို တင်ဒါပြန်လည်ခေါ်ယူသွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေ သကြီး အစိုးရအဖွဲ့က သြဂုတ် ၂၈ ရက်ညတွင် နိုင်ငံပိုင်ရုပ်သံ လိုင်း၌ ထုတ်ပြန်ကြေညာသွား သည်။
သြဂုတ် ၂၂ ရက်က ရန်ကုန် တိုင်းဒေသကြီး လွှတ်တော် အ စည်းအဝေးတွင် ရန်ကုန်မြို့တော် ဝန်ဦးလှမြင့်က မြို့သစ်စီမံကိန်း သဝဏ်လွှာကို အသိပေး ပြောကြားခဲ့သည်။
ကျပ် ၇,၀၀၀ ဘီလီယံနှင့် ဒေါ်လာ ၈ ဘီလီယံ ကုန်ကျမည့် စီမံကိန်းကို မြန်မာ့စေတနာ မြို့ သစ်အများပိုင် ကုမ္ပဏီက တည် ဆောက်လုပ်ကိုင်ခွင့်ကို ပေးခဲ့ရာ ခြောက်ရက် အကြာတွင် တည် ဆောက်လုပ်ကိုင်ခွင့်ရမည့် ကုမ္ပ ဏီကို တင်ဒါပြန်လည် ခေါ်ယူ သွားမည်ဖြစ်ကြောင်း ပြန်လည် သတင်းထုတ်ပြန်ခြင်းဖြစ်သည်။
ရန်ကုန်မြို့၏ အနောက် ဘက် လှိုင်မြစ်နဲ့ လှိုင်သာယာ၊ တွံ တေးကားလမ်းကြားကို လျာထား သည့် အဆိုပါ မြို့သစ်စီမံကိန်းမှာ ကနဦးက တိုင်းဒေသကြီးအစိုးရ အဖွဲ့က တင်ဒါမခေါ်ယူဘဲ ၎င်းနှင့် နီးစပ်သည့် ကုမ္ပဏီကို လက်သိပ် ထိုးပေးခဲ့သည်ဟု ပြင်ပတွင် ဝေ ဖန်မှုများ ထွက်ပေါ်လာသဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့က ယခုလို တင်ဒါ ပြန်လည်ခေါ်ယူခြင်းဖြစ်နိုင်ကြောင်း ဆောက် လုပ်ရေး လုပ်ငန်းရှင်အချို့က ပြောကြားသည်။
‘‘တင်ဒါခေါ်မယ်လို့ပဲ ပြော တာ။ ဘာမှ အသေးစိတ်မပြော သွားဘူး။ အသစ်ပြန်ခေါ်မယ့် တင်ဒါက သံသယတွေ ရှိစရာပဲ’’ ဟု မြင့်နှင့်စိုး ဆောက်လုပ်ရေး ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းမော်စိုးက ဆိုသည်။
မြို့ပြစီမံကိန်းအတွက် တင် ဒါပြန်လည်ခေါ်ယူမည်ဆိုပါက လုပ်ကိုင်လိုသည့် ကုမ္ပဏီများ ၏ ငွေကြေးအင်အား၊ လူအင်အား အတွေ့အကြုံတို့ကို သေချာစိစစ် သင့်ပြီး နီးစပ်ရာကို လက်သိပ်ထိုး ခေါ်ယူလုပ်ကိုင်စေမှုမျိုး မရှိစေ ရန်လိုအပ်ကြောင်း မြို့ရွာနှင့် အိုး အိမ်ဖွံ့ဖြိုးမှု ဦးစီးဌာန အငြိမ်း စားညွှန်ကြားရေးမှူး ဦးမြင့်ဆွေ က ပြောသည်။
‘‘လုပ်ကိုင်ခွင့်ပေးမယ်လို့ ပြောတဲ့ ကုမ္ပဏီကို ကြေညာထား တာ ခြောက်ရက်ပဲ ကြာသေး တယ်။ အခု တင်ဒါပြန်ခေါ်မယ်ဆိုတော့ ကစဉ့်ကလျားတွေ ဖြစ်မှာ စိုးရိမ်မိတယ်’’ ဟု ၎င်းကဆိုသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ မြို့ပြစီမံကိန်း ဖော်ဆောင်ရာတွင် အတွေ့အကြုံရှိသည့် ပြည်တွင်း ကုမ္ပဏီမှာ လွန်စွာနည်းပါးပြီး ပြည်ပမှ အတွေ့အကြုံရှိ ကုမ္ပဏီ များနှင့် ပူးပေါင်းလုပ်ဆောင်သင့် ကြောင်း ဦးမြင့်ဆွေက အကြံပြု သည်။
အဆိုပါ စီမံကိန်းတွင် အ ဆင့်မြင့် တန်ဖိုးနည်း အခန်းပေါင်း နှစ်သောင်း၊ မိဘမဲ့ကလေး နှစ် ထောင်ဆံ့ အဆင့်မြင့် ကျောင်း တစ်ကျောင်း၊ အဘိုး၊ အဘွားနှစ်ထောင်ဆံ့ အဆင့်မြင့်ရိပ်သာ တစ်ခုနှင့် ဖြတ်သန်းခ တံတား ကြေးကောက်ခံမည့် ခြောက်လမ်း သွား မြစ်ကူးတံတား ငါးစင်းတို့ ပါဝင်မည်ဟု မြို့တော်ဝန်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
လူဦးရေနှင့်လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကြောင့် မြို့သစ်တည်ဆောက်ရန် စီစဉ်ခဲ့ခြင်းဖြစ် ပြီး၊ ယခုမြို့သစ်စီမံကိန်းမှာ အ ခြားစီမံကိန်းများကဲ့သို့ နိုင်ငံတော် ဘဏ္ဍာငွေမသုံးဘဲစီမံကိန်းတည် ဆောက်သူများ၊ ဒေသခံပြည်သူ များအပါအဝင်အလွှာအသီးသီးမှ ရင်းနှီးမြှုပ်နှံလိုသူများ ပါဝင်နိုင်ရန် ပြင်ဆင်ထားသည်ဟုကြေညာ ချက်တွင်ဖော်ပြထားသည်။
ထိုစီမံကိန်းကို နိုင်ငံတော်သို့ တင်ပြခွင့်ပြုချက်ယူခဲ့ပြီး မြို့မြေ နေရာသတ်မှတ်ရေး တည်ဆဲဥပ ဒေညွှန်ကြားချက်များနှင့်အညီပြု လုပ်ခဲ့သည်ဟုဆိုသည်။
Ref : 7Day Daily News
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ