By Ra Wai, Shweproperty.com
Updated at 17 March 2022
ဘယ်လိုနေရာ ဘယ်အခြေအနေမှာဘဲဖြစ်ဖြစ် အနံ့အသက်မကောင်းတဲ့အခါ နေရထိုင်ရတာလည်း ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ အထူးသဖြင့် မီးဖိုချောင်ထဲ နေ့တိုင်းဝင်နေရတဲ့ အိမ်ရှင်မများပါပဲ။ မိသားစုစားဖို့သောက်ဖို့အတွက် မဖြစ်မနေ မီးဖိုချောင်ထဲဝင်ပြီး ချက်ပြုတ်ရပါမယ်ဆိုကာမှ အထားအသိုမှားလို့ဖြစ်ဖြစ် အကြောင်းတစ်မျိုးမျိုးကြောင့် တစ်နေရာရာက အနံ့ဆိုးထွက်နေပြီဆိုရင် ကောင်းကောင်းအလုပ်မလုပ်နိုင်တော့ပါဘူး။ ဒါကြောင့် ကိုယ်နေ့တိုင်းဝင်နေရတဲ့ မီးဖိုချောင်ထဲမှာ အနံ့အသက်ဆိုးတွေ မရှိရလေအောင် အခုဖော်ပြပေးမယ့် နည်းလမ်းကောင်းလေးတွေကို သိထားသင့်ပါတယ်။ ၁။ ကြက်သွန်ဖြူနံ့ အစားအသောက်ထဲမှာ ကြက်သွန်ဖြူပါသွားလို့ ပါးစပ်ထဲမှာ ကြက်သွန်ဖြူနံ့စွဲကျန်နေမှာကို စိုးရိမ်နေရပါသလား။ အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ ပူစီနံအရွက်အနည်းငယ်ကို ဝါးစားပေးလိုက်ပါ။ ကြက်သွန်ဖြူနံ့ ပျောက်ကင်းသွားပါလိမ့်မယ်။ ၂။ ဟင်းချက်အနံ့တွေ မီးဖိုချောင်ထဲမှာ ဟင်းချက်ပါတယ်ဆိုမှတော့ ထမင်းဟင်းအနံ့တွေ သင်းနေတာက လူအများစုအတွက်တော့ ပြဿနာမဟုတ်ပေမယ့် တချို့သူတွေအတွက်ကတော့ စိတ်အနှောင့်ယှက် ဖြစ်စရာပါ။ ဟင်းချက်ပြီးလို့ မီးဖိုချောင်ထဲမှာ အနံ့တွေစွဲကျန်မနေအောင် လိမ္မော်ခွံတွေကို အပူငွေ့ငွေ့လေးကျန်နေတဲ့ မီးဖိုပေါ်တင်ထားပေးလိုက်ပါ။ လိမ္မော်နံ့လေး သင်းပျံ့နေပါလိမ့်မယ်။ ၃။ လက်မှ ငါးညှီနံ့တွေ အသားဟင်းချက်တဲ့ရက်မဟုတ်ဘဲ ငါးဟင်းလေးပြောင်းချက်တဲ့နေ့ကျရင် ငါးကိုင်ပြီးလို့ လက်မှာစွဲကျန်နေတဲ့ ငါးညှီနံ့က ဘယ်လောက်ပဲဆေးဆေး ပြောင်မသွားပါဘူး။ ဒါပေမယ့် ဒီလိုခက်ခဲတဲ့ အခြေအနေအတွက် လွယ်ကူတဲ့ဖြေရှင်းချက် ရှိနေပါတယ်။ ငါးညှီနံ့စွဲနေတဲ့ လက်ကို ဘေစင်၊ သံဇလုံတွေနဲ့ ပွတ်တိုက်ပေးလိုက်ပါ။ ငါးညှီနံ့တွေ ပျောက်သွားပါလိမ့်မယ်။ ၄။ အစားအသောက်ထည့်တဲ့ဘူးတွေ ကော်ဘူးတွေထဲမှာ ဟင်းတွေထည့်ပြီးလို့ ဘယ်လောက်ပဲပြန်ဆေးဆေး အနံ့တွေပျောက်မသွားဘူးဆိုရင် ကော်ဘူးထဲကို ရေနွေးထည့်ပြီး မုန့်ဖုတ်ဆိုဒါ သုံးဇွန်းလောက်ထည့်ပေးလိုက်ပါ။ တစ်ညထားပေးလိုက်ပြီးတော့ နောက်တစ်နေ့မနက်မှာ ဆေးကြောပေးလိုက်ပါ။ အသစ်အတိုင်းဖြစ်သွားပါလိမ့်မယ်။ ၅။ ရေခဲသေတ္တာ ရေခဲသေတ္တာက အနံ့ဆိုးတွေ ထွက်နေပါသလား။ ပထမဦးဆုံးလုပ်ရမှာကတော့ ရေခဲသေတ္တာထဲက ဒိတ်လွန်နေတာတွေ၊ မကောင်းတာတွေကို ဖယ်ထုတ်လိုက်ပြီး ထိုနေရာမှာ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် ဖျန်းပေးလိုက်ပါ။ ပြီးရင် မိုက်ခရိုဖိုက်ဘာ အဝတ်နှင့် သုတ်ပေးလိုက်ပါ။ ရေခဲသေတ္တာထဲက အနံ့တွေ ပျောက်ကင်းသွားပြီး ယခင်ထက်လည်းပိုပြီး သန့်ရှင်းတောက်ပြောင်သွားမှာပါ။ ၆။ ခြစ် အခြားမီးဖိုချောင်သုံးပစ္စည်းတွေ မဆိုထားနဲ့ ခြစ်တောင်မှ အနံ့ဆိုးထွက်နေတယ်ဆိုပါက မီးကင်ထားတဲ့ ပေါင်မုန့်တစ်ချပ် နှစ်ချပ်လောက်ယူပြီး ခြစ်နဲ့ ခြစ်လိုက်ပါ။ ၇။ စဥ့်နီတုံး ပလပ်စတစ်စဥ့်နီတုံးတွေဟာ သုံးစွဲရလွယ်ကူသလောက် အနံ့တွေစွဲထာလည်း လွယ်ကူပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့မီးဖိုချောင်ထဲက ဦးစွာအနေနဲ့ ဆပ်ပြာရည်လေးဝေ့နေတဲ့ ရေနွေးနွေးလေးနဲ့အရင် ဆေးပေးလိုက်ပါ။ ထို့နောက် သံပယိုသီး(လီမွန်)ကို အလယ်ကထက်ခြမ်းခြမ်းကာ စဥ့်နီတုံးမှာ လိုက်ပွတ်ပေးလိုက်ပါ။ ၈။ ပန်းကန်ဆေးဖော့တုံးများ ဟင်းရွက်ပန်းကန်တွေဆေးကြောတဲ့ ဖော့တုံးတွေလည်း အနံ့အသက်မကောင်းတော့ဘူးဆိုပါက မုန့်ဖုတ်ဆိုဒါ စားပွဲတင် ၁ဇွန်း ထည့်ထားတဲ့ ရေနွေးနွေးထဲမှာ တစ်ညစိမ်ထားလိုက်ပါ။ စွဲနေသမျှ အနံ့တွေ အားလုံးကို စုပ်ယူသွားပါလိမ့်မယ်။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ အိမ်သုံး ဓါတုပစ္စည်းများရဲ့ လျို့ဝှက်ချက် သန့်ရှင်းဖို့လိုကို လိုအပ်တဲ့ အိမ်တွင်းပစ္စည်း(၆)မျိုး တရုတ် FENG SHUI (ဖုန်းရွှေ) ပညာအရ သင့်အိမ်ရဲ့အရေးကြီးတဲ့ နေရာများ ပင်စိမ်းပင် အိမ်မှာစိုက်ပျိုးသင့်သော အကြောင်းရင်း Credit By:Greenway Myanmar Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ