By pyimyanmar, Shweproperty.com
Updated at 18 June 2014
အိမ်၊ ဆိုင်၊ မြေ ၊ ဂိုဒေါင်၊ စက်ရုံအဆောက်အအုံငှားရမ်းသူများကို တည်ဆဲအခွန်ဥပဒေအရ စတင်အခွန်စည်းကြပ်တော့မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သတင်းရရှိသည်။
အဆောက်အအုံငှားရမ်းသူများကို အခွန်စည်းကြပ်ရာတွင် ကုန်သွယ်လုပ်ငန်းခွန်ဖြင့် အခွန်စည်းကြပ်မည်ဖြစ်ပြီး ယခင်ကအခွန်မကျသင့်သည့် ဝန်ဆောင်မှုလုပ်ငန်းများတွင် အိမ်ငှားရမ်းခြင်းဝန်ဆောင်မှု လုပ်ငန်းပါဝင်ခဲ့သော်လည်း ယခုအခါ စီးပွားရေးအဆောက်အအုံ ငှားရမ်းသူများကို အခွန်စည်းကြပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ပြည်တွင်းအခွန်များဦးစီးဌာန၊ ကုမ္ပဏီများဆိုင်ရာအခွန်ရုံးမှညွှန်ကြားရေးမှူး ဦးတင်ထွန်းနိုင်က "နိုင်ငံတော်အစိုးရက သတ်မှတ်ထားတဲ့အခွန်မကျသင့်တဲ့ ဝန်ဆောင်မှုအမျိုးအစား ၂၆ ခုထဲမှာ အိမ်ငှားရမ်းခြင်း ဝန်ဆောင်မှုလုပ်ငန်းပါဝင်ပေမယ့် စီးပွားဖြစ်ငှားရမ်းတဲ့သူတွေကိုတော့ အခွန်ကောက်ခံမှာဖြစ်ပြီး ဒီလုပ်ငန်းကရရှိတဲ့ ဝင်ငွေအပေါ်မှာ ငါးရာခိုင်နှုန်းကုန်သွယ်လုပ်ငန်းခွန်အနေနဲ့ ကောက်ခံသွား မှာပါ" ဟုဆိုသည်။
ပြည်တွင်းအခွန်များ ဦးစီးဌာနအနေဖြင့်လည်း အိမ်၊ ဆိုင်၊ မြေ၊ ဂိုထောင်၊ စက်ရုံ၊ အဆောက်အအုံများငှားရမ်းခြင်းဖြင့် ရရှိသောဝင်ငွေများသည် တည်ဆဲအခွန် ဥပဒေအရ အခွန်စည်းကြပ်ရန်အတွက် ထည့်သွင်းစဉ်းစားသော ဝင်ငွေအမျိုးအစားတွင် ပါဝင်လျှက်ရှိခြင်းကြောင့် ထိုလုပ်ငန်းမှ ဝင်ငွေရရှိသူများအနေဖြင့် ငှားရမ်းသည့်အဆောက်အအုံနှင့် မြေတည်ရှိရာလိပ်စာ၊ ပိုင်ရှင်အမည်၊ နေရပ် နှင့် တယ်လီဖုန်းအမှတ်၊ ငှားရမ်းယူသူအမည်၊ ငှားရမ်းသည့်ကာလ၊ တစ်လငှားရမ်းခ စသည့်အချက်အလက်များကို သက်ဆိုင်ရာမြို့နယ် အခွန်ဦးစီးဌာနသို့ တင်ပြရန်နှိုးဆော်ထားသည်။
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ