By Win Kyaw Kyaw (ShweProperty.com), Shweproperty.com
Updated at 24 May 2018
လူနေအိမ်ခန်းပေါင်း ၁၃၀၀၀ ခန့်တည်ဆောက်မည့် စီမံကိန်းတစ်ခုဖြစ်သည့် AYARWUN-YADANR SMART DISTRICT အိမ်ရာ စီမံကိန်းကိုမြန်မာကျပ်ငွေ ၂၅၀ ဘီလီယံခန့် အကုန်အကျခံကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါစီမံကိန်းသည် ၁၁၀၀ ဧရိယာခန့်ရှိပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ရွှေတောင်ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်းသိရသည်။ ထို့အပြင် စီမံကိန်းသည် ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တည်ရှိပြီး စီမံကိန်း ဧရိယာအတွင်း ခရီးသည်တင် ယာဉ်ရပ်နားစခန်း၊ Shopping Centre များ၊ ဟိုတယ်နှင့် စားသောက်ဆိုင်များ၊ အပန်းဖြေရန်နေရာများကိုလည်း ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်သည်။
စီမံကိန်းမှ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ သွားလျှင် ရှစ်မိုင်ခန့်သာ ကွာဝေးပြီး စီမံကိန်းအတွင်း တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ ကွန်ဒိုမီနီယမ်များ၊ သီးသန့်လုံးချင်း အိမ်ရာများသာမက လူမှုရေးဆိုင်ရာ အဆောက်အဦးများဖြစ်သည့် ကျောင်း၊ ဆေးရုံ၊ စာကြည့်တိုက်၊ ယဉ်ကျေးမှုပြတိုက်များ၊ ရုပ်ရှင်ရုံများ စသည့်မြို့၏ ဖွဲ့စည်းပုံနှင့် အညီလိုအပ်သည့် အဆောက်အအုံများကို ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။
Written By : Win Kyaw Kyaw (ShweProperty.com)
Photo Credit : Webaobo
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ