By 7daydaily, Shweproperty.com
Updated at 25 January 2016
ပြည်ထောင်စုတိုင်းရင်း သားကျေးရွာအတွင်းရှိ ပုဂ္ဂလိက သို့ အငှားချထားသည့် မြေ ၁၀ ဧကနေရာတွင် အလုံပိတ်တဲငယ်များ ဖွင့်လှစ်ထားသဖြင့် ပြန်လည်သိမ်းယူလိုက်ပြီး တာဝန်ရှိသူများကို အရေးယူ ဆောင်ရွက်နေကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေး လက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်သည်။
ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာရှိ အလုံပိတ်တဲငယ်များ တွင် တက္ကသိုလ်ကျောင်းသားများ နှင့် လူငယ်စုံတွဲများ ဝင်ထွက်မှုရှိ နေသဖြင့် မသင့်လျော်ကြောင်း မီဒီယာများ၌ ဖော်ပြခဲ့သဖြင့် ဝန်ကြီးဌာနက တုံ့ပြန်အရေးယူ ခြင်းဖြစ်သည်။
ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာသည် စုစုပေါင်းမြေ ၁၁၇ ဧကရှိပြီး ယခင်နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန လက်ထက်က Fair Trade ကုမ္ပ ဏီသို့ ၁၉၉၉ မှ ၂၀၂၉ အထိ နှစ် ၃၀ အငှားချထားခြင်းဖြစ်သည်။
ခရီးသွားများကို ဆွဲဆောင် နိုင်ရန် မြန်မာ့လက်မှုပြခန်းများ၊ အရောင်းဆိုင်များနှင့်စားသောက် ဆိုင်များကို ပြည်ထောင်စုတိုင်း ရင်းသားကျေးရွာအတွင်း ဖွင့်လှစ် ထားပြီး စားသောက်ဆိုင် ၁၂ ဆိုင်တွင် ခြောက်ဆိုင်သည် အလုံ ပိတ်တဲငယ် ၅၅ လုံး ဖွင့်လှစ်ခဲ့ သဖြင့် မူလရည်ရွယ်ချက်ကို ထိ ခိုက်စေကာဧည့်သည်များကို စိတ် အနှောင့်အယှက်ဖြစ်စေကြောင်း ဖော်ပြထားသည်။
အလုံပိတ်တဲ တစ်လုံးတွင် စားပွဲတစ်လုံး၊ ထိုင်ခုံ လေးလုံး ထည့်သွင်း၍ လူလေးဦး စား သောက်နိုင်ရန် စီစဉ်ထားပြီးအဆို ပါ တဲများ၌ မိသားစုများ၊ စုံတွဲ များ လာရောက်စားသောက်လေ့ ရှိကြောင်း ဖျက်သိမ်းရာတွင်ပါဝင် ခဲ့သော သာကေတမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့မှူးကပြောသည်။
‘‘အများအမြင်မှာတော့ မ သင့်တော်ဘူးပေါ့။ ဒါပေမဲ့ တချို့ တဲတွေက တာလပတ်နဲ့ကာထား တော့ အရှေ့က ဖြတ်လျှောက် သွားရင်ပဲ အထဲကိုကောင်းကောင်း မြင်ရပါတယ်။ အများအမြင်မှာ မ သင့်တော်လို့ ဖျက်ခိုင်းတာပါ။ ဖျက်တယ်ဆိုတာကလည်း ကျေး လက်ဒေသ ဖွံ့ဖြိုးရေးဘက်က ဖျက်တာပါ။ ကျွန်တော်တို့ကသွား ကြည့်ပေးရုံပါပဲ’’ဟု ၎င်းကပြော ကြားသည်။
အလုံပိတ်တဲငယ်များကို ဇန် နဝါရီ ၇ ရက်တွင် ဖျက်သိမ်းခဲ့ပြီး ဌာနဆိုင်ရာက စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ တာဝန်ရှိသူအဆင့်ဆင့် ကို စစ်ဆေးဆောင်ရွက်နေသည်။ ထို့အပြင် ဝန်ကြီးဌာနမှ ငှားရမ်း ထားသော ကုမ္ပဏီနှင့်စားသောက် ဆိုင်ဖွင့်လှစ်နေသူများကို စနစ်တကျဖွင့်လှစ်ရောင်းချရန် ညွှန်ကြား ချက်များ ထုတ်ပြန်ခဲ့ကြောင်း ဝန် ကြီးဌာနမှ သိရသည်။
ပြည်သူများ အပန်းဖြေ အ နားယူရန် နေရာဖြစ်သောကြောင့် ပုဂ္ဂလိကလုပ်ငန်းရှင်များကို လုပ် ကိုင်ခွင့်ပေးရန် အစီအစဉ်မရှိတော့ ဘဲ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန် ကြီးဌာနအစီအစဉ်ဖြင့် နှစ်စဉ် အ ဆင့်မြှင့်တင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန် ထားသည်။
Ref : 7daydaily
Photo Credit : 7daydaily
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ