By Ra Wai, Shweproperty.com
Updated at 18 June 2020
၂၀၁၉-၂၀၂၀တွင် အငြိမ်းစားယူခဲ့သည့် နိုင်ငံ့ဝန်ထမ်းများအတွက် တစ်လလျှင်ငွေကျပ် သုံးသောင်း နှုန်းဖြင့် နေပြည်တော်တွင် တိုက်ခန်းအိမ်ရာများ ငှားရမ်းပေးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
“ငှားရမ်းခ အနေနဲ့ကတော့ ၅ထပ်ဖြစ်တဲ့အတွက် မြေညီထပ်ကို တစ်လလျှင် ငှားရမ်းခသုံးသောင်းနဲ့ တစ်လွှာတစ်လွှာကို တစ်ထောင်လျော့သွားမှာဖြစ်ပါတယ်။ အပေါ်ဆုံးထပ်မှာဆိုရင်တော့ ၂၆၀ဝ၀ နှုန်းနဲ့ ငှားရမ်းခကို သတ်မှတ်ကောက်ခံသွားမှာဖြစ်ပါတယ်”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်ကပြောသည်။
ထိုသို့ ငှားရမ်းရာတွင် စည်းကမ်းချက်အနေဖြင့် အငြိမ်းစားများ၏ နေရာချထားရေးကော်မတီကို ဖွဲ့စည်းပြီး သတ်မှတ်ချက် (၈) ချက်ဖြင့် သတ်မှတ်ထားကြောင်း၊ ငှားရမ်းနေထိုင်ရာတွင် နေထိုင်စရာအခက်အခဲရှိသူများသာ ငှားရမ်းမည်ဖြစ်ကြောင်း သိရသည်။
“ငှားရမ်းခအနေနဲ့ တစ်ကြိမ်ကို ၅ နှစ် သတ်မှတ်ပြီးတော့ ငှားရမ်းခကိုလည်း ၅ နှစ်တစ်ကြိမ် ပြန်လည်သုံးသပ်ပြီးတော့မှ နေရာကိုစီစဉ်ချထားပေးသွားမှာဖြစ်ပါတယ်” ဟု ဦးမင်းထိန် ကပြောသည်။
အငြိမ်းစားအငှားအိမ်ရာသည် အခန်း ၁၂ ခန်းတွင် ၅ ထပ်ပါဝင်ပြီး အခန်းပေါင်း ၃၀ဝ ရှိကြောင်း သိရသည်။ ဇွန် ၁၇ ရက် နေ့လယ်ပိုင်းတွင် အခန်းများအား မဲနှိုက်ရွေးချယ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့် အငြိမ်းစားဝန်ထမ်းအိမ်ရာများ ကို ဘတ်ဂျက်ရှိသလောက် ထပ်မံဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Ref By: Myotaw News
Posted By: Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ