By Chan Myae, Shweproperty.com
Updated at 27 May 2022
မနေ့ က ၁၀ မိုင် က ခြံတစ်ခြံမှာ နေတဲ့ အဖိုးကြီး အဖွားကြီး ထံရောက်ခဲ့ပါတယ် ။ အဖွားကြီး က မဒမ်ထူးဆန်းကို ကျေးဇူး တင်ကြောင်းပြောပေးပါဆိုလို့ အံသြခဲ့ရပါတယ် ။ မဒမ်ထူးဆန်း ပေးတဲ့ နည်းနဲ့ ကျွတ်တွေကို နှိမ်နှင်းလို က်တာ အောင်မြင်သွားကြောင်း ၊ အရင်တုန်းက ခြံထဲ ခြေချရမှာ ကြောက်လောက်အောင် ကျွတ်များကြောင်း ၊ အခုတော့ ကျွတ်တွေ မရှိတော့လို့ မဒမ်ကိုကျေးဇူးတင်ကြောင်းပြောပေးပါတဲ့ ။ ကျွန်တော်လည်း အံသြစွာနဲ့ ပြန်ခဲ့ ရပါသည် ။အိမ်ပြန်ရောက်တော့ မဒမ်ထူးဆန်းကို မင်း ပေးထားတဲ့ နည်းလမ်းတွေ နဲ့ အလုပ်ဖြစ်နေတယ် ပြောတယ် ။ ဟုတ်ကော ဟုတ်ရဲ့လားလို့ မယုံသင်္ကာစွာ နဲ့ ပြောမိပါသည် ။ သူကတော့ ယုံချင်ယုံ မယုံချင်နေ သူတို့ ငယ်ငယ်က သူ့ အဖွား လုပ်တဲ့ နည်း အတိုင်း လုပ်တာ ။သူတို့ အိမ်မှာလည်း ကျွတ်တွေ မရှိတော့ တဲ့ အပြင် ဘယ်သူ့ ခြံကို သူ ဘယ်တုန်းကပြောလိုက်လိုံ ဘယ်လို လိုက်လုပ်တဲ့ ခြံတွေမှာ လည်း ကျွတ်အန္တရယ်၊ ဘယ်လို ကင်းဝေးသွားတယ် ဆိုတော့ ကထူးဆန်း စောဒက တက်စရာတော့ မရှိဘူးပေါ့ ။ ဒါနဲ့ ထုံးစံ အတိုင်း ရွာထဲ သတင်းဖြန့်ချင်တာနဲ့ ရေးလိုက်တာပါ ။ယုံတာ မယုံတာ လုပ်တာ မလုပ်တာတော့ up to you ပါ နော် .. နည်းလမ်းက နှစ်ဆန်းတစ်ရက်နေ့မှာ ခြံ ပါတ်ပါတ်လည် ဆား ပက်ပေးပါတဲ့ ။ ပြီး ဘုန်းကြီး ပရိတ်ရွတ်ထားတဲ့ ပရိတ်ရည် နဲ့ ဖြန်းပေးပါတဲ့ ….ဆား ဘယ်လောက် ပရိတ်ရည်ဘယ်လောက် လဲ အထွန့်တက်မေးတော့ ကြည့်ပြီးတော့ မယ်ထင်သလောက်သာ လုပ် ဘာမှ အချိုး အစားတွေ မရှိဘူးတဲ့ ။ ကဲ .. ကိုယ့် ခြံထဲ ကျွတ်တွေ ပေါများ လို့ စိတ်ညစ် နေရင် နှစ်ဆန်း တစ်ရက်နေ့ စောင့် လို့ စမ်းကြည့်ပေါ့ ..ကထူးဆန်းကတော့ တွေးလို့မရဘူး ။ ကျွတ်ဆိုတဲ့ သတ္တဝါက မိုးမှ ထွက်တာ .. နှစ်ဆန်း တစ်ရက် နွေခေါင်ခေါင် ဘယ်ချောင်ရောက်နေမှန်း မသိတဲ့ ကောင်တွေကို အဲ့ဒီ အချိန်မှာ လုပ်တာ လျော့နည်း ပပျောက်စေတယ် ဆိုတော့ …မဒမ်ထူးဆန်းကိုလည်း စောဒက မတက်ရဲ .. ကျေးဇူးတင်ပါတယ် ပြောလိုက်တဲ့ အဖိုးကြီး အဖွားကြီးက လည်း မျက်မြင်ကိုယ်တွေ့ ဆိုတော့ ခေါင်းကုတ်ရုံ ရွာကိုတိုင်တည်ရုံ အပြင် မပိုပါဘူး..အဲ့ဒီ အဖိုးကြီး အဖွားကြီးကဘဲ နောက်ထပ် ခြ နှိမ်နှင်းရေး အတွက် ချွေတာရေးနည်းလမ်းကောင်းပေးလိုက်သေးတယ် ။ ဆပ်ပြာရည်ထဲမှာ ဆနွင်း နဲနဲ ဖျော်ပြီးလောင်း ။ ခြတွေ အတုန်းအရုံး သေဆိုဘဲ ။ မြေပဒေသာ က ဆေးဝယ်စရာ မလို ။ဆပ်ပြာရည်ကိုလည်း သီးသန့် ဖျော်စရာ မလို ။ အဝတ်လျှော်ပြီးထွက်လာတဲ့ ဆပ်ပြာရည်ကို သာ ပြန်ခံသုံးတဲ့ ။ သူ့ခြံထဲက ခြတောင်ပို့တွေလည်း ရေကြည်ရာ မြက်နုရာ ပြေးကုန်ပြီတဲ့ ။ဆိုတော့ up to you နော်ရွှင်လန်းချမ်းမြေ့ပါစေ။ ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ အိမ်တွေထဲမှာပျော်နေတတ်တဲ့ ကြွက်တွေကို သဘာဝနည်းနဲ့ မောင်းထုတ်နည်း အဝတ်လျှော်စက်တွေကို ပျက်စီးစေနိုင်သော အဝတ်လျှော်နည်း အမှား (၇) ခု အိမ်သုံး ဓါတုပစ္စည်းများရဲ့ လျို့ဝှက်ချက် သင့်အိမ်မှာ ဒီအပင်တွေရှိရဲ့လား Credit By :မြန်မာ့မြင်ကွင်းစုံ Posted By : Chan Myae (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ