By The Modern, Shweproperty.com
Updated at 15 February 2016
ရန်ကုန်မြို့တွင်း မြေနေရာအကျယ်အဝန်းကြောင့် ရွှေ့ပြောင်းဆောက်လုပ်လာမယ့် ကွန်ဒိုအဆောက်အအုံတွေ အနေနဲ့ ဝယ်ယူသူတွေရဲ့ လိုအပ်ချက်ပေါ်မူ တည်ပြီး ဆောက်လုပ်ရောင်းချသင့်တယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တချို့ထံက သိရပါတယ်။ ‘ဆောက်လုပ်ရေးဈေးကွက်မှာက တည်ဆောက်မူ့နဲ့ပတ်သက်ပြီး နှစ်မျိုးရှိတယ် ၊ တစ်မျိုးက ဈေးကွက်ကိုဖန်တီးပြီးဆောက် လုပ်တဲ့ဈေးကွက်နဲ့ ဈေးကွက်ရှိနေပြီးသားနေရာမှာ ထပ်ဆောက်လုပ်တဲ့ဝေးကွက် နှစ်ခုရှိတယ် ၊ အခုဒီမှာအများစုက ဈေးကွက်ရှိထားတဲ့နေရာတွေမှာ ထပ်ထပ်ဆောက်တာများတယ် ၊ နောက်ပိုင်းမှာကျတော့ ကိုယ်တိုင်ဈေးကွက်ဖန်တီးပြီးမှ ဆောက်လုပ်တဲ့ဈေးကွက်က ပိုကောင်းနိုင်တယ်’ လို့ အံထူးဆောက်လုပ်ရေးက မန်နေဂျာ ကိုမင်းမင်းက ပြောပါတယ်။
မြေနေရာနဲ့ ဆောက်လုပ်မူ့ ရန်ကုန်မြို့ရဲ့ မြို့တွင်းမြေနေရာဟာ လက်ရှိသတ်မှတ်ထားတဲ့ ဧကဝက် (၂၀၀၀ စတုရန်းပေ) တဖြည်းဖြည်းရှားပါးနေပြီဖြစ်ပါတယ်။ ဒါကြောင့်နောက်ပိုင်းဆောက်လုပ်လာကြတဲ့ ကွန်ဒိုနဲ့ အဆင့်မြင့်အိမ်ရာ အများစုဟာ ဆက်စပ်မြို့နယ်တွေဖြစ်တဲ့ ရန်ကင်း ၊ မရမ်းကုန်း ၊ တာမွေ ၊ လိူင် စတဲ့မြို့နယ်တွေမှာ ဆောက်လုပ်လာကြသလို ဆိပ်ငြိမ်ရပ်ကွက်တွေဖြစ်တဲ့ မြို့သစ်တွေမှာလည်း ဆောက်လုပ်ကြပါတယ် ။
သည်လိုအဆောက်အုံတွေအများစုကတော့ ဈေးကွက်လိုအပ်ချက်ကိုလိုက်ပြီး ဆောက်လုပ်ကြတဲ့တိုက်တွေများပြီး ဝယ်လိုအားကို ဦးစားပေးထားတဲ့ ဝန်ဆောင်မူ့ များပြားတဲ့ ဆိတ်ငြိမ်တိုက်တွေပဲ ဖြစ်ပါတယ်။
မြို့တွင်းဆောက်လုပ်မူ့မှာတော့ ကွန်ဒိုတိုက်ခန်းတွေထက် အဆင့်မြင့်လူနေတိုက်ခန်းတွေများပြားပြီး ဓါတ်လှေကားပါတိုက်တွေကို ကွန်ဒိုပုံစံပြင်ဆင်ရောင်းချကြတာများပါတယ် ။ နောက်ပိုင်းဆောက်လုပ်လာကြမယ့် တိုက်တွေမှာတော့ တကယ်လိုအပ်ချက်ကိုကြည့်တဲ့ လုံးချင်းအိမ်ရာတွေပါဝင်လာသလို လိုအပ်ချက်ကြောင့်မဟုတ်ဘဲ မြေနေရာကိုကြည့်ပြီး ဝန်ဆောင်မူ့ပေးချင်တဲ့ ကွန်ဒိုတိုက်တွေလည်း ဆောက်လုပ်လာကြပါတယ်။
‘ဘယ်လိုလူတွေနေမှာလဲ ၊ နေချင်တဲ့သူတွေ လိုအပ်ချက်နဲ့ ဆောက်ဖို့အရေးကြီးတယ် ၊ ဒါတွေက သူတို့ကို ဆွဲခေါ်သွားမယ် ၊ သူတို့ကလာနေကြမယ် ၊ ဒါမျိုးတွေတွဲဖက်ပြီးဆောက်ရမယ် ၊ မြန်မာနိုင်ငံမှာက အခုအချိန်အထိ ဒါတွေကရှားပါးနေတယ် ၊ အမှန်ဆိုရင် ဆောက်လုပ်ရေးပညာနဲ့ ဈေးကွက်ကိုဆွဲဆောင်နိုင်ဖို့ ဝန်ဆောင်မူ့တွေ ထည့်သွင်းနိုင်ဖို့လိုတယ် ’ လို့ စီးပွားရေးပညာရှင် ဦးတင်သန်းဦးက ပြောပါတယ်။
အခုနောက်ပိုင်းကွန်ဒိုဆောက်လုပ်မူ့အများစုကတော့ ဈေးကွက်ရှိပြီးသား နေရာမှာဝေးကွက်ရှာတာများပါတယ်။ ရှိပြီးသားနေရာမှာ ရှာတဲ့ဈေးကွက်ကတော့ ထပ်ဖောက်စရာမလိုဘဲဈေးကွက်မှာလည်း အရောင်းတင်လိုက်တာနဲ့ ဈေးနူန်းပါခန့်မှန်းနိုင်ပါတယ်။
Ref : The Modern
Photo Credit : Inflora
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ